
Photo Credit
Photo Credit
ယူနိုက်တက်အသင်းဂန္ထဝင်တိုက်စစ်မှူး ဝိန်းရွန်နီက ဒါဘီအသင်းနဲ့အတူ အင်္ဂလိပ်ဘောလုံးလောကထဲ ပြန်ဝင်ဖို့ အသင့်ရှိနေပြီဖြစ်ကြောင်း ပြိုင်ဘက်တွေကို သတိပေးလိုက်ပြီး ကစားသမားဘဝကနေ အနားယူဖို့လည်း အစီအစဉ်မရှိကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။
Photo Credit
အင်္ဂလန်အသင်းရဲ့ထာဝရဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတဲ့ ရွန်နီဟာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်နဲ့ လမ်းခွဲခဲ့ပြီးချိန်ကတည်းက ဒါဘီအသင်းနဲ့အတူ ပူးပေါင်းနေတာဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ပါဝင်ကစားဖို့အတွက် ဇန်နဝါရီလအထိ စောင့်ဆိုင်းနေရပြီး အဲဗာတန်တိုက်စစ်မှူးဟောင်းလည်းဖြစ်တဲ့ ရွန်နီက ကွင်းဘေးကနေ ထိုင်ကြည့်နေရတာက စိတ်ပျက်စရာကောင်းတယ်လို့ ဆိုပါတယ်။
Photo Credit
အခုတော့ ရွန်နီဟာ ကြာသပတေးနေ့မှာ ကစားရမယ့် ဘန်စလေနဲ့ပွဲမှာ ဒါဘီအသင်းအတွက် ပါဝင်ကစားခွင့်ရရှိတော့မှာဖြစ်ပြီး အသင်းအတွက် အများကြီးပေးဆပ်ကစားနိုင်စွမ်းရှိတယ်လို့ ယုံကြည်နေပါတယ်။
Photo Credit
အသက် ၃၄နှစ်အရွယ်ရှိ ရွန်နီက ”ကျွန်တော်ဟာ ဒါဘီအသင်းနဲ့ နွေရာသီကတည်းက စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပေမယ့် အခုတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေတာ ရက်သတ္တပတ်အနည်းငယ်ရှိနေပြီလို့ ပါဝင်ကစားဖို့ အသင့်ရှိနေပါပြီ။ ကစားဖို့အတွက် စိတ်အားထက်သန်နေပါတယ်”
Photo Credit
”အသင်းအတွက် အရည်အသွေးပိုင်းရော အတွေ့အကြုံပိုင်းပါ ထပ်ပေါင်းဖြည့်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော့်ဆီက ပေးနိုင်တာတွေအများကြီးရှိနေသေးတယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။
Photo Credit
ချန်ပီယံရှစ်ပြိုင်ပွဲနဲ့ပတ်သက်လို့လည်း ရွန်နီက ”’ကျွန်တော်ဟာ ဒီပြိုင်ပွဲကို အမြဲစောင့်ကြည့်ဖြစ်ပြီး ပရီးမီးယားလိဂ်နဲ့လည်း အတော်လေးကွာခြားပါတယ်။ ပထမဆုံးကွာခြားတာကတော့ ပွဲအများကြီးကစားရတာပါပဲ”
Photo Credit
”အရည်အသွေးပိုင်းမှာ ပရီးမီးယားလိဂ်လောက်မကောင်းတာမှန်ပေမယ့် ကောင်းမွန်တဲ့အမှတ်ပေးပြိုင်ပွဲပါ။ ရလဒ်ကောင်းရယူဖို့ ကြိုးစားအားထုတ်ရလေ့ရှိပြီး ဒါကလည်း ကျွန်တော့်အတွက် ပြဿနာမရှိပါဘူး။ မေဂျာလိဂ်နဲ့တူတယ်လို့ ထင်ပါတယ်။ တစ်ဦးချင်းကျွမ်းကျင်တဲ့ကစားသမားတွေပိုရှိတယ်လို့ မြင်ပါတယ်”လို့ ပြောပါတယ်။
Photo Credit
ရွန်နီဟာ ဒါဘီအသင်းရဲ့ကစားသမား/နည်းပြအဖြစ် ၁၈ လစာချုပ် ချုပ်ဆိုထားတာဖြစ်ပြီး သူ့အနေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားရင်လည်း ဆက်ကစားဖြစ်လိမ့်မယ်လို့ ပြောပါတယ်။
Photo Credit
Zawgyi
ဒါဘီနဲ႔အတူ အဂၤလိပ္ေဘာလုံးေလာကထဲ ျပန္၀င္ဖုိ႔ အသင့္ရွိေနၿပီလုိ႔ ရြန္နီ ႀကံဳး၀ါး
ယူႏုိက္တက္အသင္းဂႏၳ၀င္တုိက္စစ္မွဴး ၀ိန္းရြန္နီက ဒါဘီအသင္းနဲ႔အတူ အဂၤလိပ္ေဘာလုံးေလာကထဲ ျပန္၀င္ဖို႔ အသင့္ရွိေနၿပီျဖစ္ေၾကာင္း ၿပိဳင္ဘက္ေတြကို သတိေပးလုိက္ၿပီး ကစားသမားဘ၀ကေန အနားယူဖုိ႔လည္း အစီအစဥ္မရွိေၾကာင္း အခုိင္အမာေျပာၾကားလိုက္ပါတယ္။
အဂၤလန္အသင္းရဲ႕ထာ၀ရဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနတဲ့ ရြန္နီဟာ ေမဂ်ာလိဂ္ကလပ္ ဒီစီယူႏုိက္တက္နဲ႔ လမ္းခြဲခဲ့ၿပီးခ်ိန္ကတည္းက ဒါဘီအသင္းနဲ႔အတူ ပူးေပါင္းေနတာျဖစ္ပါတယ္။ ဒါေပမ့ဲ သူဟာ ပါ၀င္ကစားဖို႔အတြက္ ဇန္န၀ါရီလအထိ ေစာင့္ဆုိင္းေနရၿပီး အဲဗာတန္တုိက္စစ္မွဴးေဟာင္းလည္းျဖစ္တဲ့ ရြန္နီက ကြင္းေဘးကေန ထုိင္ၾကည့္ေနရတာက စိတ္ပ်က္စရာေကာင္းတယ္လုိ႔ ဆုိပါတယ္။
အခုေတာ့ ရြန္နီဟာ ၾကာသပေတးေန႔မွာ ကစားရမယ့္ ဘန္စေလနဲ႔ပြဲမွာ ဒါဘီအသင္းအတြက္ ပါ၀င္ကစားခြင့္ရရွိေတာ့မွာျဖစ္ၿပီး အသင္းအတြက္ အမ်ားႀကီးေပးဆပ္ကစားႏိုင္စြမ္းရွိတယ္လုိ႔ ယုံၾကည္ေနပါတယ္။
အသက္ ၃၄ႏွစ္အရြယ္ရွိ ရြန္နီက ”ကၽြန္ေတာ္ဟာ ဒါဘီအသင္းနဲ႔ ေႏြရာသီကတည္းက စာခ်ဳပ္ခ်ဳပ္ဆုိခဲ့တာျဖစ္ေပမယ့္ အခုေတာ့ အသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းေနတာ ရက္သတၱပတ္အနည္းငယ္ရွိေနၿပီလုိ႔ ပါ၀င္ကစားဖို႔ အသင့္ရွိေနပါၿပီ။ ကစားဖို႔အတြက္ စိတ္အားထက္သန္ေနပါတယ္”
”အသင္းအတြက္ အရည္အေသြးပိုင္းေရာ အေတြ႕အႀကံဳပိုင္းပါ ထပ္ေပါင္းျဖည့္ေပးႏုိင္လိမ့္မယ္လုိ႔ ယံုၾကည္ပါတယ္။ ကၽြန္ေတာ့္ဆီက ေပးႏိုင္တာေတြအမ်ားႀကီးရွိေနေသးတယ္လုိ႔ ထင္ပါတယ္”လုိ႔ ေျပာပါတယ္။
ခ်န္ပီယံရွစ္ၿပိဳင္ပြဲနဲ႔ပတ္သက္လုိ႔လည္း ရြန္နီက ”’ကၽြန္ေတာ္ဟာ ဒီၿပိဳင္ပဲြကို အၿမဲေစာင့္ၾကည့္ျဖစ္ၿပီး ပရီးမီးယားလိဂ္နဲ႔လည္း အေတာ္ေလးကြာျခားပါတယ္။ ပထမဆုံးကြာျခားတာကေတာ့ ပြဲအမ်ားႀကီးကစားရတာပါပဲ”
”အရည္အေသြးပိုင္းမွာ ပရီးမီးယားလိဂ္ေလာက္မေကာင္းတာမွန္ေပမယ့္ ေကာင္းမြန္တဲ့အမွတ္ေပးၿပိဳင္ပြဲပါ။ ရလဒ္ေကာင္းရယူဖုိ႔ ႀကိဳးစားအားထုတ္ရေလ့ရိွၿပီး ဒါကလည္း ကၽြန္ေတာ့္အတြက္ ျပႆနာမရွိပါဘူး။ ေမဂ်ာလိဂ္နဲ႔တူတယ္လုိ႔ ထင္ပါတယ္။ တစ္ဦးခ်င္းကၽြမ္းက်င္တဲ့ကစားသမားေတြပိုရွိတယ္လုိ႔ ျမင္ပါတယ္”လုိ႔ ေျပာပါတယ္။
ရြန္နီဟာ ဒါဘီအသင္းရဲ႕ကစားသမား/နည္းျပအျဖစ္ ၁၈ လစာခ်ဳပ္ ခ်ဳပ္ဆုိထားတာျဖစ္ၿပီး သူ႕အေနနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးသြားရင္လည္း ဆက္ကစားျဖစ္လိမ့္မယ္လုိ႔ ေျပာပါတယ္။