ဒါဘီပွဲဦးထွက်မှာ ဂိုးဖန်တီးပေးခဲ့ပြီးနောက် ပွဲတိုင်းကစားချင်တယ်လို့ ဆိုလိုက်တဲ့ ရွန်းနီ

photo-daily mail

photo-gettyimages

မန်ယူတိုက်စစ်မှုးဟောင်းရွန်းနီဟာ အင်္ဂလိပ်ဘောလုံးလောကက သူ့ရဲ့တစ်ကျော့ပြန်ပွဲဦးထွက်မှာ ဒါဘီအသင်းအနိုင်ရအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် သူ့အနေနဲ့ ပွဲတိုင်းကစားလိုကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘန်စလေကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ရွန်းနီဟာ ချန်ပီယံရှစ်ကလပ်ဒါဘီအတွက် ပွဲဦးထွက်ကစားပေးခဲ့တာဖြစ်ပြီး ဒါဘီရဲ့အဖွင့်ဂိုးအတွက် သူ့ရဲ့ဖရီးကစ်ကစ်ကတစ်ဆင့် ဂိုးဖန်တီးပေးခဲ့ပါတယ်။ ဒါ့အပြင် ဒါဘီအသင်းရခဲ့တဲ့ဒုတိယဂိုးမှာလည်း အမြင့်ဘောပေးပို့မှုနဲ့အတူ တစ်စိတ်တစ်ပိုင်းပါဝင်ပတ်သက်ခဲ့ပါတယ်။

photo-gettyimages

အသက် ၃၄ နှစ်အရွယ် အဲဒီအင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဟာ ပြီးခဲ့တဲ့သြဂုတ်ကကတည်းက ကစားသမားနည်းပြအဖြစ် ၁၈ လစာချုပ်နဲ့ ဒါဘီနဲ့စာချုပ်ခဲ့တာဖြစ်ပေမယ့် အခုဇန်နဝါရီရောက်မှသာ စတင်ပူးပေါင်းခွင့်ရခဲ့ပြီး အခုဘန်စလေနဲ့ပွဲမှာ စပါခဲ့တာပါ။ ဒါဘီနည်းပြကိုကူးဟာ ပထမဆုံးပွဲမှာပဲ ရွန်းနီကို အသင်းခေါင်းဆောင်လက်ပတ်ပေးအပ်ခဲ့ပြီး သူ့ကို အမြဲတမ်းအသင်းခေါင်းဆောင်အဖြစ် ခန့်လိုက်ပြီလို့လည်း ပြောခဲ့ပါတယ်။ ဘန်စလေနဲ့ပွဲမှာ မိနစ် ၉၀ ပြည့်ကစားခွင့်ရခဲ့တဲ့ရွန်းနီဟာ နောက်ပွဲတွေမှာလည်း အဲဒီလိုပဲ ပါဝင်ခွင့်ရချင်နေတာပါ။

photo-gettyimages

”တကယ်ကောင်းခဲ့ပါတယ်။ ကျွန်တော်လေ့ကျင့်ခဲ့တာ အတော်ကြာပြီဖြစ်လို့ ကွင်းထဲပြန်ရောက်ခဲ့တာ အတော်ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် အရေးကြီးဆုံးကတော့ ၃ မှတ်ရခဲ့တာပါပဲ။ ကျွန်တော်က ပွဲတိုင်းကစားချင်တဲ့သူဆိုတာ ကျွန်တော့်ကိုသိတဲ့သူတိုင်း သိကြပါတယ်။ လာမယ့်တနင်္ဂနွေအတွက် အဆင်သင့်ဖြစ်အောင် ကျွန်တော်ကြိုးစားသွားမှာပါ”လို့ ရွန်းနီက ဒါဘီအသင်းဝက်ဘ်ဆိုဒ်ကို ပြောကြားခဲ့ပါတယ်။ ရွန်းနီရဲ့ဒါဘီဟာ လာမယ့်တနင်္ဂနွေမှာ အက်ဖ်အေဖလားပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ကလပ်ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရမှာပါ။

[Zawgyi]

ဒါဘီပြဲဦးထြက္မွာ ဂိုးဖန္တီးေပးခဲ့ၿပီးေနာက္ ပြဲတိုင္းကစားခ်င္တယ္လို႔ ဆိုလိုက္တဲ့ ရြန္းနီ

မန္ယူတိုက္စစ္မႈးေဟာင္းရြန္းနီဟာ အဂၤလိပ္ေဘာလုံးေလာကက သူ႔ရဲ႕တစ္ေက်ာ့ျပန္ပြဲဦးထြက္မွာ ဒါဘီအသင္းအႏိုင္ရေအာင္ ကူညီေပးႏိုင္ခဲ့ၿပီးေနာက္ သူ႔အေနနဲ႔ ပြဲတိုင္းကစားလိုေၾကာင္း ထုတ္ေဖာ္ေျပာၾကားလုိက္ပါတယ္။ ဘန္စေလကို ၂-၁ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ပြဲမွာ ရြန္းနီဟာ ခ်န္ပီယံရွစ္ကလပ္ဒါဘီအတြက္ ပြဲဦးထြက္ကစားေပးခဲ့တာျဖစ္ၿပီး ဒါဘီရဲ႕အဖြင့္ဂိုးအတြက္ သူ႔ရဲ႕ဖရီးကစ္ကစ္ကတစ္ဆင့္ ဂိုးဖန္တီးေပးခဲ့ပါတယ္။ ဒါ့အျပင္ ဒါဘီအသငး္ရခဲ့တဲ့ဒုတိယဂိုးမွာလည္း အျမင့္ေဘာေပးပို႔မႈနဲ႔အတူ တစ္စိတ္တစ္ပိုင္းပါ၀င္ပတ္သက္ခဲ့ပါတယ္။

အသက္ ၃၄ ႏွစ္အရြယ္ အဲဒီအဂၤလန္အသင္းေခါင္းေဆာင္ေဟာင္းဟာ ၿပီးခဲ့တဲ့ၾသဂုတ္ကကတည္းက ကစားသမားနည္းျပအျဖစ္ ၁၈ လစာခ်ဳပ္နဲ႔ ဒါဘီနဲ႔စာခ်ဳပ္ခဲ့တာျဖစ္ေပမယ့္ အခုဇန္န၀ါရီေရာက္မွသာ စတင္ပူးေပါင္းခြင့္ရခဲ့ၿပီး အခုဘန္စေလနဲ႔ပြဲမွာ စပါခဲ့တာပါ။ ဒါဘီနည္းျပကုိကူးဟာ ပထမဆုံးပြဲမွာပဲ ရြန္းနီကို အသင္းေခါင္းေဆာင္လက္ပတ္ေပးအပ္ခဲ့ၿပီး သူ႔ကို အၿမဲတမ္းအသင္းေခါင္းေဆာင္အျဖစ္ ခန္႔လိုက္ၿပီလို႔လည္း ေျပာခဲ့ပါတယ္။ ဘန္စေလနဲ႔ပြဲမွာ မိနစ္ ၉၀ ျပည့္ကစားခြင့္ရခဲ့တဲ့ရြန္းနီဟာ ေနာက္ပြဲေတြမွာလည္း အဲဒီလုိပဲ ပါ၀င္ခြင့္ရခ်င္ေနတာပါ။

”တကယ္ေကာင္းခဲ့ပါတယ္။ ကၽြန္ေတာ္ေလ့က်င့္ခဲ့တာ အေတာ္ၾကာၿပီျဖစ္လို႔ ကြင္းထဲျပန္ေရာက္ခဲ့တာ အေတာ္ေကာင္းပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တုိ႔အတြက္ အေရးႀကီးဆုံးကေတာ့ ၃ မွတ္ရခဲ့တာပါပဲ။ ကၽြန္ေတာ္က ပြဲတိုင္းကစားခ်င္တဲ့သူဆိုတာ ကၽြန္ေတာ့္ကိုသိတဲ့သူတိုင္း သိၾကပါတယ္။ လာမယ့္တနဂၤေႏြအတြက္ အဆင္သင့္ျဖစ္ေအာင္ ကၽြန္ေတာ္ႀကိဳးစားသြားမွာပါ”လုိ႔ ရြန္းနီက ဒါဘီအသင္း၀က္ဘ္ဆိုဒ္ကို ေျပာၾကားခဲ့ပါတယ္။ ရြန္းနီရဲ႕ဒါဘီဟာ လာမယ့္တနဂၤေႏြမွာ အက္ဖ္ေအဖလားပြဲစဥ္အျဖစ္ ပရီးမီးယားလိဂ္ကလပ္ခရစၥတယ္ပဲေလ့စ္န႔ဲရင္ဆိုင္ရမွာပါ။