ဒါလော့ရဲ့ကျောနံပါတ်နဲ့ ဒါလော့ရဲ့ပြောစကားများ……..

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

ဒါလော့ဟာ ၂၀၁၈ နွေရာသီအပြောင်းအရွှေ့မှာ ပေါ်တိုကနေ တစ်နိုင်ငံတည်းသား နည်းပြမော်ရင်ဟိုရဲ့ ခေါ်ယူမှုကနေတစ်ဆင့် ယူနိုက်တက်ထံရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒါ့လော့အဖို့ ဒဏ်ရာ ပြဿနာတွေ နဲ့ ကြုံတွေ့ခဲ့ရတာကြောင့် အသင်းနဲ့အတူ ကြီးမားတဲ့ ပါဝင်ပတ်သက်မှုမျိုး မရှိခဲ့သေးပါဘူး။ ဒါလော့ဟာ မော်ရင်ဟို ခေါ်ယူခဲ့တဲ့ ကစားသမားဖြစ်ပေမယ့်လည်း ယခုလက်ရှိဝတ်ဆင်နေတဲ့ ကျောနံပါတ် ၂၀ ကိုရယူဖြစ်တဲ့ ဆုံးဖြတ်ချက်ကတော့ လက်ရှိနည်းပြဆိုးလ်ရှားရဲ့ အားပေးလှုံ့ဆော်မှု ကြောင့်လို့ဆိုပါတယ်။ အဲဒီနံပါတ်ဟာ သူဦးစားပေး လိုချင်ခဲ့တဲ့ နံပါတ်မဟုတ်ခဲ့ပေမယ့် ဂန္တဝင်ကစားသမားဖြစ်တဲ့ ဆိုးလ်ရှားနဲ့ ဗန်ပါစီတို့ ဝတ်ဆင်ခဲ့တာကြောင့် နှစ်သက်တယ် လို့လည်း ပြောပါသေးတယ်။

photo internet

“ကျွန်တော်အသင်းနဲ့ သဘောတူညီချက်ရပြီးတဲ့နောက်မှာ နံပါတ်ကိုရှာဖွေခဲ့ပါတယ်။ လင်ဒီလော့ဖ်က နံပါတ် (၂)ကို ယူခဲ့တာကြောင့် ကျွန်တော် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ကျန်တဲ့အထဲကပဲ ရွေးရတော့တာပေါ့။ ၂၂ နဲ့ ၂၀ ကို ရခဲ့ပါတယ်။ အဲဒီမှာ ရိုမဲရိုးက နံပါတ် ၂၂ ကို လိုချင်ခဲ့တာလေ။ ဒါကြောင့်ကျွန်တော်က နံပါတ်၂၀ ကို ဝတ်ဆင်ခဲ့တာပါ။ အဲဒီအချိန်က ကျွန်တော်ဟာ အသက် (၂၀) ပဲရှိပါသေးတယ်။ ပြီးတော့ ယူနိုက်တက်၊ ၂၀ကြိမ် ဆိုတဲ့ သီချင်းကလည်း ကျော်ကြားခဲ့တယ်လေ။ ကျွန်တော့်ရွေးချယ်မှုအတွက် နည်းနည်းတော့ကြိုက်ပါတယ်။ ဒီနံပါတ်က ဆိုးလ်ရှားနဲ့ ဗန်ပါစီတို့ ဝတ်ဆင်ခဲ့တဲ့ အသင်းဂန္တဝင်နံပါတ် တစ်ခုဖြစ်ခဲ့တာကြောင့်ပါ။ ” ဆိုပြီး ဒါလော့က ပြောပါတယ်။

photo internet

ဒါ့အပြင်ဒါလော့ဟာ အသင်းဖော် ဖာနန်ဒက်စ်ကိုလည်း ချီးကျူးစကားပြောထားပါသေးတယ်။
“ဘရူနိုဖာနန်ဒက်စ်ဟာ တကယ်ထူးချွန်တဲ့ကစားသမားတစ်ယောက်ပါ။ သူ့ရဲ့စွမ်းဆောင်ရည်က မယုံနိုင်စရာ ကောင်းလွန်းနေပါတယ်။ သူဟာ ကွင်းလယ်နဲ့တိုက်စစ်ကို အကောင်းဆုံးဦးဆောင်မှုပေးနိုင်တဲ့၊ အသင်းဖော်တွေကို ပိုမိုကောင်းမွန်စေတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ အီတလီ၊ ပေါ်တူဂီတို့မှာ ကစားခဲ့ဖူးလို့ ထိုက်သင့်တဲ့အတွေ့အကြုံတွေ ရှိထားပြီးဖြစ်သလို စပို့တင်းလစ္စဘွန်းမှာ အသင်းခေါင်းဆောင်ဖြစ်ခဲ့တော့ ဦးဆောင်မှုစွမ်းရည်ကလည်း ပြောစရာမရှိပါဘူး။

photo internet

လတ်တလောမှာ အကောင်းဆုံးခြေစွမ်းပြနိုင်သလို သူ ဒီထက်ပိုကောင်းလာဦးမယ်လို့လည်း ကျွန်တော် ယုံကြည်ထားပါတယ်။ လက်ရှိခြေစွမ်းကိုသာ ဆက်လက်ထိန်းသိမ်းထားမယ်ဆိုရင် ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းရဲ့ ဂန္တဝင်တစ်ယောက်ဖြစ်လာမှာပါ” လို့ ဒါလော့က ပြောပါတယ်။

photo internet

(Zawgyi Version)

ဒါေလာ့ရဲ႕ေက်ာနံပါတ္နဲ႔ ဒါေလာ့ရဲ႕ေျပာစကားမ်ား……..

ဒါေလာ့ဟာ ၂၀၁၈ ေႏြရာသီအေျပာင္းအေရႊ႕မွာ ေပၚတိုကေန တစ္ႏိုင္ငံတည္းသား နည္းျပေမာ္ရင္ဟိုရဲ႕ ေခၚယူမႈကေနတစ္ဆင့္ ယူႏိုက္တက္ထံေရာက္ရွိခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဒါ့ေလာ့အဖို႔ ဒဏ္ရာ ျပႆနာေတြ နဲ႔ ၾကဳံေတြ႕ခဲ့ရတာေၾကာင့္ အသင္းနဲ႔အတူ ႀကီးမားတဲ့ ပါ၀င္ပတ္သက္မႈမ်ိဳး မရွိခဲ့ေသးပါဘူး။ ဒါေလာ့ဟာ ေမာ္ရင္ဟို ေခၚယူခဲ့တဲ့ ကစားသမားျဖစ္ေပမယ့္လည္း ယခုလက္ရွိ၀တ္ဆင္ေနတဲ့ ေက်ာနံပါတ္ ၂၀ ကိုရယူျဖစ္တဲ့ဆုံးျဖတ္ခ်က္ကေတာ့ လက္ရွိနည္းျပဆိုးလ္ရွားရဲ႕ အားေပးလႈံ႔ေဆာ္မႈ ေၾကာင့္လို႔ဆိုပါတယ္။ အဲဒီနံပါတ္ဟာ သူဦးစားေပး လိုခ်င္ခဲ့တဲ့ နံပါတ္မဟုတ္ခဲ့ေပမယ့္ ဂႏၲ၀င္ကစားသမားျဖစ္တဲ့ ဆိုးလ္ရွားနဲ႔ ဗန္ပါစီတို႔ ၀တ္ဆင္ခဲ့တာေၾကာင့္ ႏွစ္သက္တယ္ လို႔လည္း ေျပာပါေသးတယ္။ “ကၽြန္ေတာ္အသင္းနဲ႔ သေဘာတူညီခ်က္ရၿပီးတဲ့ေနာက္မွာ နံပါတ္ကိုရွာေဖြခဲ့ပါတယ္။ လင္ဒီေလာ့ဖ္က နံပါတ္ (၂)ကို ယူခဲ့တာေၾကာင့္ ကၽြန္ေတာ္ စိတ္မေကာင္းျဖစ္ခဲ့ရပါတယ္။ က်န္တဲ့အထဲကပဲ ေရြးရေတာ့တာေပါ့။ ၂၂ နဲ႔ ၂၀ ကို ရခဲ့ပါတယ္။ အဲဒီမွာ ႐ိုမဲ႐ိုးက နံပါတ္ ၂၂ ကို လိုခ်င္ခဲ့တာေလ။ ဒါေၾကာင့္ကၽြန္ေတာ္က နံပါတ္၂၀ ကို ၀တ္ဆင္ခဲ့တာပါ။ အဲဒီအခ်ိန္က ကၽြန္ေတာ္ဟာ အသက္ (၂၀) ပဲရွိပါေသးတယ္။ ၿပီးေတာ့ ယူႏိုက္တက္၊ ၂၀ႀကိမ္ ဆိုတဲ့ သီခ်င္းကလည္း ေက်ာ္ၾကားခဲ့တယ္ေလ။ ကၽြန္ေတာ့္ေရြးခ်ယ္မႈအတြက္ နည္းနည္းေတာ့ႀကိဳက္ပါတယ္။ ဒီနံပါတ္က ဆိုးလ္ရွားနဲ႔ ဗန္ပါစီတို႔ ၀တ္ဆင္ခဲ့တဲ့ အသင္းဂႏၲ၀င္နံပါတ္ တစ္ခုျဖစ္ခဲ့တာေၾကာင့္ပါ။ ” ဆိုၿပီး ဒါေလာ့က ေျပာပါတယ္။
ဒါ့အျပင္ဒါေလာ့ဟာ အသင္းေဖာ္ ဖာနန္ဒက္စ္ကိုလည္း ခ်ီးက်ဴးစကားေျပာထားပါေသးတယ္။
“ဘ႐ူႏိုဖာနန္ဒက္စ္ဟာ တကယ္ထူးခြၽန္တဲ့ကစားသမားတစ္ေယာက္ပါ။ သူ႔ရဲ႕စြမ္းေဆာင္ရည္က မယုံႏိုင္စရာ ေကာင္းလြန္းေနပါတယ္။ သူဟာ ကြင္းလယ္နဲ႔တိုက္စစ္ကို အေကာင္းဆုံးဦးေဆာင္မႈေပးႏိုင္တဲ့၊ အသင္းေဖာ္ေတြကို ပိုမိုေကာင္းမြန္ေစတဲ့ ကစားသမားတစ္ေယာက္ ျဖစ္ပါတယ္။ အီတလီ၊ ေပၚတူဂီတို႔မွာ ကစားခဲ့ဖူးလို႔ ထိုက္သင့္တဲ့အေတြ႕အႀကဳံေတြ ရွိထားၿပီးျဖစ္သလို စပို႔တင္းလစၥဘြန္းမွာ အသင္းေခါင္းေဆာင္ျဖစ္ခဲ့ေတာ့ ဦးေဆာင္မႈစြမ္းရည္ကလည္း ေျပာစရာမရွိပါဘူး။ လတ္တေလာမွာ အေကာင္းဆုံးေျခစြမ္းျပႏိုင္သလို သူ ဒီထက္ပိုေကာင္းလာဦးမယ္လို႔လည္း ကြၽန္ေတာ္ ယုံၾကည္ထားပါတယ္။ လက္ရွိေျခစြမ္းကိုသာ ဆက္လက္ထိန္းသိမ္းထားမယ္ဆိုရင္ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ အသင္းရဲ႕ ဂႏၲဝင္တစ္ေယာက္ျဖစ္လာမွာပါ” လို႔ ဒါေလာ့က ေျပာပါတယ္။