ဒဏ်ရာအပြင်းအထန်ရခဲ့တဲ့ကြားက လေးစားစရာလုပ်ရပ်တစ်ခု လုပ်ပြခဲ့တဲ့ ဟာဗေးအဲလီးယော့သ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အသက် ၁၈နှစ်သာရှိသေးတဲ့ လီဗာပူးကွင်းလယ်လူ ဟာဗေးအဲလီးယော့သ်ဟာ ဒီရာသီမှာ ပရိသတ်တွေရဲ့ အားပေးနှစ်သက်မှုကို ခံနေရသလို မနေ့က လိဒ်နဲ့ပွဲမှာ ဒဏ်ရာအပြင်းအထန် ရသွားလို့ ဆေးရုံတက်ခဲ့ရတဲ့ကြားက လေးစားဖွယ်လုပ်ရပ်တစ်ခုကို လုပ်ပြခဲ့တာကြောင့် ချီးကျူးစရာဖြစ်နေပါတယ်။

အဲလီးယော့်ဟာ လိဒ်နောက်ခံလူ စထရူဂျစ်နဲ့ခိုက်မိပြီး ခြေချင်းဝတ်ရိုးကို ပြင်းပြင်းထန်ထန် ထိခိုက်သွားပါတယ်။

ဒဏ်ရာပြင်းထန်လွန်းတာကြောင့် အရေးပေါ်ဆေးရုံတင်ခဲ့ရပြီး အဲဒီဆေးရုံမှာ တက်ရောက်ကုသနေတဲ့ လူငယ်လေးတစ်ဦးကို လိဒ်ယူနိုက်တက်နဲ့ပွဲတုန်းက သူ ဝတ်ဆင်ခဲ့တဲ့ ဂျာစီနဲ့ ဘောလုံးကန်ဖိနပ်ကို လက်ဆောင်ပေးခဲ့ပါတယ်။

အဲလီးယော့သ် ဆီက အမှတ်တရလက်ဆောင်ကို မထင်မှတ်ဘဲ ရလိုက်တာကြောင့် လူငယ်ပရိသတ်လေးမှာ အံ့အားသင့်လို့မဆုံးဖြစ်သွားပြီး စိတ်အားတက်ခဲ့ရပါတယ်။

လီဗာပူးအသင်းရဲ့ထုတ်ပြန်ချက်အရ အဲလီးယော့သ်ဟာ အခုအခါ ဆေးရုံဆင်းခွင့်ပြန်ရခဲ့ပြီလို့ သိရပါတယ်။

ဒါပေမယ့် ခိုက်မိသွားတဲ့ ခြေချင်းဝတ်နေရာကို ခွဲစိပ်ကုသမှုခံယူရဦးမှာဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်း ဆေးရုံပြန်တက်ရမှာဖြစ်ပါတယ်။

ခြေစွမ်းတက်နေချိန်မှာ ဒဏ်ရာ ဆိုးဆိုးရွားရွား ရသွားတာကြောင့် ပရိတ်သတ်တွေက သူ့အတွက် စိတ်မကောင်းဖြစ်နေကြပေမယ့် အဲလီးယော့က တော့ မကြာခင် သူ အကောင်းဆုံး ပြန်လာနိုင်မယ်လို့ ယုံကြည်ကြောင်း လူမှုကွန်ယက်ကတဆင့် သတင်းစကားပါးခဲ့ပါတယ်။

သူ့ကို ကွင်းထဲကနေ ထမ်းထုတ်လာချိန် အဲလင်ရု်ဒကွင်းပွဲကြည့်စင်ပေါ် လီဗာပူးပရိသတ်တွေဟာ “You Will Never Walk Alone”သီချင်းကို သီဆိုရင်း ဂုဏ်ပြုအားပေးခဲ့တာကြောင့်လည်း ပရိသတ်တွေကို ကျေးဇူးတင်ကြေားဆိုပါတယ်။

အဲလီးယော့သ်ဟာ ဒီရာသီ လီဗာပူးအသင်းမှာ နည်းပြကလော့ပ်ရဲ့ ဦးစားပေး ကွင်းလယ်လူတစ်ဦးဖြစ်လာပြီး ပရီးမီးယားလိဂ် ၄ပွဲစလုံး ပါဝင်ကစားခွင့်ရထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒဏ္ရာအျပင္းအထန္ရခဲ့တဲ့ၾကားက ေလးစားစရာလုပ္ရပ္တစ္ခု လုပ္ျပခဲ့တဲ့ ဟာေဗးအဲလီးေယာ့သ္

အသက္ ၁၈ႏွစ္သာရွိေသးတဲ့ လီဗာပူးကြင္းလယ္လူ ဟာေဗးအဲလီးေယာ့သ္ဟာ ဒီရာသီမွာ ပရိသတ္ေတြရဲ႕ အားေပးႏွစ္သက္မႈကို ခံေနရသလို မေန႔က လိဒ္နဲ႔ပြဲမွာ ဒဏ္ရာအျပင္းအထန္ ရသြားလို႔ ေဆး႐ုံတက္ခဲ့ရတဲ့ၾကားက ေလးစားဖြယ္လုပ္ရပ္တစ္ခုကို လုပ္ျပခဲ့တာေၾကာင့္ ခ်ီးက်ဴးစရာျဖစ္ေနပါတယ္။

အဲလီးေယာ့္ဟာ လိဒ္ေနာက္ခံလူ စထ႐ူဂ်စ္နဲ႔ခိုက္မိၿပီး ေျခခ်င္းဝတ္႐ိုးကို ျပင္းျပင္းထန္ထန္ ထိခိုက္သြားပါတယ္။ ဒဏ္ရာျပင္းထန္လြန္းတာေၾကာင့္ အေရးေပၚေဆး႐ုံတင္ခဲ့ရၿပီး အဲဒီေဆး႐ုံမွာ တက္ေရာက္ကုသေနတဲ့ လူငယ္ေလးတစ္ဦးကို လိဒ္ယူႏိုက္တက္နဲ႔ပြဲတုန္းက သူ ဝတ္ဆင္ခဲ့တဲ့ ဂ်ာစီနဲ႔ ေဘာလုံးကန္ဖိနပ္ကို လက္ေဆာင္ေပးခဲ့ပါတယ္။

အဲလီးေယာ့သ္ ဆီက အမွတ္တရလက္ေဆာင္ကို မထင္မွတ္ဘဲ ရလိုက္တာေၾကာင့္ လူငယ္ပရိသတ္ေလးမွာ အံ့အားသင့္လို႔မဆုံးျဖစ္သြားၿပီး စိတ္အားတက္ခဲ့ရပါတယ္။ လီဗာပူးအသင္းရဲ႕ထုတ္ျပန္ခ်က္အရ အဲလီးေယာ့သ္ဟာ အခုအခါ ေဆး႐ုံဆင္းခြင့္ျပန္ရခဲ့ၿပီလို႔ သိရပါတယ္။

ဒါေပမယ့္ ခိုက္မိသြားတဲ့ ေျခခ်င္းဝတ္ေနရာကို ခြဲစိပ္ကုသမႈခံယူရဦးမွာျဖစ္ၿပီး လာမယ့္ရက္ပိုင္းအတြင္း ေဆး႐ုံျပန္တက္ရမွာျဖစ္ပါတယ္။ ေျခစြမ္းတက္ေနခ်ိန္မွာ ဒဏ္ရာ ဆိုးဆိုး႐ြား႐ြား ရသြားတာေၾကာင့္ ပရိတ္သတ္ေတြက သူ႔အတြက္ စိတ္မေကာင္းျဖစ္ေနၾကေပမယ့္ အဲလီးေယာ့က ေတာ့ မၾကာခင္ သူ အေကာင္းဆုံး ျပန္လာႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္း လူမႈကြန္ယက္ကတဆင့္ သတင္းစကားပါးခဲ့ပါတယ္။

သူ႔ကို ကြင္းထဲကေန ထမ္းထုတ္လာခ်ိန္ အဲလင္႐ု္ဒကြင္းပြဲၾကည့္စင္ေပၚ လီဗာပူးပရိသတ္ေတြဟာ “You Will Never Walk Alone”သီခ်င္းကို သီဆိုရင္း ဂုဏ္ျပဳအားေပးခဲ့တာေၾကာင့္လည္း ပရိသတ္ေတြကို ေက်းဇူးတင္ေၾကားဆိုပါတယ္။ အဲလီးေယာ့သ္ဟာ ဒီရာသီ လီဗာပူးအသင္းမွာ နည္းျပကေလာ့ပ္ရဲ႕ ဦးစားေပး ကြင္းလယ္လူတစ္ဦးျဖစ္လာၿပီး ပရီးမီးယားလိဂ္ ၄ပြဲစလုံး ပါဝင္ကစားခြင့္ရထားပါတယ္။