ဒါဘီပွဲမတိုင်ခင် စီရော်နယ်ဒိုနဲ့ဂွါဒီယိုလာတို့ရဲ့တွေ့ဆုံမှုမှတ်တမ်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စီရော်နယ်ဒိုသာ မရှိရင် မန်ယူဟာ ဘယ်နေရာရောက်နေမလဲ။

အဲဒီပေါ်တူဂီစူပါစတားဟာ ရာသီစကတည်းက မန်ယူကို ပခုံးထမ်းထားပြီး အကြိမ်ကြိမ်ကယ်တင်ပေးနိုင်ခဲ့တာပါ။

နောက်ကျအနိုင်ဂိုးတွေနဲ့ ပြဇာတ်ဆန်ဆန်ချေပဂိုးတွေက လက်ရှိအိုးလ်ထရက်ဖို့ဒ်ရဲ့မိုးလေဝသဖြစ်နေပြီး စီရော်နယ်ဒိုရဲ့သူရဲကောင်းဆန်ဆန်ကယ်တင်ပေးမှုတွေက အရေးပါနေတာပါ။

ဒီလိုအချိန်မှာ မြို့ခံပြိုင်ဘက်မန်စီးတီးကို ရင်ဆိုင်ရတော့မှာဖြစ်ပြီး စီရော်နယ်ဒိုအနေနဲ့ကလည်း မန်ယူကိုပြန်လာပြီးနောက်ပိုင်း ပထမဆုံးမန်ချက်စတာဒါဘီပွဲကို ဆင်နွဲရတော့မှာပါ။

မန်စီးတီးနဲ့ ၃ မှတ်ကွာနေမှုကို လျှော့ချနိုင်ဖို့လိုပြီး ဒီတစ်ကြိမ်မှာလည်း စီရော်နယ်ဒိုဟာ ကယ်တင်ရှင်ဖြစ်လိမ့်မယ်လို့ မန်ယူနဲ့သက်ဆိုင်သူအားလုံးက မျှော်လင့်ထားကြမှာပါ။

ဒါပေမဲ့ အဲဒီပေါ်တူဂီသားဟာ ဂွါဒီယိုလာနဲ့ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ကိန်းဂဏန်းတွေ မကောင်းလှပါဘူး။

ဂွါဒီယိုလာနဲ့ တွေ့ဆုံခဲ့ဖူးတဲ့ ၁၆ ပွဲမှာ စီရော်နယ်ဒိုဟာ ၄ ပွဲသာနိုင်ခဲ့ပြီး ၄ ပွဲသရေနဲ့ ၈ ပွဲရှုံးခဲ့တာပါ။

ဒါ့အပြင် စီရော်နယ်ဒိုဟာ ဂွါဒီယိုလာနဲ့တွေ့ဆုံမှုတွေမှာ ၇ ဂိုးသာသွင်းနိုင်ခဲ့လို့ သူ့လိုကစားသမားအတွက် အားမရစရာကိန်းဂဏန်းဖြစ်နေပါတယ်။

ဒါ့အပြင် စီရော်နယ်ဒိုဟာ ဂွါဒီယိုလာကိုင်တဲ့အသင်းကို ပထမဆုံးအနိုင်ရဖို့အတွက် ၆ ပွဲစောင့်ခဲ့ရပြီး ၂၀၁၁ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ရီးရဲလ်အတွက် အနိုင်ဂိုးသွင်းခဲ့တာပါ။

ဒီလိုကိန်းဂဏန်းအချက်အလက်တွေရှိပေမယ့်လည်း ဒါဘီပွဲဖြစ်နေတာကြောင့် အဲဒါတွေက အခုချိန်မှာ အရေးမပါနိုင်ပါဘူး။

စီရော်နယ်ဒိုဟာ ဒီတစ်ကြိမ်မှာလည်း မန်ယူရဲ့ကယ်တင်ရှင်သူရဲကောင်းဖြစ်ဦးမလားဆိုတာ စောင့်ကြည့်ကြရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒါဘီပြဲမတိုင္ခင္ စီေရာ္နယ္ဒိုနဲ႔ဂြါဒီယိုလာတို႔ရဲ႕ေတြ႕ဆုံမႈမွတ္တမ္း

စီေရာ္နယ္ဒိုသာ မရွိရင္ မန္ယူဟာ ဘယ္ေနရာေရာက္ေနမလဲ။ အဲဒီေပၚတူဂီစူပါစတားဟာ ရာသီစကတည္းက မန္ယူကို ပခုံးထမ္းထားၿပီး အႀကိမ္ႀကိမ္ကယ္တင္ေပးႏိုင္ခဲ့တာပါ။

ေနာက္က်အႏိုင္ဂိုးေတြနဲ႔ ျပဇာတ္ဆန္ဆန္ေခ်ပဂိုးေတြက လက္ရွိအိုးလ္ထရက္ဖို႔ဒ္ရဲ႕မိုးေလဝသျဖစ္ေနၿပီး စီေရာ္နယ္ဒိုရဲ႕သူရဲေကာင္းဆန္ဆန္ကယ္တင္ေပးမႈေတြက အေရးပါေနတာပါ။

ဒီလိုအခ်ိန္မွာ ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးကို ရင္ဆိုင္ရေတာ့မွာျဖစ္ၿပီး စီေရာ္နယ္ဒိုအေနနဲ႔ကလည္း မန္ယူကိုျပန္လာၿပီးေနာက္ပိုင္း ပထမဆုံးမန္ခ်က္စတာဒါဘီပြဲကို ဆင္ႏြဲရေတာ့မွာပါ။

မန္စီးတီးနဲ႔ ၃ မွတ္ကြာေနမႈကို ေလွ်ာ့ခ်ႏိုင္ဖို႔လိုၿပီး ဒီတစ္ႀကိမ္မွာလည္း စီေရာ္နယ္ဒိုဟာ ကယ္တင္ရွင္ျဖစ္လိမ့္မယ္လို႔ မန္ယူနဲ႔သက္ဆိုင္သူအားလုံးက ေမွ်ာ္လင့္ထားၾကမွာပါ။

ဒါေပမဲ့ အဲဒီေပၚတူဂီသားဟာ ဂြါဒီယိုလာနဲ႔ထိပ္တိုက္ေတြ႕ဆုံမႈေတြမွာ ကိန္းဂဏန္းေတြ မေကာင္းလွပါဘူး။ ဂြါဒီယိုလာနဲ႔ ေတြ႕ဆုံခဲ့ဖူးတဲ့ ၁၆ ပြဲမွာ စီေရာ္နယ္ဒိုဟာ ၄ ပြဲသာႏိုင္ခဲ့ၿပီး ၄ ပြဲသေရနဲ႔ ၈ ပြဲရႈံးခဲ့တာပါ။

ဒါ့အျပင္ စီေရာ္နယ္ဒိုဟာ ဂြါဒီယိုလာနဲ႔ေတြ႕ဆုံမႈေတြမွာ ၇ ဂိုးသာသြင္းႏိုင္ခဲ့လို႔ သူ႔လိုကစားသမားအတြက္ အားမရစရာကိန္းဂဏန္းျဖစ္ေနပါတယ္။

ဒါ့အျပင္ စီေရာ္နယ္ဒိုဟာ ဂြါဒီယိုလာကိုင္တဲ့အသင္းကို ပထမဆုံးအႏိုင္ရဖို႔အတြက္ ၆ ပြဲေစာင့္ခဲ့ရၿပီး ၂၀၁၁ စပိန္ဘုရင့္ဖလားဗိုလ္လုပြဲမွာ ရီးရဲလ္အတြက္ အႏိုင္ဂိုးသြင္းခဲ့တာပါ။

ဒီလိုကိန္းဂဏန္းအခ်က္အလက္ေတြရွိေပမယ့္လည္း ဒါဘီပြဲျဖစ္ေနတာေၾကာင့္ အဲဒါေတြက အခုခ်ိန္မွာ အေရးမပါႏိုင္ပါဘူး။ စီေရာ္နယ္ဒိုဟာ ဒီတစ္ႀကိမ္မွာလည္း မန္ယူရဲ႕ကယ္တင္ရွင္သူရဲေကာင္းျဖစ္ဦးမလားဆိုတာ ေစာင့္ၾကည့္ၾကရမွာပါ။