ဒါဘီရဲ့ တစ်ဦးတည်းသော ယာယီနည်းပြဖြစ်လာခဲ့တဲ့ မန်ယူပရိသတ်အချစ်တော် ဝိန်းရူနီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒါဘီအသင်းဟာ နည်းပြ ၄ ဦးကိုယာယီနည်းပြအဖွဲ့အဖြစ်တာဝန်ပေးထားရာကနေ ရူနီတစ်ဦးတည်းကိုသာ ယာယီနည်းပြအဖြစ်တာဝန်ပေးလိုက်တယ်လို့ သိရပါတယ်။

ဒါဘီဟာအခုလအစောပိုင်းက နည်းပြကိုကူးကို ရာထူးကနေထုတ်ပယ်လိုက်ပြီးနောက် ကစားသမား/ယာယီနည်းပြ အဖြစ်ပူးတွဲတာဝန်ယူနေတဲ့ ရူနီ၊ လီယမ်ရို့စ်နီယာ၊ ရှေးဂစ်ဗင်နဲ့ ဂျက်စတင်ဝေါ်လ်ကာ တို့ကိုပူးတွဲပြီး ယာယီနည်းပြအဖွဲ့အဖြစ်တာဝန်ပေးအပ်ခဲ့တာပါ။

ဒါပေမယ့်အင်္ဂလန်နည်းပြဟောင်း စတိဗ်မက္ကလာရင်တစ်ယောက် ဒါဘီရဲ့နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ယူပြီးနောက်မှာ အပြောင်းအလဲတွေဖြစ်သွားတာပါ။

ဒါဘီဟာ ဗုဒ္ဓဟူးနေ့က မစ်ဒယ်ဘရော့ကို ၃-၀ နဲ့ရှုံးနိမ့်ပြီးနောက် မက္ကလာရင်က နည်းပြတွေပေါင်းပြီးအဖွဲ့လိုက်တာဝန်ယူတာဟာ အလုပ်မဖြစ်လို့တစ်ဦးတည်းကို တာဝန်ပေးဖို့အကြံပြုခဲ့ပြီးနောက် နည်းပြအဖွဲ့အတွင်း ပုံရိပ်ကောင်းတဲ့အပြင် ဦးဆောင်နိုင်သူလည်းဖြစ်တဲ့ ရူနီကိုတစ်ဦးတည်းကိုသာ တဝန်ပေးလိုက်တာဖြစ်ပါတယ်။

ရူနီဟာ ဒီတာဝန်ကြောင့် စနေနေ့မှာ ဒါဘီနဲ့ကစားရမယ့်ပွဲမှာ လုံးဝ ဝင်ကစားတော့မှာမဟုတ်ဘူးလို့လည်း သိရပါတယ်။

ဒါဘီဟာ ဒီရာသီချန်ပီယံရှစ် ၁၃ ပွဲမှာတစ်ပွဲသာနိုင်ခဲ့ပြီးနောက် အမှတ်ပေးဇယားအောက်ဆုံးကိုရောက်ရှိနေတာပါ။

အသက် ၃၅ နှစ်ရှိတဲ့ အဲဒီမန်ယူတိုက်စစ်မှူးဟောင်းဟာ အင်္ဂလန်အတွက်ရော မန်ယူအတွက်ပါဂိုးအများဆုံးသွင်းသူဖြစ်ခဲ့ပြီး ဒါဘီရဲ့အမြဲတမ်းနည်းပြ ဖြစ်လိုတယ်လို့ထုတ်ဖော်ပြောကြားထားဘူးပါတယ်။

ဒါဘီဟာ ရူနီတစ်ဦးတည်းကိုတာဝန်ပေးခဲ့ပေမယ့် အမြဲတမ်းနည်းပြသစ်ဖြစ်လာဖို့အတွက်တော့ မသေချာသေးဘူးလို့လည်းဆိုပါတယ်။ အက်စတွန်ဗီလာရဲ့ လက်ထောက်နည်းပြဖြစ်တဲ့ ဂျွန်တယ်ရီကလည်း ဒါဘီနည်းပြဖြစ်လာနိုင်တယ်ဆိုပြီး သတင်းထွက်ပေါ်နေပါတယ်။

ဒါဘီပိုင်ရှင် မဲလ်မောရစ္စ ဟာသူ့အသင်းကို ယူအေအီးစော်ဘွား ရှိတ်ခါလတ် ဆီကိုရောင်းချဖို့ သဘောတူထားပြီး အပြီးသတ်ရောင်းချမှုဖြစ်ပြီးမှသာလျင် နည်းပြသစ်ရာထူးအတွက် ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒါဘီရဲ႕ တစ္ဦးတည္းေသာ ယာယီနည္းျပျဖစ္လာခဲ့တဲ့ မန္ယူပရိသတ္အခ်စ္ေတာ္ ဝိန္း႐ူနီ

ဒါဘီအသင္းဟာ နည္းျပ ၄ ဦးကိုယာယီနည္းျပအဖြဲ႕အျဖစ္တာဝန္ေပးထားရာကေန ႐ူနီတစ္ဦးတည္းကိုသာ ယာယီနည္းျပအျဖစ္တာဝန္ေပးလိုက္တယ္လို႔ သိရပါတယ္။

ဒါဘီဟာအခုလအေစာပိုင္းက နည္းျပကိုကူးကို ရာထူးကေနထုတ္ပယ္လိုက္ၿပီးေနာက္ ကစားသမား/ယာယီနည္းျပ အျဖစ္ပူးတြဲတာဝန္ယူေနတဲ့ ႐ူနီ၊ လီယမ္႐ို႕စ္နီယာ၊ ေရွးဂစ္ဗင္နဲ႔ ဂ်က္စတင္ေဝၚလ္ကာ တို႔ကိုပူးတြဲၿပီး ယာယီနည္းျပအဖြဲ႕အျဖစ္တာဝန္ေပးအပ္ခဲ့တာပါ။

ဒါေပမယ့္အဂၤလန္နည္းျပေဟာင္း စတိဗ္မကၠလာရင္တစ္ေယာက္ ဒါဘီရဲ႕နည္းစနစ္ဒါ႐ိုက္တာအျဖစ္ တာဝန္ယူၿပီးေနာက္မွာ အေျပာင္းအလဲေတြျဖစ္သြားတာပါ။ ဒါဘီဟာ ဗုဒၶဟူးေန႔က မစ္ဒယ္ဘေရာ့ကို ၃-၀ နဲ႔ရႈံးနိမ့္ၿပီးေနာက္ မကၠလာရင္က နည္းျပေတြေပါင္းၿပီးအဖြဲ႕လိုက္တာဝန္ယူတာဟာ အလုပ္မျဖစ္လို႔တစ္ဦးတည္းကို တာဝန္ေပးဖို႔အႀကံျပဳခဲ့ၿပီးေနာက္ နည္းျပအဖြဲ႕အတြင္း ပုံရိပ္ေကာင္းတဲ့အျပင္ ဦးေဆာင္ႏိုင္သူလည္းျဖစ္တဲ့ ႐ူနီကိုတစ္ဦးတည္းကိုသာ တဝန္ေပးလိုက္တာျဖစ္ပါတယ္။

႐ူနီဟာ ဒီတာဝန္ေၾကာင့္ စေနေန႔မွာ ဒါဘီနဲ႔ကစားရမယ့္ပြဲမွာ လုံးဝ ဝင္ကစားေတာ့မွာမဟုတ္ဘူးလို႔လည္း သိရပါတယ္။ ဒါဘီဟာ ဒီရာသီခ်န္ပီယံရွစ္ ၁၃ ပြဲမွာတစ္ပြဲသာႏိုင္ခဲ့ၿပီးေနာက္ အမွတ္ေပးဇယားေအာက္ဆုံးကိုေရာက္ရွိေနတာပါ။ အသက္ ၃၅ ႏွစ္ရွိတဲ့ အဲဒီမန္ယူတိုက္စစ္မႉးေဟာင္းဟာ အဂၤလန္အတြက္ေရာ မန္ယူအတြက္ပါဂိုးအမ်ားဆုံးသြင္းသူျဖစ္ခဲ့ၿပီး ဒါဘီရဲ႕အၿမဲတမ္းနည္းျပ ျဖစ္လိုတယ္လို႔ထုတ္ေဖာ္ေျပာၾကားထားဘူးပါတယ္။ ဒါဘီဟာ ႐ူနီတစ္ဦးတည္းကိုတာဝန္ေပးခဲ့ေပမယ့္ အၿမဲတမ္းနည္းျပသစ္ျဖစ္လာဖို႔အတြက္ေတာ့ မေသခ်ာေသးဘူးလို႔လည္းဆိုပါတယ္။ အက္စတြန္ဗီလာရဲ႕ လက္ေထာက္နည္းျပျဖစ္တဲ့ ဂၽြန္တယ္ရီကလည္း ဒါဘီနည္းျပျဖစ္လာႏိုင္တယ္ဆိုၿပီး သတင္းထြက္ေပၚေနပါတယ္။

ဒါဘီပိုင္ရွင္ မဲလ္ေမာရစၥ ဟာသူ႔အသင္းကို ယူေအအီးေစာ္ဘြား ရွိတ္ခါလတ္ ဆီကိုေရာင္းခ်ဖို႔ သေဘာတူထားၿပီး အၿပီးသတ္ေရာင္းခ်မႈျဖစ္ၿပီးမွသာလ်င္ နည္းျပသစ္ရာထူးအတြက္ ဆုံးျဖတ္သြားမွာျဖစ္ပါတယ္။