ဒန်နီရယ်ဂျိမ်းစ် ဘာကြောင့် ပုံစံကောင်း ပြန်လည်ရရှိခဲ့တယ်ဆိုတာ ဆိုးရှား ရှင်းလင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အိုလေ ဂန်နား ဆိုးရှားက မန်ချက်စတာ ယူနိုက်တက်အတွက် သွင်းဂိုးတွေရယူပေးနေတဲ့ ဒန်နီရယ်ဂျိမ်းစ် ပုံစံကောင်းပြန်လည်ရရှိလာမှုနောက်ကွယ်က အကြောင်းပြချက်တွေဟာ ကြိုးစားမှု နှင့် မိမိကိုယ်ကိုယ် ယုံကြည်ချက်တွေ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ဝေးလ်စ်ကြယ်ပွင့် ကစားသမားဟာ ယခုတစ်ပတ် ရီးရီးဆိုစီဒက်စ် နှင့် နယူးကာဆယ် ပွဲစဥ်တွေမှာ သွင်းဂိုး ( ၂ ) ဂိုး ရယူနိုင်ခဲ့ပြီး နောက်ဆုံး ပါဝင်ကစားခဲ့တဲ့ ( ၃ ) ပွဲမှာ ( ၃ ) ကြိမ် အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဂျိမ်းစ်ဟာ ယူနိုက်တက်ကို စတင်ရောက်ရှိလာပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရုန်းကန်ခဲ့ရပါတယ်။ ဒီရာသီမှာတော့ ( ၁၂ ) ပွဲမှာ ( ၆ ) ဂိုးထိ သွင်းယူထားပြီး မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။

နယူးကာဆယ် အသင်းကို ( ၃ -၁ ) အနိုင်ရခဲ့တဲ့ ပွဲစဥ်အပြီး ပုံမှန်ခြေစွမ်း ပြန်လည်ရရှိလာတဲ့ ဒန်နီရယ် ဂျိမ်းစ်နဲ့ ပတ်သက်ပြီး BT Sport က မေးမြန်းရာမှာ ဆိုးရှားက “ သူဘယ်တုန်းကမှ ခြေစွမ်း ပျောက်ကွယ်သွားတာမျိုး မရှိပါဘူး။ နောက်ကွယ်မှာ ပြင်းပြင်းထန်ထန်ကြိုးစားနေပြီး အမြဲအသင့်ရှိနေသူပါ။ လိုအပ်တဲ့ နေရာမှာစွမ်းအင်အပြည့် မြန်နှုန်းနဲ့ ကစားပေးနိုင်သူဖြစ်ပါတယ်။

သူက လေ့လာနေသူတစ်ယောက်ဖြစ်ပါတယ်။ သူ့အတွက် ပျော်ရွှင်မိပါတယ်။ကြံ့ခိုင်မှုပြည့်ဝပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြန်လည်ရရှိဖို့ အမှတ်တကယ် ကြိုးစားနေသူပါ” လို့ ဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi



