ဒန်နီရယ်ဂျိမ်းစ်ကို ဆက်လက်ထိန်းထားအုံးမယ့် ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းဟာ ဝေလတောင်ပံကစားသမား ဂျိမ်းစ်အတွက် ကမ်းလှမ်းမှုများကို ပယ်ချဖို့ ဆုံးဖြတ်ထားပါတယ်။

ယူနိုက်တက်ဟာ ဆန်ချိုကိုခေါ်ယူပြီးနောက် ဂျိမ်းစ်တစ်ယောက် အသင်းပြောင်းဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့တာဖြစ်ပြီး၊ နည်းပြ ဆိုးလ်ရှားက သူ့ကစားသမားကို လက်မလွှတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

တစ်ဖက်ကနေ စဉ်းစားမယ်ဆိုရင် ဝေးလ်သားဟာ ဆိုးလ်ရှားလက်အောက်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာဖြစ်ပြီး အခုလိုဆန်ချိုရောက်လာချိန် သူ့အနာဂတ်ပွဲထွက်ခွင့်အတွက် စိတ်ပူတာလည်း ဖြစ်သင့်ပါတယ်။

ဂျိမ်းစ်ရဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သက်ပြီး လိဒ် နဲ့ ဘရိုက်တန်တို့က စိတ်ဝင်စားနေပါတယ်။

နည်းပြ ဆိုးလ်ရှားကတော့ အသက် ၂၃ နှစ်သားကို ရက်ရှ်ဖို့ဒ်ဒဏ်ရာအခြေအနေကြောင့် နေရာပေးဖို့ ပြင်ဆင်လာတယ်လို့ သိရပါတယ်။

ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတွင် ပရီးမီးယားလိဂ် ၁၁ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။

၂၀၁၉ခုနှစ် တွင် ဆွမ်ဆီးမှ ပေါင် ၁၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဂျိမ်းစ်ဟာ သူ့ရဲ့ ပထမရာသီတွင် ၂၆ ပွဲ ပွဲထွက်ခွင့်ရခဲ့တာကြောင့် များစွာလျော့နည်းလာတာဖြစ်ပါတယ်။

ဂျိမ်းစ်နဲ့ ယူနိုက်တက်တို့ကြားစာချုပ်သက်တမ်းက ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး ၁ နှစ်စာချုပ်သက်တမ်းတိုးခွင့်ပါရှိနေကာ ယူနိုက်တက်ကတော့ အသင်းမှာဆက်ထိန်းဖို့ စာချုပ်သစ် ပြင်ဆင်နေပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ ဝေလလက်ရွေးစင် ဂျိမ်းစ်ဟာ ယမန်နေ့ညက ကစားခဲ့တဲ့ ကျူပီအာနှင့် ခြေစမ်းပွဲတွင် ပွဲထွက်ကစားသမားအဖြစ်ပါဝင်ကစားခဲ့ပြီး အဲဒီပွဲမှာတော့ ယူနိုက်တက်တို့ဟာ ၄ဂိုး-၂ ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒန္နီရယ္ဂ်ိမ္းစ္ကို ဆက္လက္ထိန္းထားအုံးမယ့္ ယူႏိုက္တက္

ယူႏိုက္တက္အသင္းဟာ ေဝလေတာင္ပံကစားသမား ဂ်ိမ္းစ္အတြက္ ကမ္းလွမ္းမႈမ်ားကို ပယ္ခ်ဖို႔ ဆုံးျဖတ္ထားပါတယ္။ယူႏိုက္တက္ဟာ ဆန္ခ်ိဳကိုေခၚယူၿပီးေနာက္ ဂ်ိမ္းစ္တစ္​ေယာက္ အသင္းေျပာင္းဖြယ္ရွိေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့တာျဖစ္ၿပီး၊ နည္းျပ ဆိုးလ္ရွားက သူ႔ကစားသမားကို လက္မလႊတ္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

တစ္ဖက္က​ေန စဥ္းစားမယ္ဆိုရင္ ေဝးလ္သားဟာ ဆိုးလ္ရွားလက္ေအာက္မွာ ေျခစြမ္းျပဖို႔ ႐ုန္းကန္ေနရတာျဖစ္ၿပီး အခုလိုဆန္ခ်ိဳေရာက္လာခ်ိန္ သူ႔​အနာဂတ္ပြဲထြက္ခြင့္အတြက္ စိတ္ပူတာလည္း ျဖစ္သင့္ပါတယ္။

ဂ်ိမ္းစ္ရဲ႕ အ​ေျပာင္းအ​ေ႐ႊ႕ကိစၥနဲ႔ ပတ္သက္ၿပီး လိဒ္ နဲ႔ ဘ႐ိုက္တန္တို႔က စိတ္ဝင္စားေနပါတယ္။ နည္းျပ ဆိုးလ္ရွားကေတာ့ အသက္ ၂၃ ႏွစ္သားကို ရက္ရွ္ဖို႔ဒ္ဒဏ္ရာအေျခအေနေၾကာင့္ ေနရာေပးဖို႔ ျပင္ဆင္လာတယ္လို႔ သိရပါတယ္။

ဂ်ိမ္းစ္ဟာ ၿပီးခဲ့တဲ့ေဘာလုံးရာသီတြင္ ပရီးမီးယားလိဂ္ ၁၁ ပြဲသာ ပြဲထြက္ခြင့္ရခဲ့ပါတယ္။ ၂၀၁၉ခုႏွစ္ တြင္ ဆြမ္ဆီးမွ ေပါင္ ၁၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တဲ့ ဂ်ိမ္းစ္ဟာ သူ႔ရဲ႕ ပထမရာသီတြင္ ၂၆ ပြဲ ပြဲထြက္ခြင့္ရခဲ့တာေၾကာင့္ မ်ားစြာေလ်ာ့နည္းလာတာျဖစ္ပါတယ္။

ဂ်ိမ္းစ္နဲ႔ ယူႏိုက္တက္တို႔ၾကားစာခ်ဳပ္သက္တမ္းက ၂၀၂၄ ခုႏွစ္မွာ ကုန္ဆုံးမွာျဖစ္ၿပီး ၁ ႏွစ္စာခ်ဳပ္သက္တမ္းတိုးခြင့္ပါရွိေနကာ ယူႏိုက္တက္ကေတာ့ အသင္းမွာဆက္ထိန္းဖို႔ စာခ်ဳပ္သစ္ ျပင္ဆင္ေနပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ရွိ ေဝလလက္ေ႐ြးစင္ ဂ်ိမ္းစ္ဟာ ယမန္ေန႔ညက ကစားခဲ့တဲ့ က်ဴပီအာႏွင့္ ေျခစမ္းပြဲတြင္ ပြဲထြက္ကစားသမားအျဖစ္ပါဝင္ကစားခဲ့ၿပီး အဲဒီပြဲမွာ​ေတာ့ ယူႏိုက္တက္တို႔ဟာ ၄ဂိုး-၂ ဂိုးနဲ႔ အရွက္တကြဲ ရႈံးနိမ့္ခဲ့ပါတယ္။