ဒါဘီကိုနိုင်စေချင်ပေမယ့် အဲဒီပွဲပြီးရင် မန်ယူပရိသတ်ပါပဲလို့ ဆိုလိုက်တဲ့ရွန်နီ

photo-gettyimages

photo-gettyimages

ဝိန်းရွန်နီတစ်ယောက် အက်ဖ်အေဖလားမှာ သူ့အသင်းဟောင်းမန်ယူနဲ့ ပြန်လည်ရင်ဆိုင်တွေ့ရမယ့်အပေါ် အကျေနပ်ကြီး ကျေနပ်နေပါတယ်။ ဒါ့အပြင် မဲခွဲမှုလုပ်တော့ ဒါဘီအသင်းဘတ်စ်ကားပေါ်မှာ ရှိနေခဲ့ပြီး မန်ယူနဲ့ကျတယ်လို့ သိလိုက်ရချိန်မှာ ကားပေါ်မှာရှိသူအားလုံးပျော်ရွှင်သွားခဲ့ကြကြောင်းလည်း ဝန်ခံခဲ့ပါတယ်။ ရွန်နီဟာ ပြီးခဲ့တဲ့လ နော့သမ်တန်ကို ၄-၂ နဲ့အနိုင်ရခဲ့တဲ့အက်ဖ်အေဖလားပွဲမှာ ဂိုးသွင်းယူခဲ့ပြီး အဲဒီနိုင်ပွဲကြောင့်လည်း မန်ယူနဲ့ ပြန်လည်ဆုံတွေ့ခွင့်ရခဲ့တာပါ။

photo-gettyimages

”ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ မဲခွဲတုန်းက ကျွန်တော်တွေ့ချင်ခဲ့တဲ့တစ်သင်းက မန်ယူဖြစ်ခဲ့တာပါ။ အဲဒီအချိန် ကျွန်တော်တို့ဟာ အသင်းဘတ်စ်ကားပေါ်မှာ ရှိနေကြပြီး မန်ယူဆိုတဲ့အသံလည်းကြားရော ချီးယားလုပ်ခဲ့ကြပါတယ်”လို့ အက်ဖ်အေဖလားပွဲမတိုင်ခင် ရွန်နီက မန်ယူအသင်းဝက်ဘ်ဆိုဒ်နဲ့အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

photo-gettyimages

ရွန်နီဟာ အဲဗာတန်ကိုပြန်ရောက်သွားတဲ့ ၂၀၁၇-၁၈ ရာသီမှာ မန်ယူနဲ့ ၂ ကြိမ်ရင်ဆိုင်တွေ့ခဲ့ပေမယ့် ၄-ဝ၊ ၂-ဝ တွေနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ သူဟာ မန်ယူကို ပြိုင်ဘက်အနေနဲ့ ဂိုးမသွင်းဖူးသေးပေမယ့် ဒီတစ်ကြိမ်မှာ ဂိုးသွင်းနိုင်ရင် အောင်ပွဲခံမယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ မန်ယူကစားသမားဘဝအစ အဲဗာတန်ကိုပြန်သွားစဉ်တုန်းက ဂိုးသွင်းပြီး ရင်ဘတ်က အသင်းအမှတ်တံဆိပ်ကိုနမ်းတာမျိုး ထပ်မလုပ်တော့ဘူးလို့ ပြောခဲ့ပါတယ်။ “ဂိုးသွင်းရင် အောင်ပွဲခံမှာဖြစ်ပေမယ့် အဲဒါမျိုး ကျွန်တော် ထပ်မလုပ်တော့ပါဘူး။ ဒါကို အားလုံးနားလည်မှာပါ။ ဒီပွဲမှာ ဒါဘီကိုနိုင်စေချင်ပေမယ့် အဲဒီပွဲပြီးရင်တော့ ကျွန်တော်ဟာ မန်ယူပရိသတ်တစ်ယောက်အဖြစ် ပြန်ရှိနေမှာပါ။ ကျွန်တော်တို့နဲ့ပွဲပြီးရင် ကျန်တဲ့ပွဲတွေမှာ မန်ယူကို နိုင်စေချင်ပါတယ်”လို့ ရွန်နီက ပြောကြားသွားခဲ့တာပါ။

[Zawgyi]

ဒါဘီကိုႏိုင္ေစခ်င္ေပမယ့္ အဲဒီပဲြၿပီးရင္ မန္ယူပရိသတ္ပါပဲလုိ႔ ဆိုလိုက္တဲ့ရြန္နီ

၀ိန္းရြန္နီတစ္ေယာက္ အက္ဖ္ေအဖလားမွာ သူ႔အသင္းေဟာင္းမန္ယူနဲ႔ ျပန္လည္ရင္ဆုိင္ေတြ႕ရမယ့္အေပၚ အေက်နပ္ႀကီး ေက်နပ္ေနပါတယ္။ ဒါ့အျပင္ မဲခြဲမႈလုပ္ေတာ့ ဒါဘီအသင္းဘတ္စ္ကားေပၚမွာ ရွိေနခဲ့ၿပီး မန္ယူနဲ႔က်တယ္လို႔ သိလုိက္ရခ်ိန္မွာ ကားေပၚမွာရွိသူအားလုံးေပ်ာ္ရႊင္သြားခဲ့ၾကေၾကာင္းလည္း ၀န္ခံခဲ့ပါတယ္။ ရြန္နီဟာ ၿပီးခဲ့တဲ့လ ေနာ႔သမ္တန္ကို ၄-၂ နဲ႔အႏိုင္ရခဲ့တဲ့အက္ဖ္ေအဖလားပြဲမွာ ဂိုးသြင္းယူခဲ့ၿပီး အဲဒီႏိုင္ပြဲေၾကာင့္လည္း မန္ယူနဲ႔ ျပန္လည္ဆုံေတြ႕ခြင့္ရခဲ့တာပါ။

”ကၽြန္ေတာ္ မေစာင့္ႏုိင္ေတာ့ပါဘူး။ မဲခြဲတုန္းက ကၽြန္ေတာ္ေတြ႕ခ်င္ခဲ့တဲ့တစ္သင္းက မန္ယူျဖစ္ခဲ့တာပါ။ အဲဒီအခ်ိန္္ ကၽြန္ေတာ္တုိ႔ဟာ အသင္းဘတ္စ္ကားေပၚမွာ ရွိေနၾကၿပီး မန္ယူဆုိတဲ့အသံလည္းၾကားေရာ ခ်ီးယားလုပ္ခဲ့ၾကပါတယ္”လို႔ အက္ဖ္ေအဖလားပြဲမတိုင္ခင္ ရြန္နီက မန္ယူအသင္း၀က္ဘ္ဆိုဒ္နဲ႔အင္တာဗ်ဴးမွာ ေျပာၾကားခဲ့ပါတယ္။

ရြန္နီဟာ အဲဗာတန္ကိုျပန္ေရာက္သြားတဲ့ ၂၀၁၇-၁၈ ရာသီမွာ မန္ယူနဲ႔ ၂ ႀကိမ္ရင္ဆုိင္ေတြ႕ခဲ့ေပမယ့္ ၄-၀၊ ၂-၀ ေတြနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။ သူဟာ မန္ယူကို ၿပိဳင္ဘက္အေနနဲ႔ ဂိုးမသြင္းဖူးေသးေပမယ့္ ဒီတစ္ႀကိမ္မွာ ဂိုးသြင္းႏိုင္ရင္ ေအာင္ပြဲခံမယ္လို႔ ဆိုခဲ့ပါတယ္။ ဒါေပမဲ့ မန္ယူကစားသမားဘ၀အစ အဲဗာတန္ကိုျပန္သြားစဥ္တုန္းက ဂိုးသြင္းၿပီး ရင္ဘတ္က အသင္းအမွတ္တံဆိပ္ကိုနမ္းတာမ်ိဳး ထပ္မလုပ္ေတာ့ဘူးလို႔ ေျပာခဲ့ပါတယ္။ “ဂိုးသြင္းရင္ ေအာင္ပြဲခံမွာျဖစ္ေပမယ့္ အဲဒါမ်ိဳး ကၽြန္ေတာ္ ထပ္မလုပ္ေတာ့ပါဘူး။ ဒါကို အားလုံးနားလည္မွာပါ။ ဒီပြဲမွာ ဒါဘီကိုႏိုင္ေစခ်င္ေပမယ့္ အဲဒီပြဲၿပီးရင္ေတာ့ ကၽြန္ေတာ္ဟာ မန္ယူပရိသတ္တစ္ေယာက္အျဖစ္ ျပန္ရွိေနမွာပါ။ ကၽြန္ေတာ္တို႔နဲ႔ပြဲၿပီးရင္ က်န္တဲ့ပြဲေတြမွာ မန္ယူကို ႏိုင္ေစခ်င္ပါတယ္”လို႔ ရြန္နီက ေျပာၾကားသြားခဲ့တာပါ။