ဒါဘီပွဲအတွက် ဆိုးလ်ရှား ကြိုတင်ပြင်ဆင်သုံးသပ်သင့်တဲ့ အချက်များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်တာဝန်ရှိသူတွေ ဆိုးလ်ရှားကို အခွင့်အရေးပေးထားတဲ့ ပွဲစဉ်တွေထဲမှာ လာမယ့် မန်ချက်စတာဒါဘီပွဲစဉ်က အလွန်အရေးကြီးတဲ့ ပွဲပါ။

ရှေ့ နှစ်ပွဲမှာ ဆိုးလ်ရှား မရှူံးဘူးဆိုပေမယ့် တစ်ပွဲက သရေဖြစ်ပြီး၊ နှစ်ပွဲစလုံးမှာ စီရော်နယ်ဒို ကယ်တင်ပေးလို့တာ ရလဒ် မဆိုးရွားခဲ့တာပါ။

အခုဆိုရင် သရဲနီ အချို့ ဒဏ်ရာရထားတာကြောင့် ဆိုးလ်ရှား အနေနဲ့ ကစားကွက်နဲ့ ပွဲထွက် ကစားသမား ကိစ္စကို သေချာ စဉ်းစားရပါတော့မယ်။

ကစားပုံက ခံစစ်(၃)ယောက်တန်းဖြစ်ဖို့များမယ်ဆိုရင် မက်ဂွားယားနဲ့ ဘိုင်လီပဲ ဗဟိုခံစစ်မှူးကရွေးချယ်စရာရှိနေတာပါ။

ကစားနေကြ ၄-၂-၃-၁ ပုံစံနဲ့ကစားမယ်ဆိုရင်လည်း နောက်တန်းကဒီထက်ပိုကောင်းဖို့တော့ လိုအပ်နေတာပါ။

ဒါကြောင့် နည်းပြဆိုးလ်ရှားအနေနဲ့ ကစားပုံကိုဘယ်လိုပွဲထုတ်မလဲဆိုတာ သေချာစဉ်းစားရပါမယ်။

ဘိုင်လီက အတ္တလန်တာနဲ့ပွဲမှာ ခြေစွမ်းပြထားတာကြောင့် မန်စီးတီးနဲ့ ပွဲမှာလည်း အားကိုးထိုက်မှာပါ။

ဒါပေမယ့် မန်စီးတီးနဲ့ပွဲမှာ လင်ဒီလော့သာပါနိုင်မယ်ဆိုရင် ဘိုင်လီပါနိုင်ဖို့ မသေချာတော့ပါဘူး။

ဘာလို့လဲဆို ရင်ဆိုးလ်ရှားက မက်ဂွားယားနဲ့ လင်ဒီလော့ကိုကျော်ပြီး ဘိုင်လီကိုမယုံကြည်လို့ဘဲ ဖြစ်ပါတယ်။

မန်စီးတီးနဲ့ပွဲမှာ ပေါ့ဘာက အနီကတ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာမဟုတ်ပါဘူး။

ဒါကြောင့် တခြားကစားသမား အတွဲတွေကို သုံးတဲ့ နေရာမှာ ဗန်ဒီဘိခ်ကိုလည်း မျှမျှတတနဲ့ အခွင့်အရေးပေးသင့်နေပါပြီ။

ဗန်ဒီဘိခ် ခမျာ ယူနိုက်တက်ဂျာစီ ဝတ်ခွင့်ရပေမယ့် အရန်ခုံမှာသာ ထိုင်ပြီး အသင်းပြောင်းရဖို့နီးနီးလာနေတာကြောင့် သရဲနီဘ၀ မစွန့်ခင် မှတ်မှတ်ရရ အခွင့်အရေးတွေ ပေးသင့်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi




