ဒဏ်ရာရ ရက်ရှ်ဖို့ဒ်ရဲ့သတင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက် တိုက်စစ်မှူးဖြစ်သူ မားကပ်ရက်ရှ်ဖို့ဒ် ရဲ့ ဒဏ်ရာဟာ မျှော်လင့်ထားတာထက် ပိုမို ရှည်ကြာနိုင်ပြီး ရာသီ လက်ကျန်ပွဲအားလုံးကို လွဲချော်ရုံသာမက Euro 2020 ကိုပါ လွဲချော်နိုင်ကြောင်း နည်းပြ ဆိုးလ်ရှားက ပြောဆိုသွားခဲ့တဲ့သတင်းဖြစ်ပါ တယ်။

photo internet

ယူနိက်တက်တိုက်စစ်မှုး မားကပ်စ်ရက်ရှ်ဖိုဒ့်ဟာလက်ရှိမှာ ဒဏ်ရာကြောင့်အနားယူနေပြီး ကုသမှု့မှတ်တမ်းတွေအရ နောက်ထပ်လအနည်းငယ်ထပ်မံအနားယူရမယ်လို့နည်းပြဆိုးလ်ရှားကဆိုပါတယ်။ နောက်ကျောရိုးအဆစ် မှာ ရရှိခဲ့တဲ့ ဒဏ်ရာက ထင်တာထက်ဆိုးရွားခဲ့ပြီး လက်ရှိမှာတော့ ကုသမှု့နဲ့ပြန်လည်ကြံခိုင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပေမယ့်လည်း ဘောလုံးကစားဖို့အတွက်တော့ တိုးတက်မှု့ကနှောင့်နှေးနေတယ်လို့ဆိုပါတယ်။

photo internet

”ဒီရာသီသူပြန်ကစားနိုင်ဖို့မျှော်လင့်ပါတယ်။ဒါပေမယ့်ဒီလိုထိခိုက်မှု့ရှိပေမယ့်လည်းကျွန်တော်တို့ကအဆုံးထိဆက်သွားရမှာပါပဲဒီရာသီတစ်ခုလုံးကိုအောင်မြင် စွာဖြတ်ကျော်နိုင်မယ်လို့မျှော်လင့်မိပါတယ်။ဒဏ်ရာ အတွက်အချိန်ယူရပါလိမ့်မယ်။နောက်ထပ် လ အနည်းငယ်ကတော့သေချာပေါက်သူနားရမှာပါ။ သူယူရိုပြိုင်ပွဲမတိုင်ခင်ကစားနိုင်ဖို့မျှော်လင့်ပါတယ်။ဒါပေမယ့် သူ့မှာကြံခိုင်မှု့မပြည့်ဝရင်ကျွန်တော်တို့သူ့ကို ကွင်းထဲဝင်ခွင့်ပြုမှာမဟုတ်ပါဘူး။ သူ့ကိုစစ်ဆေးကြည့်တော့ နောက်ကျောဖက်ဒဏ်ရာကပိုဆိုးရွားနေတာ ကိုတွေ့မိပါတယ်။ သူ့ကိုအကောင်းဆုံးဖြစ်စေဖို့မျှော်လင့်သလို ဒီရက်အနည်းငယ်မှာတော့သူအတော်လေး သက်သာနေတာကိုတွေ့ရပါတယ်။”ဆိုပြီး နည်းပြဆိုးလ်ရှားကပြော ပါတယ်။

photo internet

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

