ဒဏ်ရာရကစားသမားတွေအတွက် ယူနိုက်တက် ပေးခဲ့ရတဲ့လစာက ပေါင်(၁၀၅)သန်းအထိရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့(၅)ရာသီအတွင်း မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒဏ်ရာရကစားသမားတွေအတွက် အသားတင်ပေးခဲ့ရတဲ့လစာငွေပမာဏက ပေါင်(၁၀၅)သန်းအထိရှိနေပြီး ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ အများဆုံးဖြစ်နေပါတယ်။

လက်ရှိနည်းပြဆိုးလ်ရှားမတိုင်ခင် မော်ရင်ဟိုလက်ထက်တုန်းက ယူနိုက်တက်အသင်းဟာ ပေါ့ဘာ၊ အီဘရာဟီမိုဗစ်၊ ရိုဟို၊ ဘာယီစတဲ့ နာမည်ကျော်ကစားသမားတွေကို မြင့်မားတဲ့လစာငွေတွေနဲ့ ခေါ်ယူခဲ့ပြီး ဒီကစားသမားတွေဟာ ဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရတဲ့အတွက် အဲဒီကာလအတွင်း ယူနိုက်တက်ပေးချေရတဲ့အသားတင်လစာငွေပမာဏက တခြားအသင်းတွေထက်ပိုများခဲ့တာပါ။

ကစားသမားတွေ ဒဏ်ရာကြောင့်အနားယူခဲ့ရတာအပေါ် မူတည်ပြီး ကလပ်အသင်းတွေငွေကြေးဆုံးရှုံးမှု ဘယ်လောက်အထိရှိခဲ့လဲဆိုတာကို တွက်ချက်ဖော်ပြနေတဲ့ Bonusfinder ဝက်ဘ်ဆိုက်က ၂၀၁၆ ခုနှစ်ကနေ လက်ရှိအချိန်အထိ ယူနိုက်တက်ကစားသမားတွေ ဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ရက်ပေါင်း (၆၃၇၈)ရက်အထိရှိပြီး ပွဲပေါင်း(၁၁၀၅)ပွဲလွဲချော်ခဲ့သလို အဲဒီကစားသမားတွေအတွက် ယူနိုက်တက်ပေးချေခဲ့ရတဲ့ အသားတင်လစာငွေက ပေါင်(၁၀၅.၂)သန်းအထိရှိတယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့(၅)ရာသီအတွင်း ယူနိုက်တက်အသင်း အသားတင်လစာပေးခဲ့ရမှုအများဆုံးကစားသမားတွေက ပေ့ါဘာ၊ အီဘရာဟီမိုဗစ်နဲ့ ရိုဟိုတို့ဖြစ်ပြီး လုခ်ရှော၊ ဖီးလ်ဂျုံးစ်၊ ဘာယီတို့ဟာလည်း ဒဏ်ရာကြောင့် မကြာခဏဆိုသလိုအနားယူခဲ့ရပါတယ်။

ယူနိုက်တက်အသင်းအဓိက ကွင်းလယ်လူတစ်ဦးဖြစ်သူ ပေါ့ဘာဟာ ပြီးခဲ့တဲ့ရာသီက သူ့ကိုမကြာခဏဒုက္ခပေးနေတဲ့ ခြေချင်းဝတ်ဒဏ်ရာကြောင့် တစ်ရာသီလုံးနီးပါးအနားယူခဲ့ရပြီး (၅)ရာသီအတွင်း ပွဲပေါင်း(၅၅)ပွဲလွဲချော်ခဲ့သလို အဲဒီကာလမှာ ယူနိုက်တက်အသင်းဟာ ပေါ့ဘာအတွက် အသားတင်ပေါင်(၁၆)သန်းပေးခဲ့ရပါတယ်။

နောက်ခံလူ ရိုဟိုဟာလည်း ဒဏ်ရာကြောင့် ပွဲပေါင်း(၁၂၄)ပွဲအထိလွဲချော်ခဲ့သလို ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်ဟာ ယူနိုက်တက်ကစားသမားဘဝတုန်းက ဒူးအရွတ်ဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရပြီး (၄၆)ပွဲအထိလွဲချော်ခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက်ခြေစွမ်းပြကစားနေတဲ့ လုခ်ရှောဟာ ၂၀၁၅-၁၆ ရာသီတုန်းက ခြေထောက်ကျိုးတဲ့ဒဏ်ရာကြောင့် လအတော်ကြာအောင်အနားယူခဲ့ရတဲ့အတွက် ယူနိုက်တက်အသင်းကစားခဲ့တဲ့ပွဲပေါင်း(၆၄)ပွဲအထိ လွဲချော်ခဲ့ရပါတယ်။

ဒါ့အပြင် ဘာယီ၊ ဖီးလ်ဂျုံးစ်တို့နှစ်ဦးဟာလည်း ဒဏ်ရာတွေနဲ့ရုန်းကန်ခဲ့ရသလို သူတို့နှစ်ဦးပေါင်း လွဲချော်ခဲ့တဲ့ပွဲအရေအတွက်က (၁၉၉)ပွဲအထိရှိပြီး အဲဒီကာလအတွင်း ယူနိုက်တက်အသင်းဟာ သူတို့နှစ်ဦးအတွက် အသားတင်လစာငွေပေါင်(၁၂)သန်းပေးချေခဲ့ရပါတယ်။

ဒဏ်ရာရကစားသမားတွေအတွက် လစာငွေအသင်းတင်ပေးချေရမှုအများဆုံးအသင်းစာရင်းမှာ ယူနိုက်တက်ပြီးရင် အာဆင်နယ်အသင်းက ဒုတိယအများဆုံးဖြစ်နေပြီး အာဆင်နယ်အသင်းရဲ့ ဒဏ်ရာရကစားသမားတွေဟာ ရက်ပေါင်း(၆၅၇၇)ရက်အထိ အနားယူခဲ့ရသလို စုစုပေါင်းပွဲစဉ်(၁၁၂၂)ပွဲအထိ လွဲချော်ခဲ့တဲ့အပြင် အဲဒီကစားသမားတွေအတွက် အာဆင်နယ်အသင်းဟာ ပေါင်သန်း(၈၀)နီးပါး လစာပေးခဲ့ရပါတယ်။

အခုစာရင်းမှာ ယူနိုက်တက်၊ အာဆင်နယ်တို့အပြင် မန်စီးတီး(ပေါင်၇၃သန်း)၊ လီဗာပူးလ်(ပေါင် ၇၂သန်း)၊ ဝက်စ်ဟမ်း (ပေါင် ၆၃သန်း)၊ ပဲလေ့စ် (ပေါင်သန်း၆၀)၊ စပါး(ပေါင် ၅၅သန်း)၊ ချယ်လ်ဆီး(ပေါင် ၅၃သန်း)တို့လည်း ပါဝင်ခဲ့ကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒဏ္ရာရကစားသမားေတြအတြက္ ယူႏိုက္တက္ ေပးခဲ့ရတဲ့လစာက ေပါင္(၁၀၅)သန္းအထိရွိ

ၿပီးခဲ့တဲ့(၅)ရာသီအတြင္း မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဒဏ္ရာရကစားသမားေတြအတြက္ အသားတင္ေပးခဲ့ရတဲ့လစာေငြပမာဏက ေပါင္(၁၀၅)သန္းအထိရွိေနၿပီး ပရီးမီးယားလိဂ္ကလပ္ေတြထဲမွာ အမ်ားဆုံးျဖစ္ေနပါတယ္။ လက္ရွိနည္းျပဆိုးလ္ရွားမတိုင္ခင္ ေမာ္ရင္ဟိုလက္ထက္တုန္းက ယူႏိုက္တက္အသင္းဟာ ေပါ့ဘာ၊ အီဘရာဟီမိုဗစ္၊ ႐ိုဟို၊ ဘာယီစတဲ့ နာမည္ေက်ာ္ကစားသမားေတြကို ျမင့္မားတဲ့လစာေငြေတြနဲ႔ ေခၚယူခဲ့ၿပီး ဒီကစားသမားေတြဟာ ဒဏ္ရာေၾကာင့္ ကာလရွည္အနားယူခဲ့ရတဲ့အတြက္ အဲဒီကာလအတြင္း ယူႏိုက္တက္ေပးေခ်ရတဲ့အသားတင္လစာေငြပမာဏက တျခားအသင္းေတြထက္ပိုမ်ားခဲ့တာပါ။

ကစားသမားေတြ ဒဏ္ရာေၾကာင့္အနားယူခဲ့ရတာအေပၚ မူတည္ၿပီး ကလပ္အသင္းေတြေငြေၾကးဆုံးရႈံးမႈ ဘယ္ေလာက္အထိရွိခဲ့လဲဆိုတာကို တြက္ခ်က္ေဖာ္ျပေနတဲ့ Bonusfinder ဝက္ဘ္ဆိုက္က ၂၀၁၆ ခုႏွစ္ကေန လက္ရွိအခ်ိန္အထိ ယူႏိုက္တက္ကစားသမားေတြ ဒဏ္ရာေၾကာင့္ အနားယူခဲ့ရတဲ့ရက္ေပါင္း (၆၃၇၈)ရက္အထိရွိၿပီး ပြဲေပါင္း(၁၁၀၅)ပြဲလြဲေခ်ာ္ခဲ့သလို အဲဒီကစားသမားေတြအတြက္ ယူႏိုက္တက္ေပးေခ်ခဲ့ရတဲ့ အသားတင္လစာေငြက ေပါင္(၁၀၅.၂)သန္းအထိရွိတယ္လို႔ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့(၅)ရာသီအတြင္း ယူႏိုက္တက္အသင္း အသားတင္လစာေပးခဲ့ရမႈအမ်ားဆုံးကစားသမားေတြက ေပ့ါဘာ၊ အီဘရာဟီမိုဗစ္နဲ႔ ႐ိုဟိုတို႔ျဖစ္ၿပီး လုခ္ေရွာ၊ ဖီးလ္ဂ်ဳံးစ္၊ ဘာယီတို႔ဟာလည္း ဒဏ္ရာေၾကာင့္ မၾကာခဏဆိုသလိုအနားယူခဲ့ရပါတယ္။ ယူႏိုက္တက္အသင္းအဓိက ကြင္းလယ္လူတစ္ဦးျဖစ္သူ ေပါ့ဘာဟာ ၿပီးခဲ့တဲ့ရာသီက သူ႔ကိုမၾကာခဏဒုကၡေပးေနတဲ့ ေျခခ်င္းဝတ္ဒဏ္ရာေၾကာင့္ တစ္ရာသီလုံးနီးပါးအနားယူခဲ့ရၿပီး (၅)ရာသီအတြင္း ပြဲေပါင္း(၅၅)ပြဲလြဲေခ်ာ္ခဲ့သလို အဲဒီကာလမွာ ယူႏိုက္တက္အသင္းဟာ ေပါ့ဘာအတြက္ အသားတင္ေပါင္(၁၆)သန္းေပးခဲ့ရပါတယ္။

ေနာက္ခံလူ ႐ိုဟိုဟာလည္း ဒဏ္ရာေၾကာင့္ ပြဲေပါင္း(၁၂၄)ပြဲအထိလြဲေခ်ာ္ခဲ့သလို ယူႏိုက္တက္အသင္းတိုက္စစ္မႉးေဟာင္း အီဘရာဟီမိုဗစ္ဟာ ယူႏိုက္တက္ကစားသမားဘဝတုန္းက ဒူးအ႐ြတ္ဒဏ္ရာေၾကာင့္ ကာလရွည္အနားယူခဲ့ရၿပီး (၄၆)ပြဲအထိလြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။ ဒီရာသီမွာ ယူႏိုက္တက္အသင္းအတြက္ေျခစြမ္းျပကစားေနတဲ့ လုခ္ေရွာဟာ ၂၀၁၅-၁၆ ရာသီတုန္းက ေျခေထာက္က်ိဳးတဲ့ဒဏ္ရာေၾကာင့္ လအေတာ္ၾကာေအာင္အနားယူခဲ့ရတဲ့အတြက္ ယူႏိုက္တက္အသင္းကစားခဲ့တဲ့ပြဲေပါင္း(၆၄)ပြဲအထိ လြဲေခ်ာ္ခဲ့ရပါတယ္။

ဒါ့အျပင္ ဘာယီ၊ ဖီးလ္ဂ်ဳံးစ္တို႔ႏွစ္ဦးဟာလည္း ဒဏ္ရာေတြနဲ႔႐ုန္းကန္ခဲ့ရသလို သူတို႔ႏွစ္ဦးေပါင္း လြဲေခ်ာ္ခဲ့တဲ့ပြဲအေရအတြက္က (၁၉၉)ပြဲအထိရွိၿပီး အဲဒီကာလအတြင္း ယူႏိုက္တက္အသင္းဟာ သူတို႔ႏွစ္ဦးအတြက္ အသားတင္လစာေငြေပါင္(၁၂)သန္းေပးေခ်ခဲ့ရပါတယ္။

ဒဏ္ရာရကစားသမားေတြအတြက္ လစာေငြအသင္းတင္ေပးေခ်ရမႈအမ်ားဆုံးအသင္းစာရင္းမွာ ယူႏိုက္တက္ၿပီးရင္ အာဆင္နယ္အသင္းက ဒုတိယအမ်ားဆုံးျဖစ္ေနၿပီး အာဆင္နယ္အသင္းရဲ႕ ဒဏ္ရာရကစားသမားေတြဟာ ရက္ေပါင္း(၆၅၇၇)ရက္အထိ အနားယူခဲ့ရသလို စုစုေပါင္းပြဲစဥ္(၁၁၂၂)ပြဲအထိ လြဲေခ်ာ္ခဲ့တဲ့အျပင္ အဲဒီကစားသမားေတြအတြက္ အာဆင္နယ္အသင္းဟာ ေပါင္သန္း(၈၀)နီးပါး လစာေပးခဲ့ရပါတယ္။ အခုစာရင္းမွာ ယူႏိုက္တက္၊ အာဆင္နယ္တို႔အျပင္ မန္စီးတီး(ေပါင္၇၃သန္း)၊ လီဗာပူးလ္(ေပါင္ ၇၂သန္း)၊ ဝက္စ္ဟမ္း (ေပါင္ ၆၃သန္း)၊ ပဲေလ့စ္ (ေပါင္သန္း၆၀)၊ စပါး(ေပါင္ ၅၅သန္း)၊ ခ်ယ္လ္ဆီး(ေပါင္ ၅၃သန္း)တို႔လည္း ပါဝင္ခဲ့ၾကပါတယ္။