ဒါဘီနိုင်ပွဲအပျော်လွန်ခုန်ပေါက်ရာကနေ ပွဲကြည့်စင်ပြိုကျခဲ့ရတဲ့အဖြစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အခုတစ်ပတ်ကစားသွားခဲ့တဲ့ နယ်သာလန်လိဂ်ပွဲစဉ်တစ်ပွဲမှာ ထိပ်လန့်စရာဖြစ်ရပ်တစ်ခုပေါ်ပေါက်ခဲ့ပြီး ဗီတက်ဆီပရိသတ်တွေရှိနေစဉ် ပွဲကြည့်စင်တစ်ခုပြိုကျသွားခဲ့တာပါ။

ဗီတက်ဆီအသင်းဟာ ဒါဘီပွဲစဉ် အဝေးကွင်းမှာ NEC အသင်းကို တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ပွဲပြီးတော့ ဗီတက်ဆီကစားသမားတွေဟာ သူတို့ကို လာရောက်အားပေးတဲ့ အဝေးကွင်းပရိသတ်တွေရှိရာကို သွားရောက်အောင်ပွဲခံခဲ့ကြပါတယ်။

ဒါပေမဲ့ ပရိသတ်တွေအားလုံး ညီညီညာညာခုန်ပေါက်အောင်ပွဲခံနေကြတဲ့အတွက် ပွဲကြည့်စင်ဟာ ရုတ်တရတ်ပြိုကျသွားခဲ့ပါတယ်။

ဒီလိုပွဲကြည့်စင်ရုတ်တရတ်ပြိုကျသွားလို့ သူတို့ရှေ့မှာရှိနေတဲ့ကစားသမားတွေလည်း စိုးရိမ်ပူပန်သွားကြပါတယ်။

ကံကောင်းတာက အဲဒီအောက်မှာ ကွန်တိန်နာတစ်ခုခံထားတဲ့အတွက် ဒဏ်ရာပြသနာတွေမရှိခဲ့ဘဲ ပရိသတ်တွေဟာ ဒါဘီနိုင်ပွဲကို ဆက်လက်အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

ဘယ်သူမှ ဒဏ်ရာပြသနာမရှိခဲ့ပေမယ့် နစ်မီဂျန်မြို့တော်ဝန်ဟူးဘတ်ဘရူးလ်ကတော့ စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ဖို့ တောင်းဆိုလိုက်ပါတယ်။

”ဖြစ်သွားခဲ့တာနဲ့ပတ်သက်လို့ ကျွန်တော်အရမ်းကို ထိတ်လန့်မိပါတယ်။

ကံကောင်းတာက ကျွန်တော်သိသလောက် ဘယ်သူမှ ဒဏ်ရာမရသွားတာပါပဲ။

ကျွန်တော်ကတော့ ဒီမှာဖြစ်ခဲ့တာနဲ့ပတ်သက်လို့ အမြန်ဆုံးစုံစမ်းစစ်ဆေးမှုတစ်ခု လုပ်စေချင်ပါတယ်”လို့ ဟူးဘတ်ဘရူးလ်က ပြောကြားခဲ့တာပါ။

ဗီတက်ဆီအသင်းဟာ အဲဒီနိုင်ပွဲကြောင့် နယ်သာလန်လိဂ်အမှတ်ပေးဇယားမှာ အဆင့် ၆ နေရာတက်လှမ်းနိုင်ခဲ့ပြီး လာမယ့်ကြာသပတေးမှာ စပါးနဲ့ ယူရိုပါကွန်ဖရန့်လိဂ်ပွဲစဉ် ကစားရမှာပါ။

အဲဒီယူရိုပါကွန်ဖရန့်လိဂ်အုပ်စုမှာ ဗီတက်ဆီဟာ နှစ်ပွဲကစားအပြီး ၁ ပွဲနိုင်၊ ၁ ပွဲရှုံးထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒါဘီႏိုင္ပြဲအေပ်ာ္လြန္ခုန္ေပါက္ရာကေန ပြဲၾကည့္စင္ၿပိဳက်ခဲ့ရတဲ့အျဖစ္

အခုတစ္ပတ္ကစားသြားခဲ့တဲ့ နယ္သာလန္လိဂ္ပြဲစဥ္တစ္ပြဲမွာ ထိပ္လန႔္စရာျဖစ္ရပ္တစ္ခုေပၚေပါက္ခဲ့ၿပီး ဗီတက္ဆီပရိသတ္ေတြရွိေနစဥ္ ပြဲၾကည့္စင္တစ္ခုၿပိဳက်သြားခဲ့တာပါ။

ဗီတက္ဆီအသင္းဟာ ဒါဘီပြဲစဥ္ အေဝးကြင္းမွာ NEC အသင္းကို တစ္လုံးတည္းေသာဂိုးနဲ႔ အႏိုင္ရခဲ့တာ ျဖစ္ပါတယ္။

ပြဲၿပီးေတာ့ ဗီတက္ဆီကစားသမားေတြဟာ သူတို႔ကို လာေရာက္အားေပးတဲ့ အေဝးကြင္းပရိသတ္ေတြရွိရာကို သြားေရာက္ေအာင္ပြဲခံခဲ့ၾကပါတယ္။

ဒါေပမဲ့ ပရိသတ္ေတြအားလုံး ညီညီညာညာခုန္ေပါက္ေအာင္ပြဲခံေနၾကတဲ့အတြက္ ပြဲၾကည့္စင္ဟာ ႐ုတ္တရတ္ၿပိဳက်သြားခဲ့ပါတယ္။

ဒီလိုပြဲၾကည့္စင္႐ုတ္တရတ္ၿပိဳက်သြားလို႔ သူတို႔ေရွ႕မွာရွိေနတဲ့ကစားသမားေတြလည္း စိုးရိမ္ပူပန္သြားၾကပါတယ္။

ကံေကာင္းတာက အဲဒီေအာက္မွာ ကြန္တိန္နာတစ္ခုခံထားတဲ့အတြက္ ဒဏ္ရာျပသနာေတြမရွိခဲ့ဘဲ ပရိသတ္ေတြဟာ ဒါဘီႏိုင္ပြဲကို ဆက္လက္ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။

ဘယ္သူမွ ဒဏ္ရာျပသနာမရွိခဲ့ေပမယ့္ နစ္မီဂ်န္ၿမိဳ႕ေတာ္ဝန္ဟူးဘတ္ဘ႐ူးလ္ကေတာ့ စုံစမ္းစစ္ေဆးမႈလုပ္ေဆာင္ဖို႔ ေတာင္းဆိုလိုက္ပါတယ္။

”ျဖစ္သြားခဲ့တာနဲ႔ပတ္သက္လို႔ ကြၽန္ေတာ္အရမ္းကို ထိတ္လန႔္မိပါတယ္။ ကံေကာင္းတာက ကြၽန္ေတာ္သိသေလာက္ ဘယ္သူမွ ဒဏ္ရာမရသြားတာပါပဲ။ ကြၽန္ေတာ္ကေတာ့ ဒီမွာျဖစ္ခဲ့တာနဲ႔ပတ္သက္လို႔ အျမန္ဆုံးစုံစမ္းစစ္ေဆးမႈတစ္ခု လုပ္ေစခ်င္ပါတယ္”လို႔ ဟူးဘတ္ဘ႐ူးလ္က ေျပာၾကားခဲ့တာပါ။

ဗီတက္ဆီအသင္းဟာ အဲဒီႏိုင္ပြဲေၾကာင့္ နယ္သာလန္လိဂ္အမွတ္ေပးဇယားမွာ အဆင့္ ၆ ေနရာတက္လွမ္းႏိုင္ခဲ့ၿပီး လာမယ့္ၾကာသပေတးမွာ စပါးနဲ႔ ယူ႐ိုပါကြန္ဖရန႔္လိဂ္ပြဲစဥ္ ကစားရမွာပါ။ အဲဒီယူ႐ိုပါကြန္ဖရန႔္လိဂ္အုပ္စုမွာ ဗီတက္ဆီဟာ ႏွစ္ပြဲကစားအၿပီး ၁ ပြဲႏိုင္၊ ၁ ပြဲရႈံးထားပါတယ္။