ဒန်နီမေးလ်ရွေးချယ်တဲ့ ယူနိုက်တက်-လီဗာပူး နှစ်သင်းပေါင်း အကောင်းဆုံးအသင်း

Photo Credit

Photo Credit

ယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ပွဲစဉ်ဟာ မတူခြားနားတဲ့ ကံကြမ္မာတွေပိုင်ဆိုင်ထားတဲ့ အင်္ဂလိပ်ဘောလုံးလောကရဲ့အောင်မြင်မှုအကြီးမားဆုံးအသင်း ၂ သင်းတွေ့ဆုံမယ့်ပွဲကောင်းတစ်ပွဲဖြစ်ပါတယ်။

Photo Credit

လီဗားပူအသင်းက အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပြီး ယမန်နှစ် ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအသင်းရဲ့ ၁၈ ပွဲဆက်နိုင်ပွဲရစံချိန်ကို အမီလိုက်နေချိန်မှာ ယူနိုက်တက်ကတော့ အဆင့် ၁၂ နေရာနဲ့ တန်ဆင်းဇုန် မကျရောက်ဖို့ ၂ မှတ်သာလိုတော့တာ ဖြစ်ပါတယ်။

Photo Credit ; Sky Sports

ဂိုးသမားနေရာမှာတော့ အက်ဒရီယန် ပါဝင်ကစားနိုင်ပြီး အံသြဖွယ်လက်စွမ်းတွေကို ပြသနိုင်ပါတယ်။ ဒီဂီယာကလည်း အကောင်းဆုံးဂိုးသမားတစ်ဦးဖြစ်နေဆဲလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ အဲလစ်ဆန်သာ ကြံ့ခိုင်မှုပြည့်ဝခဲ့ရင် လီဗာပူးအသင်းက အကောင်းဆုံးပါပဲ။

Photo Credit

နောက်ခံလူနေရာမှာတော့ အန်ဒီရောဘတ်ဆန်က လက်ရှိမှာဥရောပအကောင်းဆုံးဘယ်နောက်ခံလူတစ်ဦးပါ၊ အာနိုးကလည်း တိုက်စစ်ကိုမမျှော်လင့်ထားနိုင်အနေအထားကနေ ဘောလုံးပေးပို့နိုင်စွမ်းရှိတဲ့ နောက်ခံကစားသမားလေးပါ၊

Photo Credit ; Sky Sports

သူတို့ကဂိုးသမားနဲ့ နားလည်မှုရှိရှိကစားနိုင်ကြပြီး နောက်ခံလူတွေအနေနဲ့ သူတို့ကိုသံသယရှိစရာမလိုပါဘူး။ ဗဟိုနောက်ခံလူနေရာမှာတော့ ယူနိုက်တက်ရဲ့ မက်ဂွိုင်းယားက အကောင်းဆုံးပုံစံမှာရှိမနေသေးဘဲ လီဗာပူးတွဲဖက် ၂ ဦးဖြစ်တဲ့ မာတစ်နဲ့ ဗန်ဒိုက်တို့ကတော့ ပရီးမီးယားလိဂ် ၈ ပွဲစလုံးအကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြသထားနိုင်ပါတယ်။ သူတို့ ၂ ဦးကိုအတူပွဲထွက်လာစေချင်ပါတယ်။

Photo Credit ; Sky Sports

ကွင်းလယ်နေရာမှာလည်း လီဗာပူးကစားသမားတွေကိုပဲ ရွေးချယ်ချင်ပါတယ်။ မီလ်နာနဲ့ ချိန်ဘာလိန်တို့တောင် ကျွန်တော့်ရဲ့အကောင်းဆုံးအသင်းမှာ ပါဝင်လာနိုင်ပါတယ်။

Photo Credit ; Sky Sports

ဟန်ဒါဆန်၊ ဖာဘင်ဟိုနဲ့ ဝစ်ချ်နယ်ဒန်တို့က ပိုပြီးကောင်းကောင်းကစားနိုင်မယ်လို့ ထင်ပါတယ်။ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာက ထိပ်တန်းခြေစွမ်းရှိနေတယ်ဆိုရင်တော့ ယှဉ်ကစားနိုင်မှာပါ၊ ဒါပေမဲ့ အကောင်းဆုံးခြေစွမ်းတွေနဲ့ ပြင်သစ်သားက ဝေးကွာနေတာ ကြာပါပြီ။

Photo Credit ; Sky Sports

တိုက်စစ်ပိုင်းကတော့ လီဗာပူးကတိုက်စစ် ၃ ယောက်အတွဲက အံသြစရာမရှိပါဘူး။ ဖာမီနိုကအကောင်းဆုံးဖန်တီးပေးမှာ ဖြစ်ပြီးတော့ မာနေးနဲ့ ဆာလာတို့က ဂိုးတွေသွင်းယူပေးမှာပါ။

Photo Credit

သူတို့ကပရီးမီးယားလိဂ် ၈ ပွဲဆက်နိုင်ပွဲရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ယမန်နှစ်ကချန်ပီယံလိဂ်အရှင်သခင်လဲ ဖြစ်ကာ လက်ရှိအချိန်အထိအကောင်းဆုံးခြေစွမ်းတွေ ပြသထားနိုင်ပါတယ်။

Photo Credit ; Sky Sports

ယူနိုက်တက်ကတော့ အမှတ်ပေးဇယားရဲ့အောက်ဆုံး ၁၀သင်းစာရင်းနေရာတောင် ရောက်နေပြီး ရက်ရှ်ဖို့ဒ်ကလည်း လီဗာပူးတိုက်စစ် ၃ ယောက်ရဲ့ ခြေစွမ်းကို လိုက်မမီနိုင်ဘဲ အကောင်းဆုံးပုံစံမှာရှိမနေတာ ဖြစ်ပါတယ်။

Photo Credit ; Sky Sports

ပွဲတိုင်းလိုလို ခြေစွမ်းပြနေတဲ့ ဒန်နီရယ်ဂျိမ်းစ်ကိုပဲထည့်သွင်းကစားစေပြီး စောင့်ကြည့်ရမှာပါ။ (ဒန်နီမေးလ်က စကိုင်းစပို့တ်သတင်းဌာနအတွက် သူရွေးချယ်ခဲ့တဲ့ ယူနိုက်တက်-လီဗာပူး နှစ်သင်းပေါင်းအကောင်းဆုံးအသင်းဖြစ်ပါတယ်)

Photo Credit ; Sky Sports

Zawgyi

ဒန္နီေမးလ္ေရြးခ်ယ္တဲ့ ယူႏိုက္တက္-လီဗာပူး ႏွစ္သင္းေပါင္း အေကာင္းဆုံးအသင္း

ယူႏိုက္တက္နဲ႔ လီဗာပူးတို႔ရဲ႕ပြဲစဥ္ဟာ မတူျခားနားတဲ့ ကံၾကမၼာေတြပိုင္ဆိုင္ထားတဲ့ အဂၤလိပ္ေဘာလုံးေလာကရဲ႕ေအာင္ျမင္မႈအႀကီးမားဆုံးအသင္း ၂ သင္းေတြ႕ဆံုမယ့္ပြဲေကာင္းတစ္ပြဲျဖစ္ပါတယ္။
လီဗားပူအသင္းက အမွတ္ေပးဇယားထိပ္ဆံုးမွာ ဦးေဆာင္ေနၿပီး ယမန္ႏွစ္ ပရီးမီးယားလိဂ္ခ်န္ပီယံမန္စီးတီးအသင္းရဲ႕ ၁၈ ပြဲဆက္ႏိုင္ပြဲရစံခ်ိန္ကို အမီလိုက္ေနခ်ိန္မွာ ယူႏိုက္တက္ကေတာ့ အဆင့္ ၁၂ ေနရာနဲ႔ တန္ဆင္းဇုန္ မက်ေရာက္ဖို႔ ၂ မွတ္သာလိုေတာ့တာ ျဖစ္ပါတယ္။
ဂိုးသမားေနရာမွာေတာ့ အက္ဒရီယန္ ပါဝင္ကစားႏိုင္ၿပီး အံၾသဖြယ္လက္စြမ္းေတြကို ျပသႏိုင္ပါတယ္။ ဒီဂီယာကလည္း အေကာင္းဆံုးဂိုးသမားတစ္ဦးျဖစ္ေနဆဲလို႔ ကၽြန္ေတာ္ထင္ပါတယ္။ ဒါေပမဲ့ အဲလစ္ဆန္သာ ႀကံ့ခုိင္မႈျပည့္ဝခဲ့ရင္ လီဗာပူးအသင္းက အေကာင္းဆံုးပါပဲ။
ေနာက္ခံလူေနရာမွာေတာ့ အန္ဒီေရာဘတ္ဆန္က လက္ရွိမွာဥေရာပအေကာင္းဆံုးဘယ္ေနာက္ခံလူတစ္ဦးပါ၊ အာႏိုးကလည္း တိုက္စစ္ကိုမေမွ်ာ္လင့္ထားႏိုင္အေနအထားကေန ေဘာလံုးေပးပို႔ႏိုင္စြမ္းရွိတဲ့ ေနာက္ခံကစားသမားေလးပါ၊
သူတို႔ကဂိုးသမားနဲ႔ နားလည္မႈရွိရွိကစားႏိုင္ၾကၿပီး ေနာက္ခံလူေတြအေနနဲ႔ သူတို႔ကိုသံသယရွိစရာမလိုပါဘူး။ ဗဟိုေနာက္ခံလူေနရာမွာေတာ့ ယူႏိုက္တက္ရဲ႕ မက္ဂြိဳင္းယားက အေကာင္းဆံုးပံုစံမွာရွိမေနေသးဘဲ လီဗာပူးတြဲဖက္ ၂ ဦးျဖစ္တဲ့ မာတစ္နဲ႔ ဗန္ဒိုက္တို႔ကေတာ့ ပရီးမီးယားလိဂ္ ၈ ပဲြစလံုးအေကာင္းဆံုးစြမ္းေဆာင္ရည္ေတြကို ျပသထားႏိုင္ပါတယ္။ သူတို႔ ၂ ဦးကိုအတူပြဲထြက္လာေစခ်င္ပါတယ္။
ကြင္းလယ္ေနရာမွာလည္း လီဗာပူးကစားသမားေတြကိုပဲ ေရြးခ်ယ္ခ်င္ပါတယ္။ မီလ္နာနဲ႔ ခ်ိန္ဘာလိန္တို႔ေတာင္ ကၽြန္ေတာ့္ရဲ႕အေကာင္းဆုံးအသင္းမွာ ပါ၀င္လာႏိုင္ပါတယ္။
ဟန္ဒါဆန္၊ ဖာဘင္ဟိုနဲ႔ ဝစ္ခ်္နယ္ဒန္တို႔က ပိုၿပီးေကာင္းေကာင္းကစားႏိုင္မယ္လို႔ ထင္ပါတယ္။ ယူႏိုက္တက္ကြင္းလယ္လူ ေပါ့ဂ္ဘာက ထိပ္တန္းေျခစြမ္းရွိေနတယ္ဆိုရင္ေတာ့ ယွဥ္ကစားႏိုင္မွာပါ၊ ဒါေပမဲ့ အေကာင္းဆံုးေျခစြမ္းေတြနဲ႔ ျပင္သစ္သားက ေဝးကြာေနတာ ၾကာပါၿပီ။
တိုက္စစ္ပိုင္းကေတာ့ လီဗာပူးကတိုက္စစ္ ၃ ေယာက္အတြဲက အံၾသစရာမရွိပါဘူး။ ဖာမီႏိုကအေကာင္းဆံုးဖန္တီးေပးမွာ ျဖစ္ၿပီးေတာ့ မာေနးနဲ႔ ဆာလာတို႔က ဂိုးေတြသြင္းယူေပးမွာပါ။
သူတို႔ကပရီးမီးယားလိဂ္ ၈ ပြဲဆက္ႏိုင္ပြဲရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီး ယမန္ႏွစ္ကခ်န္ပီယံလိဂ္အရွင္သခင္လဲ ျဖစ္ကာ လက္ရွိအခ်ိန္အထိအေကာင္းဆံုးေျခစြမ္းေတြ ျပသထားႏိုင္ပါတယ္။
ယူႏိုက္တက္ကေတာ့ အမွတ္ေပးဇယားရဲ႕ေအာက္ဆုံး ၁၀သင္းစာရင္းေနရာေတာင္ ေရာက္ေနၿပီး ရက္ရွ္ဖို႔ဒ္ကလည္း လီဗာပူးတိုက္စစ္ ၃ ေယာက္ရဲ႕ ေျခစြမ္းကို လိုက္မမီႏိုင္ဘဲ အေကာင္းဆံုးပံုစံမွာရွိမေနတာ ျဖစ္ပါတယ္။
ပြဲတိုင္းလိုလုိ ေျခစြမ္းျပေနတဲ့ ဒန္နီရယ္ဂ်ိမ္းစ္ကိုပဲထည့္သြင္းကစားေစၿပီး ေစာင့္ၾကည့္ရမွာပါ။ (ဒန္နီေမးလ္က စကိုင္းစပို႔တ္သတင္းဌာနအတြက္ သူေရြးခ်ယ္ခဲ့တဲ့ ယူႏုိက္တက္-လီဗာပူး ႏွစ္သင္းေပါင္းအေကာင္းဆုံးအသင္းျဖစ္ပါတယ္)