ဒါဘီကို 3 ဂိုးတောင်သွင်းနိုင်တဲ့ပွဲက သရဲနီတွေရဲ့စွမ်းဆောင်ရည်သတ်မှတ်ချက်များ……
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
ဒီနေ့မနက်ပိုင်းက ကစားသွားခဲ့တဲ့ ဒါဘီနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ FAဖလားပဉ္စမအဆင့်ပွဲစဉ်မှာတော့ ယူနိုက်တက်အသင်းဟာ အဝေးကွင်းမှာ အိမ်ရှင်အသင်းကို (၃)ဂိုးသွင်းယူပြီး အနိုင်ရလဒ်နဲ့အတူ နောက်တစ်ဆင့်ကိုတက်လှမ်းသွားနိုင်ခဲ့ပါပြီ။ ခြေစွမ်းပြဂိုးသွင်းခဲ့တဲ့သရဲနီသားတွေကတော့ လုခ်ရှောနဲ့ အီဟာလိုတို့ပဲဖြစ်ပါတယ်။ အဲဒီပွဲမှာ သရဲနီသစ်လေး အီဟာလိုက ခြေစွမ်းထက်ပြီး 2 ဂိုးတောင်သွင်းယူနိုင်ခဲ့ ပါတယ်။ ဒီပွဲမှာ လုခ်ရှောဟာ ယူနိုက်တက်ကစားသမားဘဝနဲ့ ဒုတိယမြောက်ဂိုးသွင်းယူနိုင်ခဲ့ပြီး၊ အီဟာလိုကတော့ ယူနိုက်တက်အတွက် 3 ဂိုးမြောက် သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲမှာ အိမ်ရှင်အသင်းဒါဘီဘက်ကတော့ ဝိန်းရွန်းနီအပါအဝင် ကစားသမားအစုံပွဲထုတ်ခဲ့ပါတယ်။ အိမ်ရှင်အသင်းကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ သရဲနီတွေရဲ့စွမ်းဆောင်ရည်အဆင့်တွေကိုတင်ဆက်ပေးလိုက်ပါတယ်။
photo internet
ရိုးမဲရိုး – 9
ယူနိုက်တက်ကစားသမားဟောင်းဝိန်းရွန်းနီ ရဲ့ တိုက်စစ်ဆင်ကန်ချက်တွေ နဲ့ ဖရီးကစ် တွေကို ကာကွယ် နိုင်ခဲ့ပြီး အသင်း အတွက် နောက်ထပ် Clean Sheet ရယူ ပေးသွား နိုင်ခဲ့ ပါတယ် ။
ဒါးလော့ – 6
ခံစစ်ပိုင်းကောင်းမွန်တဲ့အနေအထားရှိပေမယ့် တိုက်စစ်ဆင်တဲ့နေရာမှာတော့လိုအပ်ချက်တွေရှိခဲ့ပါတယ်။
လင်ဒီလော့ဖ်-8
အသင်းဖော်တွေနဲ့ချိတ်ဆက်ပိုင်းမဆိုးသလို၊ ခံစစ်အနေအထားလည်း ကောင်းမွန်ခဲ့ပါတယ်။
photo internet
ဘိုင်လီ -8
ဒီပွဲမှာ မက်ဂွားယား မပါဝင်နိုင် ခဲ့ပေမယ့် ဘိုင်လီကတော့ ခြေစွမ်းပိုင်းတည်ငြိမ်ခဲ့ပါတယ်။
လုခ်ရှော-8
ဒီပွဲအတွက်အဖွင့်ဂိုး သွင်းယူ ပေးခဲ့တဲ့ သရဲနီတပ်သားဖြစ်ပြီး၊ တိုက်စစ်အတွက်များစွာ အထောက်အပံ့ဖြစ်ခဲ့ပါတယ်။
ဖရက်ဒ် -7
စွမ်းအားပြည့်ကစားနိုင်စွမ်းကိုမြင်ရပါမယ်။ အသင်းဖော်တွေနဲ့ ချိတ်ဆက် ကစားပုံ ကောင်းမွန်ခဲ့ ပြီး၊ ဘောလုံးပေးပို့တဲ့နေရာမှာ ကောင်းမွန်တဲ့အကွက်တွေရှိခဲ့ပေမယ့် အောင်မြင်မှုတော့မရှိခဲ့ပါဘူး။
photo internet
တော်မီနေး-6
ကွင်းလယ်ပိုင်းအတွက် တာဝန်ကျေပွန်အောင်ထမ်းဆောင်ခဲ့သူပါ။ ဒဏ်ရာကြောင့် အပြည့်အဝအနား ယူခွင့်ရခဲ့ပြီး၊ အားအင်အပြည့်နဲ့ကွင်းထဲပြန်ဝင်လာခဲ့ပါတယ်။
မာတာ -7
အသင်း ခေါင်းဆောင် အဖြစ် ပါဝင်ခွင့် ရရှိခဲ့ ပေမယ့် ဘောလုံး ထိတွေ့တဲ့အပိုင်းအရမ်းမများခဲ့ပါဘူး။ တိုက်စစ် ကစားသမား တွေကိုတော့ အထောက်အပံ့ ကောင်းတွေ ပေးနိုင်ခဲ့ ပါတယ် ။
ဖာနန်ဒက်စ် -7
ဒီပွဲမှာ မင်းသားမဖြစ်ခဲ့ပေမယ့် ခြေစွမ်းပိုင်းကတော့ကောင်းမွန်ဆဲပါ။ ဘောလုံးပေးပို့တာတွေ၊ တိုက်စစ်ဆင်တာတွေကို အကောင်းဆုံးလုပ်ဆောင်ပေးခဲ့ပါတယ်။
photo internet
လင်ဂတ် -6
အဖွင့်ဂိုးက သူ့ရဲ့ နောက်ကျောကို ထိပြီး ရရှိ ခဲ့တာပါ ။ ကစားပုံ မဆိုးပါဘူး။ ဒါပေမယ့် စိတ်ဓာတ်ပိုင်း ပြင်းပြင်းထန်ထန်နဲ့ ပိုပြီးကြိုးစားဖို့လိုပါသေးတယ်။
အီဟာလို – 9
ဖာနန်ဒက်စ်ဆီက မင်းသားဘွဲ့ကို ဒီပွဲမှာပြောင်းလွဲရယူခဲ့သူပါ။ အသင်းဖော်တွေနဲ့အတူတိုက်စစ်မှာ အကောင်းဆုံးတွဲဖက်ကစားပြခဲ့ပြီးအဆုံးသတ်ပိုင်းလည်းကောင်းပါတယ်။
photo internet
လူစားဝင် ကစားသမားတွေဖြစ်တဲ့ ပါရဲရားကတော့ အဆင့်သတ်မှတ်ချက် 5 ရပြီး၊ မာရှယ်ကတော့ အဆင့်6 ရကာ၊ ဝီလီယမ်ကတော့ အဆင့် 5.5 ရပါတယ်။ ယူနိုက်တက်အသင်းဟာလာမယ့်တနင်္ဂနွေနေ့မှာ မန်စီးတီးနဲ့ ကန်ရဖို့ရှိနေတာကြောင့် အဓိက ကစားသမားအချို့ကိုအနားပေးထားခဲ့ပြီးတော့ အရန်ကစားသမားအများစု နဲ့သာ ပွဲထွက်လာခဲ့ပါတယ်။ ဒါဘီအသင်းရဲ့ထိုးဖောက်မှုတွေကို ယူနိုက်တက်ဂိုးသမားနဲ့ နောက်တန်းတွေက အကောင်းဆုံးကာကွယ်နိုင်ခဲ့တာကြောင့် ဒါဘီတို့အတွက် အိမ်ကွင်းမှာ ရဂိုးမရှိနဲ့ ရှုူံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် ရွန်းနီဦးဆောင်တဲ့ ဒါဘီကွင်းလယ်ထက် ဖာနန်ဒက်စ်၊ ဖရက်ဒ်နဲ့ တိုမီနေးတို့ ဦးဆောင်ခဲ့တဲ့ ယူနိုက်တက်ကွင်းလယ်ပိုင်းက အများကြီးသာလွန်နေခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်တို့ဟာ ပွဲစဉ်ဆက်တိုက် ရှုံးပွဲမရှိထားတာကြောင့် ပြေးလမ်းပေါ်မှာအရှိန်ရနေပါပြီ။ အခုနိုင်ပွဲကြောင့် ယူနိုက်တက် တို့ ကွာတား ဖိုင်နယ် အဆင့် မှာ နောဝှစ်ချ် အသင်းနဲ့ ရင်ဆိုင် ရပါ တော့မယ် ။
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
(Zawgyi Version)
ရိုးမဲရိုး – 9
ဒါးလော့ – 6
လင်ဒီလော့ဖ်-8
ဘိုင်လီ -8
လုခ်ရှော-8
ဖရက်ဒ် -7
တော်မီနေး-6
မာတာ -7
ဖာနန်ဒက်စ် -7
လင်ဂတ် -6
အီဟာလို – 9