

စပါးအသင်းနည်းပြ မော်ရင်ဟိုက ဒယ်လီအယ်လီဟာကွင်းလယ်လူ မဟုတ်တော့ဘဲ သူ့လုပ်အားနှုန်းနဲ့ခြေစွမ်းဟာ ဘာမှထပ်ပြီးတောင်းဆိုစရာမလိုလောက် အောင်ကောင်းမွန်ခဲ့တယ်လို့ ဘုန်းမောက်ကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ချီးကျူ းစကားပြောကြားလိုက်ပါတယ်။
အသက် ၂၃ နှစ်ရှိတဲ့ အယ်လီဟာစပါးမှာစတင်နေရာ ရလာပြီးနောက် ၃ နှစ်ဆက်ခြေစွမ်းပြခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီကရော အခုရာသီအစပိုင်းမှာပါရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့်မော်ရင်ဟိုတာဝန်ယူပြီးနောက် အယ်လီဟာခြေစွမ်းပြန်ပြလာနေပြီး ဘုန်းမောက်နဲ့ပွဲမှာ ၂ ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့ပါတယ်။

မော်ရင်ဟိုဟာ အယ်လီကိုကွင်းလယ်ထက် တိုက်စစ်ကိုပိုမိုလိုက်ပါကစားစေခဲ့တာကြောင့် သူဟာ ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်တို့နဲ့အတူ ချိတ်ဆက်ကစားပုံတွေကောင်းမွန်ခဲ့ပါတယ်။ အခုလိုမျိုး အယ်လီခြေစွမ်းပြန်ပြနေတဲ့အပေါ် မော်ရင်ဟိုကကျေနပ်နေပြီး လုပ်အားနှုန်းလည်းကောင်းမွန်ခဲ့သူလို့ ဆိုခဲ့ပါတယ်။

သူက”ကစားသမားတစ်ဦးအကြောင်း ဘာမှပြောစရာမလိုအောင်ဖြစ်တာဟာ နည်းပြတစ်ဦးအတွက် အကောင်းဆုံးသောအရာပါဘဲ။ သူဟာကျွန်တော့်အတွက် ကွင်းလယ်လူမဟုတ်တော့ပါဘူး။ တိုက်စစ်ကစားသမားတွေနဲ့ သူ့ကိုလွတ်လပ်စွာလိုက်ပါ ကစားစေတာဟာ သူ့အတွက်အကောင်းဆုံးနေရပါဘဲ။

ကစားပုံလည်းတကယ်ကောင်းခဲ့တဲ့သူပါ။ ဂိုးသွင်းတယ်၊ ဖန်တီးပေးတယ်၊ လုပ်အားနှုန်းလည်းကောင်းတဲ့အတွက် သူ့ဆီကနေ ကျွန်တော်ဘာများထပ်ပြီးတောင်းဆိုနေရ ဦးမှာလည်း။ သူဟာ ဒီကနေ့မှာယုံကြည်မှုအပြည့်နဲ့ ကစားသွားနိုင်ခဲ့တာပါ။ တစ်ခါတလေကျတော့လည်း ဘယ်ကစားသမားမဆို အကောင်းဆုံပုံစံမရတဲ့နေ့ရှိမှာပါဘဲ” လို့ပြောသွားပါတယ်။

Zawgyi
ဒယ္လီအယ္လီဆီကေန ဒီ႔ထပ္ပိုၿပီးေတာင္းဆိုလို႔မရေတာ႔ဘူးလို႔ ေမာ္ရင္ဟိုခ်ီးက်ဴ း
စပါးအသင္းနည္းျပ ေမာ္ရင္ဟိုက ဒယ္လီအယ္လီဟာကြင္းလယ္လူ မဟုတ္ေတာ႔ဘဲ သူ႔လုပ္အားႏႈန္းနဲ႔ေျခစြမ္းဟာ ဘာမွထပ္ၿပီးေတာင္းဆိုစရာမလိုေလာက္ ေအာင္ေကာင္းမြန္ခဲ့တယ္လို႔ ဘုန္းေမာက္ကို ၃-၂ နဲ႔အႏိုင္ရခဲ့တဲ႔ ပြဲစဥ္အၿပီးမွာ ခ်ီးက်ဴ းစကားေျပာၾကားလိုက္ပါတယ္။
အသက္ ၂၃ ႏွစ္ရွိတဲ႔ အယ္လီဟာစပါးမွာစတင္ေနရာ ရလာၿပီးေနာက္ ၃ ႏွစ္ဆက္ေျခစြမ္းျပခဲ့ေပမယ္႔ ၿပီးခဲ့တဲ႔ရာသီကေရာ အခုရာသီအစပိုင္းမွာပါရုန္းကန္ခဲ့ရပါတယ္။ ဒါေပမယ္႔ေမာ္ရင္ဟိုတာ၀န္ယူၿပီးေနာက္ အယ္လီဟာေျခစြမ္းျပန္ျပလာေနၿပီး ဘုန္းေမာက္နဲ႔ပြဲမွာ ၂ ဂိုးသြင္းယူကာ ေျခစြမ္းျပခဲ့ပါတယ္။
ေမာ္ရင္ဟိုဟာ အယ္လီကိုကြင္းလယ္ထက္ တိုက္စစ္ကိုပိုမိုလိုက္ပါကစားေစခဲ့တာေၾကာင့္ သူဟာ ဟယ္ရီကိန္း၊ ဆြန္ေဟာင္မင္တို႔နဲ႔အတူ ခ်ိတ္ဆက္ကစားပုံေတြေကာင္းမြန္ခဲ့ပါတယ္။ အခုလိုမ်ဳိး အယ္လီေျခစြမ္းျပန္ျပေနတဲ႔အေပၚ ေမာ္ရင္ဟိုကေက်နပ္ေနၿပီး လုပ္အားႏႈနး္လည္းေကာင္းမြန္ခဲ့သူလို႔ ဆိုခဲ့ပါတယ္။
သူက”ကစားသမားတစ္ဦးအေၾကာင္း ဘာမွေျပာစရာမလိုေအာင္ျဖစ္တာဟာ နည္းျပတစ္ဦးအတြက္ အေကာင္းဆုံးေသာအရာပါဘဲ။ သူဟာက်ြန္ေတာ္႔အတြက္ ကြင္းလယ္လူမဟုတ္ေတာ႔ပါဘူး။ တိုက္စစ္ကစားသမားေတြနဲ႔ သူ႔ကိုလြတ္လပ္စြာလိုက္ပါ ကစားေစတာဟာ သူ႔အတြက္အေကာင္းဆုံးေနရပါဘဲ။
ကစားပုံလည္းတကယ္ေကာင္းခဲ့တဲ႔သူပါ။ ဂိုးသြင္းတယ္၊ ဖန္တီးေပးတယ္၊ လုပ္အားႏႈန္းလည္းေကာင္းတဲ႔အတြက္ သူ႔ဆီကေန က်ြန္ေတာ္ဘာမ်ားထပ္ၿပီးေတာင္းဆိုေနရ ဦးမွာလည္း။ သူဟာ ဒီကေန႔မွာယုံၾကည္မႈအျပည့္နဲ႔ ကစားသြားႏိုင္ခဲ့တာပါ။ တစ္ခါတေလက်ေတာ႔လည္း ဘယ္ကစားသမားမဆို အေကာင္းဆုံပုံစံမရတဲ႔ေန႔ရွိမွာပါဘဲ” လို႔ေျပာသြားပါတယ္။