ဒဏ်ရာ ပြဿနာကြုံနေရတဲ့ ယူနိုက်တက်အတွက် သတင်းကောင်း ၂ခုကို ပြောပြလိုက်တဲ့ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ကွင်းလယ်လူ တော်မီနေးနဲ့ နောက်ခံလူ တွမ်ဇီဘီတို့ဟာ အသင်းနဲ့အတူ ပြန်ကစားနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ တိုက်စစ်မှူး အစ်ဟာလိုကတော့ ကိုပါဗိုင်းရပ်စ် အပေါ် စိုးရိမ်မှုတွေကြောင့် စပိန်ကို လိုက်ပါခွင့်မရဘူးလို့ သိရပါတယ်။

တွမ်ဇီဘီနဲ့ တော်မီနေးတို့ဟာ ဒဏ်ရာ အသီးသီးကြောင့် ဒီဇင်ဘာလကတည်းက အနားယူနေရခဲ့တာ ဖြစ်ပြီး စပိန်ကို သွားရောက်မယ့် လူစာရင်းမှာ ပါဝင်သွားခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့ အဆိုအရတော့ တော်မီနေးဟာ ထင်မှတ်ထားတာထက် စောပြီး ပြန်ကစားနိုင်မယ်လို့ ပြောခဲ့ပါတယ်။

ဆိုးလ်ရှားက “တော်မီနေးက ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး အကောင်းဆုံးလုပ်နိုင်ခဲ့ကာ စောစော ပြန်ကစားနိုင်ဖို့ ရှိနေပါတယ်။ သူ ကျွန်တော်တို့နဲ့ လေ့ကျင့်ခန်း အစီအစဉ်ကို ပါဝင်နိုင်မယ်လို့ မျှော်လင့်ရပြီး အဲလက်စ်ကလည်း ပူးပေါင်းနိုင်မှာပါ။ ဒါကြောင့် ကျွန်တော်တို့အတွက် သတင်းကောင်း ၂ခုပါပဲ”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဖေဖော်ဝါရီ ၁၇ရက်နေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချဲလ်ဆီးအသင်းနဲ့ ဆက်ကစားရမှာ ဖြစ်ပါတယ်။ တော်မီနေးတို့ ပြန်လာနိုင်ခဲ့ပေမဲ ပေါ့ဂ်ဘာနဲ့ ရက်ရှ်ဖို့်ဒ်တို့ကတော့ ဆက်လက် အနားယူရဦးမှာဖြစ်ကြောင်း ဆိုးလ်ရှားက ဆိုပါတယ်။

Photo- Internet

တိုက်စစ်မှူး အစ်ဟာလိုကတော့ မန်ချက်စတာမှာပဲ ဆက်နေမှာဖြစ်ပြီး personal လေ့ကျင့်ခန်းနဲ့ ကြံ့ခိုင်မှုဆိုင်ရာ လေ့ကျင့်ခန်းတွေကို ပြုလုပ်သွားမှာပါ။ ယူနိုက်တက်ကတော့ သူဟာ စောင့်ကြည့်နေဆဲ အနေအထားမှာ ရိုးရိုးရှင်းရှင်းပဲ ရှိနေပါတယ် လို့ သတင်းထုတ်ပြန်ထားပါတယ်။