ဒါဘီနဲ့ပွဲမတိုင်ခင် ထပ်တိုးဒဏ်ရာရစာရင်းအကြောင်း ဆိုးလ်ရှားဖွင့်ပြော

Photo Credit

Photo Credit

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက ကြာသပတေးညမှာ ကစားရမယ့် ဒါဘီအသင်းနဲ့အက်ဖ်အေဖလားပွဲမတိုင်ခင် အသင်းရဲ့ဒဏ်ရာရစာရင်းမှာ ကစားသမားနှစ်ဦး ထပ်တိုးလာတယ်လို့ အတည်ပြုလိုက်ပါတယ်။ ဆိုးလ်ရှားက တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်နဲ့ ညာနောက်ခံလူ ဝမ်ဘစ်ဆာကာတို့ ဒါဘီနဲ့အဝေးကွင်းပွဲကို လွဲချော်ရလိမ့်မယ်လို့ အတည်ပြုခဲ့ပါတယ်။

Photo Credit

ဝေးလ်လက်ရွေးစင် ဂျိမ်းစ်ဟာ တနင်္ဂနွေနေ့က အဲဗာတန်နဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲကို လွဲချော်ခဲ့ပေမယ့် အင်္ဂလန်နိုင်ငံသား ဝမ်ဘစ်ဆာကာကတော့ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပါတယ်။ ဝမ်ဘစ်ဆာကာအနေနဲ့ ယနေ့နှောင်းပိုင်းမှာ နောက်ကျောဒဏ်ရာကို စမ်းသမ်စစ်ဆေးမှုခံယူရမှာဖြစ်ပေမယ့် ဆိုးလ်ရှားကတော့ ဒါဘီနဲ့ပွဲကို လွဲချော်ဖြစ်ဖို့ များနေတယ်လို့ ပြောပါတယ်။

Photo Credit

သူတို့နှစ်ယောက်ဟာ ရက်ရှ်ဖို့ဒ်၊ ပေါ့ဂ်ဘာတို့နဲ့အတူ ယူနိုက်တက်ရဲ့ဒဏ်ရာရစာရင်းထဲ ထပ်တိုးရောက်လာပြီး ပြင်သစ်လက်ရွေးစင် ပေါ့ဂ်ဘာကတော့ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖို့ နီးစပ်နေပါပြီ။ ”ပေါ့ဂ်ဘာက နောက်တစ်ပတ်မတိုင်ခင်အထိ လေ့ကျင့်ခန်းဆင်းနိုင်ဦးမှာမဟုတ်ဘဲ ဘယ်အချိန်ပြန်ကစားနိုင်မလဲဆိုတာကိုလည်း အဲဒီတော့မှ ဆုံးဖြတ်မှာပါ။ သူ့အနေနဲ့ ပွဲကြံ့ခိုင်မှုပြန်ရဖို့ အချိန်နည်းနည်းတော့ယူရမှာပါ”

Photo Credit

”ဂျိမ်းစ်ကလည်း ဒါဘီနဲ့ပွဲကို လွဲချော်ရမှာပါ။ ရက်ရှ်ဖို့ဒ်၊ ပေါ့ဂ်ဘာတို့နဲ့အတူတူပေါ့။ ပြီးတော့ ဝမ်ဘစ်ဆာကာလည်း မပါနိုင်လောက်ဘူးထင်ပါတယ်။ ဒီနေ့မှာ စမ်းသပ်မှုတွေပြုလုပ်ရမှာဖြစ်ပေမယ့် အဲဗာတန်နဲ့ပွဲမှာ နောက်ကျောဒဏ်ရာကြောင့် သူကောင်းကောင်းမကစားနိုင်ခဲ့ဘူး။ ဒီတော့ သူလည်း လွဲဖို့များပါတယ်”လို့ ဆိုးလ်ရှားက ပြောပါတယ်။

Photo Credit

ယူနိုက်တက်ဟာ အသင်းရဲ့ထာဝရဂိုးသွင်းဘုရင် ရွန်နီနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ရရင်တော့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဖေဖော်ဝါရီလအတွင်း ရလဒ်ကောင်းတွေရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးနဲ့ ဝက်ဖို့ဒ်တို့ကို အနိုင်ရခဲ့ပါတယ်။

Photo Credit

ဒါဘီအသင်းကလည်း ပြီးခဲ့တဲ့ဇန်နဝါရီလက ဒီစီယူနိုက်တက်တိုက်စစ်မှူးဟောင်း ရွန်နီကို ခေါ်ယူခဲ့ပြီး ချန်ပီယံရှစ်အမှတ်ပေးပြိုင်ပွဲရဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။

Photo Credit

Zawgyi

ဒါဘီနဲ႔ပဲြမတုိင္ခင္ ထပ္တုိးဒဏ္ရာရစာရင္းအေၾကာင္း ဆုိးလ္ရွားဖြင့္ေျပာ

ယူႏုိက္တက္အသင္းနည္းျပ ဆုိးလ္ရွားက ၾကာသပေတးညမွာ ကစားရမယ့္ ဒါဘီအသင္းနဲ႔အက္ဖ္ေအဖလားပဲြမတုိင္ခင္ အသင္းရဲ႕ဒဏ္ရာရစာရင္းမွာ ကစားသမားႏွစ္ဦး ထပ္တုိးလာတယ္လုိ႔ အတည္ျပဳလုိက္ပါတယ္။ ဆုိးလ္ရွားက ေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္နဲ႔ ညာေနာက္ခံလူ ၀မ္ဘစ္ဆာကာတုိ႔ ဒါဘီနဲ႔အေ၀းကြင္းပြဲကို လြဲေခ်ာ္ရလိမ့္မယ္လုိ႔ အတည္ျပဳခဲ့ပါတယ္။
ေ၀းလ္လက္ေရြးစင္ ဂ်ိမ္းစ္ဟာ တနဂၤေႏြေန႔က အဲဗာတန္နဲ႔ ၁-၁ ဂုိးသေရက်ခဲ့တဲ့ပဲြကို လဲြေခ်ာ္ခဲ့ေပမယ့္ အဂၤလန္ႏိုင္ငံသား ၀မ္ဘစ္ဆာကာကေတာ့ ပြဲခ်ိန္ျပည့္ပါ၀င္ကစားခဲ့ပါတယ္။ ၀မ္ဘစ္ဆာကာအေနနဲ႔ ယေန႔ေႏွာင္းပိုင္းမွာ ေနာက္ေက်ာဒဏ္ရာကို စမ္းသမ္စစ္ေဆးမႈခံယူရမွာျဖစ္ေပမယ့္ ဆုိးလ္ရွားကေတာ့ ဒါဘီနဲ႔ပြဲကို လြဲေခ်ာ္ျဖစ္ဖို႔ မ်ားေနတယ္လုိ႔ ေျပာပါတယ္။
သူတုိ႔ႏွစ္ေယာက္ဟာ ရက္ရွ္ဖို႔ဒ္၊ ေပါ့ဂ္ဘာတို႔နဲ႔အတူ ယူႏိုက္တက္ရဲ႕ဒဏ္ရာရစာရင္းထဲ ထပ္တိုးေရာက္လာၿပီး ျပင္သစ္လက္ေရြးစင္ ေပါ့ဂ္ဘာကေတာ့ ေလ့က်င့္ခန္းျပန္ဆင္းႏိုင္ဖို႔ နီးစပ္ေနပါၿပီ။ ”ေပါ့ဂ္ဘာက ေနာက္တစ္ပတ္မတိုင္ခင္အထိ ေလ့က်င့္ခန္းဆင္းႏိုင္ဦးမွာမဟုတ္ဘဲ ဘယ္အခ်ိန္ျပန္ကစားႏိုင္မလဲဆုိတာကုိလည္း အဲဒီေတာ့မွ ဆုံးျဖတ္မွာပါ။ သူ႕အေနနဲ႔ ပြဲႀကံ့ခိုင္မႈျပန္ရဖို႔ အခ်ိန္နည္းနည္းေတာ့ယူရမွာပါ”
”ဂ်ိမ္းစ္ကလည္း ဒါဘီနဲ႔ပြဲကို လြဲေခ်ာ္ရမွာပါ။ ရက္ရွ္ဖို႔ဒ္၊ ေပါ့ဂ္ဘာတုိ႔နဲ႔အတူတူေပါ့။ ၿပီးေတာ့ ၀မ္ဘစ္ဆာကာလည္း မပါႏိုင္ေလာက္ဘူးထင္ပါတယ္။ ဒီေန႔မွာ စမ္းသပ္မႈေတြျပဳလုပ္ရမွာျဖစ္ေပမယ့္ အဲဗာတန္နဲ႔ပြဲမွာ ေနာက္ေက်ာဒဏ္ရာေၾကာင့္ သူေကာင္းေကာင္းမကစားႏုိင္ခဲ့ဘူး။ ဒီေတာ့ သူလည္း လြဲဖုိ႔မ်ားပါတယ္”လုိ႔ ဆိုးလ္ရွားက ေျပာပါတယ္။
ယူႏုိက္တက္ဟာ အသင္းရဲ႕ထာ၀ရဂိုးသြင္းဘုရင္ ရြန္နီနဲ႔ ထိပ္တုိက္ရင္ဆုိင္ရမွာျဖစ္ၿပီး အႏုိင္ရရင္ေတာ့ အက္ဖ္ေအဖလား ကြာတားဖုိင္နယ္ တက္ေရာက္ႏုိင္မွာျဖစ္ပါတယ္။ ယူႏုိက္တက္ဟာ ေဖေဖာ္၀ါရီလအတြင္း ရလဒ္ေကာင္းေတြရယူႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ခ်ဲလ္ဆီးနဲ႔ ၀က္ဖုိ႔ဒ္တုိ႔ကို အႏိုင္ရခဲ့ပါတယ္။
ဒါဘီအသင္းကလည္း ၿပီးခဲ့တဲ့ဇန္န၀ါရီလက ဒီစီယူႏုိက္တက္တုိက္စစ္မွဴးေဟာင္း ရြန္နီကို ေခၚယူခဲ့ၿပီး ခ်န္ပီယံရွစ္အမွတ္ေပးၿပိဳင္ပြဲရဲ႕ အဆင့္ ၁၃ ေနရာမွာ ရပ္တည္ေနပါတယ္။