ဒါဘီနိုင်ပွဲက အင်္ကျီနဲ့ဖိနပ်တို့ကို အလှူငွေရရှိဖို့ လေလံတင်ရောင်းချမယ့် ဘရူနို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက် နာမည်ကျော်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ မန်စီးတီးကို (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ သူဝတ်ဆင်ကစားခဲ့တဲ့ အင်္ကျီနဲ့ ဘောကန်ဖိနပ်တို့ကို လေလံတင်ရောင်းချသွားမှာဖြစ်ပြီး အဲဒီကရတဲ့ငွေတွေကို ကင်ဆာရောဂါဆိုးခံစားနေရတဲ့ ကလေးငယ်နှစ်ဦးအတွက် ဆေးကုသမှုစရိတ်အဖြစ် လှူဒါန်းသွားမှာဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ မန်စီးတီးနဲ့ပွဲမှာ ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို ပွဲစလို့မိနစ်ပိုင်းအကြာမှာပဲ ပယ်နယ်တီကနေ သွင်းယူခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့အဓိကပြိုင်ဘက် မန်စီးတီးအသင်းရဲ့ ပြိုင်ပွဲစုံ(၂၁)ပွဲဆက် နိုင်ပွဲမှတ်တမ်းကိုလည်း ရိုက်ချိုးနိုင်ခဲ့ပါတယ်။

အဲဒီပွဲဟာ ယူနိုက်တက်ကစားသမားဘဝမှာ ဘရူနိုဖာနန်ဒက်စ်အတွက် ပထမဆုံးဒါဘီနိုင်ပွဲဖြစ်ခဲ့ပြီး အဲဒီပွဲမှာဝတ်ဆင်ခဲ့တဲ့ အင်္ကျီနဲ့ဘောလုံးကန်ဖိနပ်တွေကို အမှတ်တရအဖြစ် မသိမ်းဆည်းဘဲ ပေါ်တူဂီနိုင်ငံက ကင်ဆာရောဂါခံစားနေရတဲ့ ကလေးငယ်နှစ်ဦးအတွက် အလှူငွေအဖြစ် ပေါင်(၇၂၀,၀၀၀)ရအောင် လေလံတင်ရောင်းချသွားမှာပါ။

အသက်(၅)နှစ်အရွယ်သာရှိသေးသူ လီယိုနော်လို့အမည်ရတဲ့ ကလေးငယ်နဲ့ အသက်(၈)နှစ်သာရှိသေးသူ ဂျေမီလို့အမည်ရတဲ့ မောင်နှမနှစ်ဦးဟာ ရှားပါးတဲ့ကင်ဆာရောဂါဝေဒနာခံစားနေရတာကြောင့် အမေရိကန်က ဆေးရုံတစ်ခုမှာဆေးကုသမှုခံယူနေရပြီး အဲဒီရောဂါကို ကုသဖို့ ဒေါ်လာသန်းနဲ့ချီကုန်ကျမှာဖြစ်ပါတယ်။

အဲဒါကြောင့် ဘရူနိုဖာနန်ဒက်စ်ဟာ လူသားချင်းစာနာစိတ်ထားတဲ့အနေနဲ့ GoGetFunding.com ဝက်ဘ်ဆိုက်ကနေ ဒါဘီပွဲတုန်းက သူဝတ်ဆင်ခဲ့တဲ့ အင်္ကျီနဲ့ဖိနပ်တို့ကို လေလံတင်ရောင်းချသွားဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘရူနိုဖာနန်ဒက်စ်က “လီယိုနော်နဲ့ဂျေမီတို့ ခံစားနေရတဲ့ရောဂါအခြေအနေနဲ့ပတ်သက်ပြီး ကျွန်တော် မကြာသေးခင်ကမှ သိလိုက်ရတာပါ။

လီယိုနော်ဆိုရင် အသက်(၁)နှစ်ကတည်းက ကင်ဆာရောဂါကို စတင်ခံစားခဲ့ရပြီး ဆေးကုသမှုနဲ့ ခွဲစိတ်ကုသမှုအကြိမ်ကြိမ်ခံယူခဲ့ရပါတယ်။ သူမရဲ့အစ်ကိုဖြစ်သူ ဂျေမီဆိုရင်လည်း ပြီးခဲ့တဲ့နှစ်၊ ခရစ္စမတ်မှာ သူမလိုပဲ ကင်ဆာရောဂါခံစားခဲ့ရပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ဖခင်တစ်ဦးဖြစ်တာကြောင့် ဒီမောင်နှမနှစ်ဦးရဲ့အဖြစ်အပျက်ကို သိလိုက်ရချိန်မှာ တော်တော်လေးစိတ်မကောင်းဖြစ်မိတာပါ။

အခုအချိန်မှာ သူတို့နှစ်ဦးမိဘတွေဟာ ဘယ်လောက်အထိ ဝမ်းနည်းနာကျင်နေမလဲဆိုတာ မပြောပြတတ်အောင်ပါပဲ”လို့ ရေးသားခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ရဲ့ အင်္ကျီနဲ့ဖိနပ်ကို လေလံစတင်ခဲ့တဲ့အချိန်ကစလို့ (၂၄)နာရီအတွင်း ပေါင်(၁၅,၀၀၀)ကျော်ရရှိနေပြီဖြစ်ပြီး သူက ပေါင်(၇)သိန်းကျော်အထိရအောင် လေလံတင်သွားမှာဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်က ” သတင်းကောင်းကတော့ ဒီကလေးငယ်နှစ်ဦး ဆေးကုသမှုခံယူနေတဲ့ အမေရိကန်နိုင်ငံ၊ ဖီလ်ဒယ်ဖီးယားက ကလေးဆေးရုံရဲ့ဆရာဝန်တွေက ခေတ်မီတဲ့ဆေးကုသမှုနည်းစနစ်တွေကို ရှာဖွေနေတာကြောင့် အခြေအနေတိုးတက်လာဖို့ရှိနေတာပါပဲ။

ဒါပေမဲ့လည်း ဒီလိုရှားပါးတဲ့ကင်ဆာရောဂါကို ကုသနိုင်ဖို့နည်းလမ်းက ငွေကုန်ကြေးကျများမှာဖြစ်ပြီး ဒီကလေးနှစ်ယောက်အတွက် အမေရိကန်ဒေါ်လာ(၁)သန်းလောက် ကုန်ကျမှာပါ။ အဲဒါကြောင့် ဒီကလေးငယ်တွေ ဆေးကုသစရိတ်ရအောင် မန်စီးတီးနဲ့ပွဲတုန်းက ကျွန်တော်ဝတ်ဆင်ကစားခဲ့တဲ့ အင်္ကျီနဲ့ဖိနပ်တွေကို လေလံတင်ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်”လို့ GoGetFunding.com ဝက်ဘ်ဆိုက်မှာ ရေးသားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒါဘီႏိုင္ပြဲက အက်ႌနဲ႔ဖိနပ္တို႔ကို အလႉေငြရရွိဖို႔ ေလလံတင္ေရာင္းခ်မယ့္ ဘ႐ူႏို

မန္ခ်က္စတာယူႏိုက္တက္ နာမည္ေက်ာ္ကစားသမား ဘ႐ူႏိုဖာနန္ဒက္စ္ဟာ မန္စီးတီးကို (၂-ဝ)ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ မန္ခ်က္စတာဒါဘီပြဲမွာ သူဝတ္ဆင္ကစားခဲ့တဲ့ အက်ႌနဲ႔ ေဘာကန္ဖိနပ္တို႔ကို ေလလံတင္ေရာင္းခ်သြားမွာျဖစ္ၿပီး အဲဒီကရတဲ့ေငြေတြကို ကင္ဆာေရာဂါဆိုးခံစားေနရတဲ့ ကေလးငယ္ႏွစ္ဦးအတြက္ ေဆးကုသမႈစရိတ္အျဖစ္ လႉဒါန္းသြားမွာျဖစ္ပါတယ္။ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ မန္စီးတီးနဲ႔ပြဲမွာ ယူႏိုက္တက္အသင္းအတြက္ အဖြင့္ဂိုးကို ပြဲစလို႔မိနစ္ပိုင္းအၾကာမွာပဲ ပယ္နယ္တီကေန သြင္းယူခဲ့တာျဖစ္ၿပီး ယူႏိုက္တက္အသင္းအေနနဲ႔ သူတို႔ရဲ႕အဓိကၿပိဳင္ဘက္ မန္စီးတီးအသင္းရဲ႕ ၿပိဳင္ပြဲစုံ(၂၁)ပြဲဆက္ ႏိုင္ပြဲမွတ္တမ္းကိုလည္း ႐ိုက္ခ်ိဳးႏိုင္ခဲ့ပါတယ္။ အဲဒီပြဲဟာ ယူႏိုက္တက္ကစားသမားဘဝမွာ ဘ႐ူႏိုဖာနန္ဒက္စ္အတြက္ ပထမဆုံးဒါဘီႏိုင္ပြဲျဖစ္ခဲ့ၿပီး အဲဒီပြဲမွာဝတ္ဆင္ခဲ့တဲ့ အက်ႌနဲ႔ေဘာလုံးကန္ဖိနပ္ေတြကို အမွတ္တရအျဖစ္ မသိမ္းဆည္းဘဲ ေပၚတူဂီႏိုင္ငံက ကင္ဆာေရာဂါခံစားေနရတဲ့ ကေလးငယ္ႏွစ္ဦးအတြက္ အလႉေငြအျဖစ္ ေပါင္(၇၂၀,၀၀၀)ရေအာင္ ေလလံတင္ေရာင္းခ်သြားမွာပါ။

အသက္(၅)ႏွစ္အ႐ြယ္သာရွိေသးသူ လီယိုေနာ္လို႔အမည္ရတဲ့ ကေလးငယ္နဲ႔ အသက္(၈)ႏွစ္သာရွိေသးသူ ေဂ်မီလို႔အမည္ရတဲ့ ေမာင္ႏွမႏွစ္ဦးဟာ ရွားပါးတဲ့ကင္ဆာေရာဂါေဝဒနာခံစားေနရတာေၾကာင့္ အေမရိကန္က ေဆး႐ုံတစ္ခုမွာေဆးကုသမႈခံယူေနရၿပီး အဲဒီေရာဂါကို ကုသဖို႔ ေဒၚလာသန္းနဲ႔ခ်ီကုန္က်မွာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ လူသားခ်င္းစာနာစိတ္ထားတဲ့အေနနဲ႔ GoGetFunding.com ဝက္ဘ္ဆိုက္ကေန ဒါဘီပြဲတုန္းက သူဝတ္ဆင္ခဲ့တဲ့ အက်ႌနဲ႔ဖိနပ္တို႔ကို ေလလံတင္ေရာင္းခ်သြားဖို႔ စီစဥ္ေနတာလည္းျဖစ္ပါတယ္။ အဲဒါနဲ႔ပတ္သက္ၿပီး ဘ႐ူႏိုဖာနန္ဒက္စ္က “လီယိုေနာ္နဲ႔ေဂ်မီတို႔ ခံစားေနရတဲ့ေရာဂါအေျခအေနနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ မၾကာေသးခင္ကမွ သိလိုက္ရတာပါ။ လီယိုေနာ္ဆိုရင္ အသက္(၁)ႏွစ္ကတည္းက ကင္ဆာေရာဂါကို စတင္ခံစားခဲ့ရၿပီး ေဆးကုသမႈနဲ႔ ခြဲစိတ္ကုသမႈအႀကိမ္ႀကိမ္ခံယူခဲ့ရပါတယ္။ သူမရဲ႕အစ္ကိုျဖစ္သူ ေဂ်မီဆိုရင္လည္း ၿပီးခဲ့တဲ့ႏွစ္၊ ခရစၥမတ္မွာ သူမလိုပဲ ကင္ဆာေရာဂါခံစားခဲ့ရပါတယ္။ ကြၽန္ေတာ္ကိုယ္တိုင္ကလည္း ဖခင္တစ္ဦးျဖစ္တာေၾကာင့္ ဒီေမာင္ႏွမႏွစ္ဦးရဲ႕အျဖစ္အပ်က္ကို သိလိုက္ရခ်ိန္မွာ ေတာ္ေတာ္ေလးစိတ္မေကာင္းျဖစ္မိတာပါ။ အခုအခ်ိန္မွာ သူတို႔ႏွစ္ဦးမိဘေတြဟာ ဘယ္ေလာက္အထိ ဝမ္းနည္းနာက်င္ေနမလဲဆိုတာ မေျပာျပတတ္ေအာင္ပါပဲ”လို႔ ေရးသားခဲ့ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ အက်ႌနဲ႔ဖိနပ္ကို ေလလံစတင္ခဲ့တဲ့အခ်ိန္ကစလို႔ (၂၄)နာရီအတြင္း ေပါင္(၁၅,၀၀၀)ေက်ာ္ရရွိေနၿပီျဖစ္ၿပီး သူက ေပါင္(၇)သိန္းေက်ာ္အထိရေအာင္ ေလလံတင္သြားမွာျဖစ္ပါတယ္။ ဘ႐ူႏိုဖာနန္ဒက္စ္က ” သတင္းေကာင္းကေတာ့ ဒီကေလးငယ္ႏွစ္ဦး ေဆးကုသမႈခံယူေနတဲ့ အေမရိကန္ႏိုင္ငံ၊ ဖီလ္ဒယ္ဖီးယားက ကေလးေဆး႐ုံရဲ႕ဆရာဝန္ေတြက ေခတ္မီတဲ့ေဆးကုသမႈနည္းစနစ္ေတြကို ရွာေဖြေနတာေၾကာင့္ အေျခအေနတိုးတက္လာဖို႔ရွိေနတာပါပဲ။ ဒါေပမဲ့လည္း ဒီလိုရွားပါးတဲ့ကင္ဆာေရာဂါကို ကုသႏိုင္ဖို႔နည္းလမ္းက ေငြကုန္ေၾကးက်မ်ားမွာျဖစ္ၿပီး ဒီကေလးႏွစ္ေယာက္အတြက္ အေမရိကန္ေဒၚလာ(၁)သန္းေလာက္ ကုန္က်မွာပါ။ အဲဒါေၾကာင့္ ဒီကေလးငယ္ေတြ ေဆးကုသစရိတ္ရေအာင္ မန္စီးတီးနဲ႔ပြဲတုန္းက ကြၽန္ေတာ္ဝတ္ဆင္ကစားခဲ့တဲ့ အက်ႌနဲ႔ဖိနပ္ေတြကို ေလလံတင္ေရာင္းခ်ဖို႔ ဆုံးျဖတ္ခဲ့တာလည္းျဖစ္ပါတယ္”လို႔ GoGetFunding.com ဝက္ဘ္ဆိုက္မွာ ေရးသားခဲ့ပါတယ္။