ဒမ်ဘီလီနဲ့ ပတ်သက်ပြီး အံ့အားသင့်ဖွယ်စကားတွေကို ထုတ်ပြောလာတဲ့ ဇာဗီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာနည်းပြအဖြစ် တရားဝင်ခန့်အပ်ခြင်းခံလိုက်ရပြီဖြစ်တဲ့ ဇာဗီဟာ အသင်းနဲ့မိတ်ဆက်ပွဲကို ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

ဇာဗီဟာ ရောက်ရောက်ချင်းမှာပဲ အသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ တောင်ပံကစာသမားဒမ်ဘီလီကို ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာနိုင်သူလို့ ပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် ဇာဗီက ဒမ်ဘီလီကို စာချုပ်သစ်ချုပ်ဆိုဖို့ ကိစ္စကို ဦးစားပေးလုပ်ရပ်အဖြစ် သတ်မှတ်ထားကြောင်းလည်း သိရပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တောင်ပံ ကစားသမား ဒမ်ဘီလီကတော့ ၂၀၁၇ခုနှစ်မှာ ဒေါ့မွန်အသင်း ကနေ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၂၁သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး

ပင်ကိုယ်ခြေစွမ်း ထက်မြက်ပေမယ့် ကြံ့ခိုင်မှု အားနည်းချက်ကြောင့် ဘာစီလိုနာအသင်းရဲ့ အဆိုးဝါးဆုံး ခေါ်ယူမှုတွေထဲက တစ်ခု အဖြစ် သတ်မှတ်ခံထားရပါတယ်။

လက်ရှိအချိန်မှာတော့ ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ၈လသာ ကျန်ရှိတော့ပြီး ဘာစီလိုနာအသင်းက ဒမ်ဘီလီကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေတာပါ။

ဇာဗီက “ ဒမ်ဘီလီက ကမ္ဘာ့အကောင်းဆုံး တောင်ပံကစားသမား ဖြစ်လာနိုင်တဲ့ အလားအလာကို ပိုင်ဆိုင်ထားသူပါ။

သူ့မှာ ထူးခြားတဲ့ အရည်အသွေးတွေ ရှိသလို အနိုင်ရလိုစိတ် ရှိတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဒါကြောင့် အခုချိန်မှာ သူ့ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့က ကျွန်တော်တို့ အတွက် အရေးကြီးပါတယ်။

ကျွန်တော်က သူနဲ့အတူ အလုပ်တွဲလုပ်ချင်တယ်။ ပြီးတော့ သူ့ဆီကနေလည်း လိုချင်တဲ့ အရာတွေ အများကြီး ရှိပါတယ်။

ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာမလား ၊ မဖြစ်လာဘူးလား ဆိုတာကတော့ သူ့အပေါ်မှာ အများကြီး မူတည်ပါသေးတယ်။

သူက အများကြီး ကြိုးစားရမယ်။ ပြီးတော့ ဒဏ်ရာတွေ ထပ်မရအောင် ကာကွယ်နိုင်ဖို့ လိုပါလိမ့်မယ်” လို့ ချီးကျူးခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi






