ဒါဘီနိုင်ပွဲကို ဆရာရင်းဖာဂူဆန်နဲ့အတူ မျှဝေအောင်ပွဲခံခဲ့တဲ့ ဆိုးလ်ရှား

photo-metro

photo-sky sports

မန်ယူဂန္ထဝင်နည်းပြဟောင်းဆာအဲလက်စ်ဖာဂူဆန်တစ်ယောက် ဒါဘီနိုင်ပွဲနဲ့ပတ်သက်လို့ အတော်လေးကျေနပ်ပျော်ရွှင်နေပုံရပါတယ်။ ပထမပိုင်းမှာ မာရှယ်က ဒုတိယဂိုးသွင်းပြီးတဲ့အချိန်မှာ ရုပ်သံကင်မရာတွေက ပွဲကြည့်စင်မှာရှိတဲ့ ဖာဂူဆန်ကို ရိုက်ပြတော့ ပြုံးပျော်နေတဲ့မျက်နှာထားကို တွေ့လိုက်ရပါတယ်။ ဒါ့အပြင် ပွဲအပြီးမှာ တပည့်ရင်းဖြစ်သူဆိုးလ်ရှားကလည်း သူနဲ့အတူ မျှဝေအောင်ပွဲခံခဲ့တာကြောင့် ဖာဂူဆန်အတွက် အတိုင်းထက်အလွန်ဖြစ်သွားခဲ့တာပါ။

photo-sky sports

အဲဒီပွဲက မန်ယူရဲ့ပထမပိုင်းခြေစွမ်းဟာ အထူးအားရကျေနပ်စရာဖြစ်ခဲ့ပြီး ဒုတိယပိုင်းမစခင် ၂ ဂိုးပြတ်နဲ့ဦးဆောင်နိုင်နေခဲ့တာပါ။ ပွဲပြီးခါနီးမှ ချေပဂိုးတစ်ဂိုးပြန်ပေးခဲ့ရပေမယ့် ချေပဂိုးထပ်မပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး တစ်ပတ်အတွင်းမှာပဲ ပြိုင်ဘက်အသင်းကြီးနှစ်သင်းကို ဆက်တိုက်အနိုင်ယူနိုင်ခဲ့တာပါ။ ပွဲပြီးတော့ တစ်သင်းလုံးနဲ့ နည်းပြအဖွဲ့ဝင်အများစုဟာ အဝေးကွင်းပရိသတ်တွေနဲ့ အတူဟစ်ကြွေးအောင်ပွဲခံခဲ့ကြပြီး ဆိုးလ်ရှားကလည်း ကစားသမားတစ်ယောက်ချင်းစီကို ဂုဏ်ပြုစကားပြောနေခဲ့တာပါ။

photo-social media

ဥမင်ထဲကို ပြန်သွားဖို့လုပ်တော့ ဆိုးလ်ရှားဟာ director’s box မှာ အသင်းတာဝန်ရှိသူအချို့နဲ့အတူ နည်းပြဖာဂူဆန်ကိုတွေ့သွားပြီး ဒါဘီအောင်ပွဲအတွက် ဂုဏ်ပြုတဲ့အနေနဲ့ လက်သီးလက်မောင်းတန်းပြခဲ့ပါတယ်။ ဖာဂူဆန်နဲ့အတူ နောက်ထပ်မန်ယူဂန္ထဝင်ဖြစ်တဲ့ဆာဘော်ဘီချာလ်တန်တို့ကလည်း ပြုံးရွှင်စွာနဲ့လက်ခုပ်တီးကာ ပြန်လည်အသိအမှတ်ပြုခဲ့ကြတာပါ။ ရုပ်သံကနေ တွေ့လိုက်ရတဲ့ မန်ယူပရိသတ်တွေအဖို့ကတော့ ဒီမြင်ကွင်းဟာ ကြည့်နူးစရာဖြစ်ပါလိ့မ်မယ်။

[Zawgyi]

ဒါဘီႏိုင္ပြဲကို ဆရာရင္းဖာဂူဆန္နဲ႔အတူ မွ်ေ၀ေအာင္ပြဲခံခဲ့တဲ့ ဆုိးလ္ရွား

မန္ယူဂႏၳ၀င္နည္းျပေဟာင္းဆာအဲလက္စ္ဖာဂူဆန္တစ္ေယာက္ ဒါဘီႏိုင္ပြဲနဲ႔ပတ္သက္လို႔ အေတာ္ေလးေက်နပ္ေပ်ာ္ရႊင္ေနပုံရပါတယ္။ ပထမပိုင္းမွာ မာရွယ္က ဒုတိယဂိုးသြင္းၿပီးတဲ့အခ်ိန္မွာ ရုပ္သံကင္မရာေတြက ပြဲၾကည့္စင္မွာရွိတဲ့ ဖာဂူဆန္ကုိ ရုိက္ျပေတာ့ ၿပဳံးေပ်ာ္ေနတဲ့မ်က္ႏွာထားကို ေတြ႕လိုက္ရပါတယ္။ ဒါ့အျပင္ ပြဲအၿပီးမွာ တပည့္ရင္းျဖစ္သူဆုိးလ္ရွားကလည္း သူနဲ႔အတူ မွ်ေ၀ေအာင္ပြဲခံခဲ့တာေၾကာင့္ ဖာဂူဆန္အတြက္ အတိုင္းထက္အလြန္ျဖစ္သြားခဲ့တာပါ။

အဲဒီပြဲက မန္ယူရဲ႕ပထမပိုင္းေျခစြမ္းဟာ အထူးအားရေက်နပ္စရာျဖစ္ခဲ့ၿပီး ဒုတိယပိုင္းမစခင္ ၂ ဂိုးျပတ္နဲ႔ဦးေဆာင္ႏို္င္ေနခဲ့တာပါ။ ပြဲၿပီးခါနီးမွ ေခ်ပဂိုးတစ္ဂိုးျပန္ေပးခဲ့ရေပမယ့္ ေခ်ပဂိုးထပ္မေပးရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ၿပီး တစ္ပတ္အတြင္းမွာပဲ ၿပိဳင္ဘက္အသင္းႀကီးႏွစ္သင္းကို ဆက္တိုက္အႏိုင္ယူႏိုင္ခဲ့တာပါ။ ပြဲၿပီးေတာ့ တစ္သင္းလုံးနဲ႔ နည္းျပအဖြဲ႔၀င္အမ်ားစုဟာ အေ၀းကြင္းပရိသတ္ေတြနဲ႔ အတူဟစ္ေၾကြးေအာင္ပြဲခံခဲ့ၾကၿပီး ဆုိးလ္ရွားကလည္း ကစားသမားတစ္ေယာက္ခ်င္းစီကို ဂုဏ္ျပဳစကားေျပာေနခဲ့တာပါ။

ဥမင္ထဲကို ျပန္သြားဖို႔လုပ္ေတာ့ ဆုိးလ္ရွားဟာ director’s box မွာ အသင္းတာ၀န္ရွိသူအခ်ိဳ႔နဲ႔အတူ နည္းျပဖာဂူဆန္ကိုေတြ႕သြားၿပီး ဒါဘီေအာင္ပြဲအတြက္ ဂုဏ္ျပဳတဲ့အေနနဲ႔ လက္သီးလက္ေမာင္းတန္းျပခဲ့ပါတယ္။ ဖာဂူဆန္နဲ႔အတူ ေနာက္ထပ္မန္ယူဂႏၳ၀င္ျဖစ္တဲ့ဆာေဘာ္ဘီခ်ာလ္တန္တုိ႔ကလည္း ၿပဳံးရႊင္စြာန႔ဲလက္ခုပ္တီးကာ ျပန္လည္အသိအမွတ္ျပဳခဲ့ၾကတာပါ။ ရုပ္သံကေန ေတြ႕လုိက္ရတဲ့ မန္ယူပရိသတ္ေတြအဖို႔ကေတာ့ ဒီျမင္ကြင္းဟာ ၾကည့္ႏူးစရာျဖစ္ပါလိ့မ္မယ္။