ဒါဘီအသင်း ၂၁ မှတ်အထိလျှော့ချခံလိုက်ရပေမယ့် နည်းပြအဖြစ်ဆက်ရှိနေမယ့် ဝိန်းရူနီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံရှစ်ပြိုင်ပွဲဝင်အသင်းတစ်ခုဖြစ်တဲ့ ဒါဘီကောင်တီအသင်းဟာ စည်းမျဥ်းတွေကိုချိုးဖောက်ခဲ့မှုကြောင့် ၂၁ မှတ်အထိလျှော့ချခံခဲ့ရပေမယ့် နည်းပြဝိန်းရူနီဟာအသင်းကိုဆက်လက်တာဝန်ယူသွားမှာဖြစ်ကြောင်း သိရပါတယ်။

ဒါဘီအသင်းဟာပြီးခဲ့တဲ့နှစ်တွေက ပရီးမီးယားလိဂ်ကိုတက်ရောက်နိုင်ဖို့ရည်ရွယ်ပြီး စည်းမျဥ်းတွေကိုချိုးဖောက်ကာငွေအသုံးကြမ်းခဲ့တဲ့အပြင် ကစားသမားတွေကိုလည်း လစာအချိန်မီမပေးနိုင်လို့ အခုလိုပြစ်ဒဏ်ချမှတ်ခံလိုက်ရတာဖြစ်ပါတယ်။

သူတို့ဟာဘောလုံးလိဂ်အဖွဲ့ချုပ်(FFP) ကချမှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဥ်းကိုချိုးဖောက်ပြီးပြဿနာကြုံခဲ့ရတဲ့အတွက် အုပ်ချုပ်မှုပိုင်းဆိုင်ရာအပြောင်းအလဲခံခဲ့ရပြီး ၁၂ မှတ်လျှော့ချခံရပြီး ဖြစ်ပါတယ်။

မနေ့တုန်းကလည်း ဘဏ္ဍာရေးမျှခြေရှိမှုဆိုင်ရာစည်းမျမျဥ်းချိုးဖောက်ခဲ့မှုအတွက်နောက်ထပ် ၉ မှတ်ထပ်လျှော့ခံခဲ့ရလို့စုစုပေါင်း ၂၁ မှတ်ရှိသွားတာပါ။

ဒီပြစ်ဒဏ်တွေကြောင့် ဒါဘီဟာချန်ပီယံရှစ်အမှတ်ပေးဇယားမှာ -၃ မှတ်နဲ့အောက်ဆုံးကိုရောက်ရှိနေပြီဖြစ်ပါတယ်။

ဒါ့အပြင်နောက်ထပ် ၃ မှတ်စီလျှော့ချခံရနိုင်တဲ့ စွဲချက် ၂ ခုနဲ့လည်းဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

အခုအခြေအနေကြောင့် ဒါဘီအသင်းဟာ ချန်ပီယံရှစ်မှာဆက်လက်ရပ်တည်ဖို့ အရမ်းကိုခက်ခဲသွားပြီး ၁၉၈၆ နောက်ပိုင်းမှာပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်တတိယတန်းဖြစ်တဲ့ လိဂ် ၁ ကိုဆင်းရမယ့်အရေးနဲ့ နီးစပ်နေပါတယ်။

ဒါဘီဟာ -၃ မှတ်ဖြစ်သွားတာကြောင့် ၁၇ ပွဲကစားပြီးချိန်မှာ တန်းမဆင်းရဖို့အတွက် ၁၈ မှတ်ထပ်ရဖို့ မဖြစ်မနေလိုအပ်နေပါတယ်။

ရူနီဟာပြီးခဲ့တဲ့ တစ်နှစ်ကဒါဘီရဲ့ယာယီနည်းပြအဖြစ်စတင်တာဝန်ယူခဲ့သူဖြစ်ကာ ပြီးခဲ့တဲ့ ရာသီကတန်းမဆင်းရဖို့ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အခုလိုပြစ်ဒဏ်ချမှတ်ခံခဲ့ရပေမယ့် ရူနီဟာပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကအသင်းရဲ့လေ့ကျင့်ခန်းတွေကိုဆက်လက်တာဝန်ယူနေပြီး ခက်ခဲတဲ့အခြေအနေမှာအသင်းကိုစွန့်သွားမှာ မဟုတ်ဘူးလို့လည်းဆိုခဲ့ပါတယ်။

အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ရူနီဟာ ဒါဘီကစားသမားတွေရဲ့ယုံကြည်မှုကိုလည်း ရယူနိုင်ခဲ့သူဖြစ်ပြီး အသင်းကိုတန်းမဆင်းရစေဖို့ အစွမ်းကုန်ကြိုးစားပေးဖို့ ဆုံးဖြတ်ထားကြောင်းလည်း သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒါဘီအသင္း ၂၁ မွတ္အထိေလွ်ာ့ခ်ခံလိုက္ရေပမယ့္ နည္းျပအျဖစ္ဆက္ရွိေနမယ့္ ဝိန္း႐ူနီ

ခ်န္ပီယံရွစ္ၿပိဳင္ပြဲဝင္အသင္းတစ္ခုျဖစ္တဲ့ ဒါဘီေကာင္တီအသင္းဟာ စည္းမ်ဥ္းေတြကိုခ်ိဳးေဖာက္ခဲ့မႈေၾကာင့္ ၂၁ မွတ္အထိေလွ်ာ့ခ်ခံခဲ့ရေပမယ့္ နည္းျပဝိန္း႐ူနီဟာအသင္းကိုဆက္လက္တာဝန္ယူသြားမွာျဖစ္ေၾကာင္း သိရပါတယ္။

ဒါဘီအသင္းဟာၿပီးခဲ့တဲ့ႏွစ္ေတြက ပရီးမီးယားလိဂ္ကိုတက္ေရာက္ႏိုင္ဖို႔ရည္႐ြယ္ၿပီး စည္းမ်ဥ္းေတြကိုခ်ိဳးေဖာက္ကာေငြအသုံးၾကမ္းခဲ့တဲ့အျပင္ ကစားသမားေတြကိုလည္း လစာအခ်ိန္မီမေပးႏိုင္လို႔ အခုလိုျပစ္ဒဏ္ခ်မွတ္ခံလိုက္ရတာျဖစ္ပါတယ္။

သူတို႔ဟာေဘာလုံးလိဂ္အဖြဲ႕ခ်ဳပ္(FFP) ကခ်မွတ္ထားတဲ့ ဘ႑ာေရးစည္းမ်ဥ္းကိုခ်ိဳးေဖာက္ၿပီးျပႆနာႀကဳံခဲ့ရတဲ့အတြက္ အုပ္ခ်ဳပ္မႈပိုင္းဆိုင္ရာအေျပာင္းအလဲခံခဲ့ရၿပီး ၁၂ မွတ္ေလွ်ာ့ခ်ခံရၿပီး ျဖစ္ပါတယ္။

မေန႔တုန္းကလည္း ဘ႑ာေရးမွ်ေျခရွိမႈဆိုင္ရာစည္းမ်မ်ဥ္းခ်ိဳးေဖာက္ခဲ့မႈအတြက္ေနာက္ထပ္ ၉ မွတ္ထပ္ေလွ်ာ့ခံခဲ့ရလို႔စုစုေပါင္း ၂၁ မွတ္ရွိသြားတာပါ။

ဒီျပစ္ဒဏ္ေတြေၾကာင့္ ဒါဘီဟာခ်န္ပီယံရွစ္အမွတ္ေပးဇယားမွာ -၃ မွတ္နဲ႔ေအာက္ဆုံးကိုေရာက္ရွိေနၿပီျဖစ္ပါတယ္။ ဒါ့အျပင္ေနာက္ထပ္ ၃ မွတ္စီေလွ်ာ့ခ်ခံရႏိုင္တဲ့ စြဲခ်က္ ၂ ခုနဲ႔လည္းဆက္လက္ရင္ဆိုင္ေနရဆဲျဖစ္ပါတယ္။

အခုအေျခအေနေၾကာင့္ ဒါဘီအသင္းဟာ ခ်န္ပီယံရွစ္မွာဆက္လက္ရပ္တည္ဖို႔ အရမ္းကိုခက္ခဲသြားၿပီး ၁၉၈၆ ေနာက္ပိုင္းမွာပထမဆုံးအႀကိမ္အျဖစ္ အဂၤလန္တတိယတန္းျဖစ္တဲ့ လိဂ္ ၁ ကိုဆင္းရမယ့္အေရးနဲ႔ နီးစပ္ေနပါတယ္။

ဒါဘီဟာ -၃ မွတ္ျဖစ္သြားတာေၾကာင့္ ၁၇ ပြဲကစားၿပီးခ်ိန္မွာ တန္းမဆင္းရဖို႔အတြက္ ၁၈ မွတ္ထပ္ရဖို႔ မျဖစ္မေနလိုအပ္ေနပါတယ္။ ႐ူနီဟာၿပီးခဲ့တဲ့ တစ္ႏွစ္ကဒါဘီရဲ႕ယာယီနည္းျပအျဖစ္စတင္တာဝန္ယူခဲ့သူျဖစ္ကာ ၿပီးခဲ့တဲ့
ရာသီကတန္းမဆင္းရဖို႔ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

အခုလိုျပစ္ဒဏ္ခ်မွတ္ခံခဲ့ရေပမယ့္ ႐ူနီဟာၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ကအသင္းရဲ႕ေလ့က်င့္ခန္းေတြကိုဆက္လက္တာဝန္ယူေနၿပီး ခက္ခဲတဲ့အေျခအေနမွာအသင္းကိုစြန႔္သြားမွာ မဟုတ္ဘူးလို႔လည္းဆိုခဲ့ပါတယ္။ အသက္ ၃၆ ႏွစ္ရွိၿပီျဖစ္တဲ့ ႐ူနီဟာ ဒါဘီကစားသမားေတြရဲ႕ယုံၾကည္မႈကိုလည္း ရယူႏိုင္ခဲ့သူျဖစ္ၿပီး အသင္းကိုတန္းမဆင္းရေစဖို႔ အစြမ္းကုန္ႀကိဳးစားေပးဖို႔ ဆုံးျဖတ္ထားေၾကာင္းလည္း သိရပါတယ္။