ဒဏ်ရာရ ဟာဇက်ရဲ့ ကတိပေးမှု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ယူရို၂၀၂၀ပြိုင်ပွဲ ၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာတော့

ဘယ်လ်ဂျီယံအသင်းဟာ လက်ရှိ ချန်ပီယံ ပေါ်တူဂီအသင်းကို သော်ဂန်ဟာဇက်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ယူကာ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ကွာတားဖိုင်နယ်အဆင့် မှာတော့ ဘယ်လ်ဂျီယံအသင်းဟာ ဩစတီးယားအသင်းကို အနိုင်ယူနိုင်ခဲ့တဲ့ အီတလီ လက်ရွေးစင်အသင်းနဲ့ ရင်ဆိုင် ကစားရမှာဖြစ်ပြီး

ဘယ်လ်ဂျီယံအသင်းရဲ့ အသင်းခေါင်းဆောင် အီဒင်ဟာဇက်ဟာ အသေးစား တံကောက်ကြောဒဏ်ရာကြောင့် အဆိုပါပွဲစဉ်ကို လွဲချော်ဖွယ် ရှိကြောင်း သိရပါတယ်။

ဟာဇက်ကတော့ ဘယ်လ်ဂျီယံအသင်းရဲ့ လက်ကျန် ယူရို ပြိုင်ပွဲ အခိုက်အတန့်တွေကို လွဲချော် နိုင်ဖွယ် ရှိပေမယ့် နိုင်ငံ လက်ရွေးစင် အသင်းကို ကိုယ်စားပြုတဲ့ အနေနဲ့ ဘယ်လ်ဂျီယံအသင်းသားတွေနဲ့ အတူ ဆက်ရှိနေမယ်လို့ ကတိပေး ပြောဆိုထားပါတယ်။

ဟာဇက် က ” ဒီတစ်ခါမှာ ကျွန်တော် ဟာ ကိုယ့်ကိုယ်ကို ဒဏ်ရာ ရအောင် လုပ်မိခဲ့တာ ဖြစ်ပါတယ်။

ပွဲပြီးခါနီးမှာ ကျွန်တော့်ရဲ့ တံကောက်ကြောမှာ တစ်ခုခု ဖြစ်နေတယ်လို့ ခံစားခဲ့ရပါတယ်။

ဒီ ဒဏ်ရာနဲ့ ပတ်သက်ပြီး အသေးစိတ်စစ်ဆေးမှုတွေ ပြုလုပ်သွားမှာပါ။”

”ဒီ ဒဏ်ရာရဲ့ အတိမ်အနက် ဘယ်လောက်ထိ ရှိတယ် ဆိုတာကိုလည်း စောင့်ကြည့်သွားမှာပါ။

အသင်းခေါင်းဆောင် တစ်ယောက် အနေနဲ့တော့ ကျွန်တော် ဟာ ဒီ ကစားသမား အစုအဖွဲ့နဲ့ အတူ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

ဘာလို့လဲ ဆိုတော့ ဒီမှာ ကျွန်တော်ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာကြောင့်ပါ။” လို့ ပြောထားပါတယ်။

ဟာဇက်ဟာ ပြီးခဲ့တဲ့ ၂နှစ်တာ ကာလ အတွင်းမှာ ရခဲ့တဲ့ ဒဏ်ရာတချို့ လည်းရှိတာကြောင့် ဆက်လက်ပြီး ပွဲကစားသင့်၊ မကစားသင့်ကိုဒဏ်ရာ အခြေအနေကို

သေချာ စောင့်ကြည့်ပြီးမှသာ ဆုံးဖြတ်ရဖွယ် ရှိကြောင်း ဘယ်လ်ဂျီယံအသင်းရဲ့ ဆရာဝန်တွေက ပြောကြားထားပါတယ်။

မနေ့က ပွဲမှာ ဟာဇက်အပြင် ဘယ်လ်ဂျီယံအသင်းရဲ့ အဓိက ကွင်းလယ်လူ ဒီဘရိုင်းကလည်း ဒဏ်ရာ ရရှိခဲ့တာကြောင့် အီတလီအသင်းနဲ့ ရင်ဆိုင် ကစားရမယ့် ပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်း အနေနဲ့ အဓိက ကစားသမား အစုံအလင်ကို အသုံးပြုနိုင်ဖွယ် မရှိပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒဏ္ရာရ ဟာဇက္ရဲ႕ ကတိေပးမႈ

မေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဘယ္လ္ဂ်ီယံအသင္းနဲ႔ ေပၚတူဂီအသင္းတို႔ရဲ႕ ယူ႐ို၂၀၂၀ၿပိဳင္ပြဲ ၁၆သင္းအဆင့္ ရႈံးထြက္ပြဲစဥ္မွာေတာ့ ဘယ္လ္ဂ်ီယံအသင္းဟာ လက္ရွိ ခ်န္ပီယံ ေပၚတူဂီအသင္းကို ေသာ္ဂန္ဟာဇက္ရဲ႕ တစ္လုံးတည္းေသာ သြင္းဂိုးနဲ႔ အႏိုင္ယူကာ ကြာတားဖိုင္နယ္ အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။

ကြာတားဖိုင္နယ္အဆင့္ မွာေတာ့ ဘယ္လ္ဂ်ီယံအသင္းဟာ ဩစတီးယားအသင္းကို အႏိုင္ယူႏိုင္ခဲ့တဲ့ အီတလီ လက္ေ႐ြးစင္အသင္းနဲ႔ ရင္ဆိုင္ ကစားရမွာ ျဖစ္ၿပီး ဘယ္လ္ဂ်ီယံအသင္းရဲ႕ အသင္းေခါင္းေဆာင္ အီဒင္ဟာဇက္ဟာ အေသးစား တံေကာက္ေၾကာဒဏ္ရာေၾကာင့္ အဆိုပါပြဲစဥ္ကို လြဲေခ်ာ္ဖြယ္ ရွိေၾကာင္း သိရပါတယ္။

ဟာဇက္ကေတာ့ ဘယ္လ္ဂ်ီယံအသင္းရဲ႕ လက္က်န္ ယူ႐ို ၿပိဳင္ပြဲ အခိုက္အတန႔္ေတြကို လြဲေခ်ာ္ ႏိုင္ဖြယ္ ရွိေပမယ့္ ႏိုင္ငံ လက္ေ႐ြးစင္ အသင္းကို ကိုယ္စားျပဳတဲ့ အေနနဲ႔ ဘယ္လ္ဂ်ီယံအသင္းသားေတြနဲ႔ အတူ ဆက္ရွိေနမယ္လို႔ ကတိေပး ေျပာဆိုထားပါတယ္။ ဟာဇက္ က ” ဒီတစ္ခါမွာ ကြၽန္ေတာ္ ဟာ ကိုယ့္ကိုယ္ကို ဒဏ္ရာ ရေအာင္ လုပ္မိခဲ့တာ ျဖစ္ပါတယ္။ ပြဲၿပီးခါနီးမွာ ကြၽန္ေတာ့္ရဲ႕ တံေကာက္ေၾကာမွာ တစ္ခုခု ျဖစ္ေနတယ္လို႔ ခံစားခဲ့ရပါတယ္။ ဒီ ဒဏ္ရာနဲ႔ ပတ္သက္ၿပီး အေသးစိတ္စစ္ေဆးမႈေတြ ျပဳလုပ္သြားမွာပါ။”

”ဒီ ဒဏ္ရာရဲ႕ အတိမ္အနက္ ဘယ္ေလာက္ထိ ရွိတယ္ ဆိုတာကိုလည္း ေစာင့္ၾကည့္သြားမွာပါ။ အသင္းေခါင္းေဆာင္ တစ္ေယာက္ အေနနဲ႔ေတာ့ ကြၽန္ေတာ္ ဟာ ဒီ ကစားသမား အစုအဖြဲ႕နဲ႔ အတူ ဆက္ရွိေနမွာ ျဖစ္ပါတယ္ ။ ဘာလို႔လဲ ဆိုေတာ့ ဒီမွာ ကြၽန္ေတာ္ ဟာ အေရးပါတဲ့ အခန္းက႑မွာ ပါဝင္ေနတာေၾကာင့္ပါ။” လို႔ ေျပာထားပါတယ္။

ဟာဇက္ဟာ ၿပီးခဲ့တဲ့ ၂ႏွစ္တာ ကာလ အတြင္းမွာ ရခဲ့တဲ့ ဒဏ္ရာတခ်ိဳ႕ လည္းရွိတာေၾကာင့္ ဆက္လက္ၿပီး ပြဲကစားသင့္ ၊ မကစားသင့္ကိုဒဏ္ရာ အေျခအေနကိုေသခ်ာ ေစာင့္ၾကည့္ၿပီးမွသာ ဆုံးျဖတ္ရဖြယ္ ရွိေၾကာင္း ဘယ္လ္ဂ်ီယံအသင္းရဲ႕ ဆရာဝန္ေတြက ေျပာၾကားထားပါတယ္။

မ​ေန႔က ပြဲမွာ ဟာဇက္အျပင္ ဘယ္လ္ဂ်ီယံအသင္းရဲ႕ အဓိက ကြင္းလယ္လူ ဒီဘ႐ိုင္းကလည္း ဒဏ္ရာ ရရွိခဲ့တာေၾကာင့္ အီတလီအသင္းနဲ႔ ရင္ဆိုင္ ကစားရမယ့္ ပြဲစဥ္မွာ ဘယ္လ္ဂ်ီယံအသင္း အေနနဲ႔ အဓိက ကစားသမား အစုံအလင္ကို အသုံးျပဳႏိုင္ဖြယ္ မရွိပါဘူး။