ဒန်နီယယ်ဂျိမ်းစ်ဟာ ဘီလာရုဒ် နဲ့ပွဲမှာ ခြေစွမ်းကောင်းတွေပြနေတော့ ယူနိုက်တက် ပရိသတ်တွေ လွမ်းအောင်လုပ်နေသလို ဖြစ်နေတယ်…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဝေလ်းတောင်ပံကစားသမားလေးဂျိမ်းစ်ဟာနိုင်ငံလက်ရွေးစင်အသင်းနဲ့အတူအထူးခြေစွမ်းပြသနေပါတယ်။

ဝေလ်းအသင်းဟာအဝေးကွင်းမှာကစားရခက်တဲ့ ဘီလာရုဒ် အသင်းကို၂-၃ရလဒ်နဲ့အနိုင်ရရှိခဲ့တာဖြစ်ပြီးအဆိုပါပွဲစဉ်အတွင်းမှာဂျိမ်းစ်ရဲ့ဖြတ်တင်ဘောတွေပြေးအားတွေနဲ့ထိုးဖေါက်ကစားဟန်တွေဟာ

အတော်ကိုကောင်းမွန်ခဲ့တာကြောင့်ယူနိုက်တက်ပရိသတ်တွေရောလိဒ်အသင်းမှပရိသတ်တွေကပါဂျိမ်းစ်ကိုချီးကျူးမှုတွေပြုလုပ်ခဲ့ကြပါတယ်။

ယူနိုက်တက် အသင်းဟာ ၂၀၁၉ ခုနှစ် နွေအပြောင်းအရွှေ့တုန်းက ဆွမ်ဆီး အသင်းကနေ ဝေးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမားဖြစ်သူ ဒန်နီယယ် ဂျိမ်းစ်ကို ပေါင် 15 သန်း + အပိုဆုကြေး နဲ့ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ နှစ်နှစ် အကြာမှာတော့ ယူနိုက်တက်တို့ဟာ 23 နှစ် အရွယ် ဝေးလ် လက်ရွေးစင် ကစားသမားဖြစ်သူကို ပေါင် 25 သန်း + အပိုဆုကြေး တစ်ရပ် နဲ့ ပရီးမီးယားလိဂ် ပြိုင်ဖက် အသင်း ဖြစ်တဲ့ လိဒ်စ် ယူနိုက်တက် အသင်းဆီ ရောင်းထုတ်ခဲ့ပါတယ်။

ယူနိုက်တက်ပရိသတ်တွေကတော့အခုဆိုရင်ဂျိမ်းစ်ရဲ့တန်ဖိုးဟာနောက်ထပ်ပေါင်၅သန်းလောက်တက်သွားပြီး၊ ဂျိမ်းစ်ကိုရောင်းချဖို့ဆုံးဖြတ်ခဲ့တဲ့ယူနိုက်တက်အသင်းရဲ့ဆုံးဖြတ်ချက်မှားယွင်းသွားပြီလား ဆိုပြီး နောင်တရသလိုမျိုး သုံးသပ်နေကြပါတယ်။

မနေ့က ဂျိမ်းစ်တို့ အသင်းဟာ အဝေးကွင်းမှာ ဘီလာရုဒ် ၂-၁ရလဒ်နဲ့ ရှုံးနိမ့်နေရာမှ၂-၃ရလဒ်နဲ့ပြန်လည်အနိုင်ရခဲ့ပါတယ်။

ဝေလ်းအသင်းအတွက် ၃ဂိုးလုံးကို တောင်ပံကစားသမား ဘေလ်း ကသွင်းယူခဲ့ပြီး သူရဲ့ကောင်းဖြစ်ခဲ့သလို နောက်ထပ် ပွဲစဉ်တစ်လျှောက်မှာ အဓိကခြေစွမ်းပြခဲ့သူ တစ်ယောက်ကတော့ ဂျိမ်းစ်ပါ။

ဝေးလ်အသင်းရရှိခဲ့တဲ့ ဒုတိယပင်နယ်တီရဲ့ ဖြတ်တင်ဘောကို ဂျိမ်းစ်ကပြုလုပ်ပေးခဲ့သလို နောက်ဆုံး မိနစ်နာကျင်အချိန်ပို (၉၃) မိနစ်မှာ ရရှိခဲ့တဲ့ ဝေလ်းအသင်းရဲ့အနိုင်ဂိုးကိုလည်း ဂျိမ်းစ်ကပဲဖန်တီးပေးခဲ့တာလည်းဖြစ်ပါတယ်။

ဘီလာရုဒ် ရဲ့ဂိုးဧရိယာ ဘယ်ဘက်ခြမ်းမှာ ခံစစ်မှူး (၃)ယောက်ကာကွယ်နေတဲ့ကြားက ဂျိမ်းဟာ လှပတဲ့ ထောင့်ဖြတ်ဘောလုံးကို ဂိုးဧရိယာရဲ့ ညာဘက်ခြမ်းမှာရှိနေတဲ့ ဘေလ်း ဆီပေးပို့ခဲ့တာဖြစ်ပြီး ဘေလ်းကလည်း နောက်ခံလူ နှစ်ဦးရှိနေတဲ့ကြား က ဘောလုံးကို လှလှပပသွင်းယူခဲ့တာပါ။

အခုဆိုဝေလ်းအသင်းဟာအဝေးကွင်း၃မှတ်ရရှိခဲ့ပြီး၊အုပ်စုတွင်းမှာ၃ပွဲကစားပြီး၆မှတ်နဲ့တတိယနေရာမှာရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi








