ဒဏ်ရာပြဿနာတွေကြောင့် အက်စတွန်ဗီလာနဲ့ကစားမယ့်ပွဲကို လူကာကူ၊ ဟာဗတ်ဇ်တို့ လွဲချော်ဖို့ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချယ်လ်ဆီးအသင်းရဲ့အဓိကတိုက်စစ်ကစားသမားနှစ်ဦးဖြစ်တဲ့ လူကာကူနဲ့ဟာဗတ်ဇ်တို့ဟာ ဒဏ်ရာပြဿနာတွေကြောင့် အခုတစ်ပတ် အက်စတွန်ဗီလာနဲ့ကစားမယ့်ပရီးမီးယားလိဂ်ပွဲကို လွဲချော်ဖို့ရှိနေတယ်လို့ Mirror သတင်းစာကဖော်ပြခဲ့ပါတယ်။

နှစ်ယောက်စလုံးဟာ နိုင်ငံလက်ရွေးစင်အသင်းတွေဖြစ်တဲ့ ဘယ်လ်ဂျီယံ၊ ဂျာမနီအသင်းတို့အတွက် ပါဝင်ကစားရင်းနဲ့ဒဏ်ရာရရှိခဲ့ကြတာဖြစ်ပြီး ချယ်လ်ဆီးအသင်းက လူကာကူနဲ့ဟာဗတ်ဇ်တို့ရဲ့ကြံ့ခိုင်မှုအနေအထားအပေါ် စိုးရိမ်တကြီးဖြစ်နေပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူးလူကာကူဟာ ပေါင်ဒဏ်ရာရရှိခဲ့တယ်လို့ယူဆရမှာဖြစ်ပြီး သူက “ကျွန်တော့်ရဲ့ ပေါင်ဒဏ်ရာအနေအထားကို Scan နဲ့စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်သွားမှာပါ။

အသေးစားဒဏ်ရာတွေကြောင့် အခုရက်ပိုင်း ကျွန်တော်ရုန်းကန်နေရပြီး စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ပြီးတော့မှ ချယ်လ်ဆီးအသင်းဆီ ပြန်မှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

လူကာကူဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဘီလာရုစ်နဲ့ပွဲကို လွဲချော်မှာဖြစ်တာကြောင့် ချယ်လ်ဆီးအသင်းအတွက် သတင်းကောင်းဖြစ်ခဲ့ပြီး ဗီလာနဲ့ပွဲအမီ ပြန်သက်သာလာဖို့ အချိန်ယူဆောင်ရွက်ခွင့်ရမှာလည်းဖြစ်ပါတယ်။

ဒီရာသီအစမှာ အင်တာမီလန်အသင်းဆီကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ချယ်လ်ဆီးအသင်းဆီပြန်လည်ရောက်ရှိခဲ့သူ လူကာကူဟာ အသင်းအတွက်ခြေစွမ်းပြနေပြီး (၂)ပွဲကစား(၁)ဂိုးသွင်းယူထားပါတယ်။

ချယ်လ်ဆီးအသင်းရဲ့နောက်ထပ် တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ ဂျာမနီလက်ရွေးစင်ကစားသမားဟာဗတ်ဇ်ကတော့ အဖျားရောဂါခံစားနေရတာဖြစ်ပြီး အသင်းနဲ့အတူလေ့ကျင့်ခန်းမဆင်းနိုင်သေးဘဲ တစ်ဦးချင်းအပေ့ါစားလေ့ကျင့်ခန်းတွေသာ ပြုလုပ်နေတာဖြစ်ပါတယ်။

ဟာဗတ်ဇ်ဟာ လစ်သူယေးနီးယားနဲ့ကစားခဲ့တဲ့ပွဲမှာပါဝင်ကစားခဲ့ပေမယ့် အဖျားရောဂါကြောင့် အာမေးနီးယားကို (၆-၀)ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ မပါဝင်နိုင်ခဲ့ပါဘူး။

ချယ်လ်ဆီးအသင်းဟာ လာမယ့်စနေနေ့ကျရင် ဗီလာနဲ့ကစားမယ့်ပွဲအပြီး ချန်ပီယံလိဂ်၊ လိဂ်ဖလားပွဲတွေဆက်တိုက်ကစားရမှာဖြစ်လို့ လူကာကူနဲ့ဟာဗတ်ဇ်တို့ အချိန်မီကြံ့ခိုင်မှုပြည့်ဝလာဖို့မျှော်လင့်နေတာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒဏ္ရာျပႆနာေတြေၾကာင့္ အက္စတြန္ဗီလာနဲ႔ကစားမယ့္ပြဲကို လူကာကူ၊ ဟာဗတ္ဇ္တို႔ လြဲေခ်ာ္ဖို႔ရွိေန

ခ်ယ္လ္ဆီးအသင္းရဲ႕အဓိကတိုက္စစ္ကစားသမားႏွစ္ဦးျဖစ္တဲ့ လူကာကူနဲ႔ဟာဗတ္ဇ္တို႔ဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ အခုတစ္ပတ္ အက္စတြန္ဗီလာနဲ႔ကစားမယ့္ပရီးမီးယားလိဂ္ပြဲကို လြဲေခ်ာ္ဖို႔ရွိေနတယ္လို႔ Mirror သတင္းစာကေဖာ္ျပခဲ့ပါတယ္။ ႏွစ္ေယာက္စလုံးဟာ ႏိုင္ငံလက္ေ႐ြးစင္အသင္းေတြျဖစ္တဲ့ ဘယ္လ္ဂ်ီယံ၊ ဂ်ာမနီအသင္းတို႔အတြက္ ပါဝင္ကစားရင္းနဲ႔ဒဏ္ရာရရွိခဲ့ၾကတာျဖစ္ၿပီး ခ်ယ္လ္ဆီးအသင္းက လူကာကူနဲ႔ဟာဗတ္ဇ္တို႔ရဲ႕ႀကံ့ခိုင္မႈအေနအထားအေပၚ စိုးရိမ္တႀကီးျဖစ္ေနပါတယ္။

ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္တိုက္စစ္မႉးလူကာကူဟာ ေပါင္ဒဏ္ရာရရွိခဲ့တယ္လို႔ယူဆရမွာျဖစ္ၿပီး သူက “ကြၽန္ေတာ့္ရဲ႕ ေပါင္ဒဏ္ရာအေနအထားကို Scan နဲ႔စမ္းသပ္စစ္ေဆးမႈေတြျပဳလုပ္သြားမွာပါ။ အေသးစားဒဏ္ရာေတြေၾကာင့္ အခုရက္ပိုင္း ကြၽန္ေတာ္႐ုန္းကန္ေနရၿပီး စမ္းသပ္စစ္ေဆးမႈေတြျပဳလုပ္ၿပီးေတာ့မွ ခ်ယ္လ္ဆီးအသင္းဆီ ျပန္မွာျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ လူကာကူဟာ ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ဘီလာ႐ုစ္နဲ႔ပြဲကို လြဲေခ်ာ္မွာျဖစ္တာေၾကာင့္ ခ်ယ္လ္ဆီးအသင္းအတြက္ သတင္းေကာင္းျဖစ္ခဲ့ၿပီး ဗီလာနဲ႔ပြဲအမီ ျပန္သက္သာလာဖို႔ အခ်ိန္ယူေဆာင္႐ြက္ခြင့္ရမွာလည္းျဖစ္ပါတယ္။

ဒီရာသီအစမွာ အင္တာမီလန္အသင္းဆီကေန ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ခ်ယ္လ္ဆီးအသင္းဆီျပန္လည္ေရာက္ရွိခဲ့သူ လူကာကူဟာ အသင္းအတြက္ေျခစြမ္းျပေနၿပီး (၂)ပြဲကစား(၁)ဂိုးသြင္းယူထားပါတယ္။ ခ်ယ္လ္ဆီးအသင္းရဲ႕ေနာက္ထပ္ တိုက္စစ္ကစားသမားတစ္ဦးျဖစ္တဲ့ ဂ်ာမနီလက္ေ႐ြးစင္ကစားသမားဟာဗတ္ဇ္ကေတာ့ အဖ်ားေရာဂါခံစားေနရတာျဖစ္ၿပီး အသင္းနဲ႔အတူေလ့က်င့္ခန္းမဆင္းႏိုင္ေသးဘဲ တစ္ဦးခ်င္းအေပ့ါစားေလ့က်င့္ခန္းေတြသာ ျပဳလုပ္ေနတာျဖစ္ပါတယ္။

ဟာဗတ္ဇ္ဟာ လစ္သူေယးနီးယားနဲ႔ကစားခဲ့တဲ့ပြဲမွာပါဝင္ကစားခဲ့ေပမယ့္ အဖ်ားေရာဂါေၾကာင့္ အာေမးနီးယားကို (၆-၀)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲမွာ မပါဝင္ႏိုင္ခဲ့ပါဘူး။ ခ်ယ္လ္ဆီးအသင္းဟာ လာမယ့္စေနေန႔က်ရင္ ဗီလာနဲ႔ကစားမယ့္ပြဲအၿပီး ခ်န္ပီယံလိဂ္၊ လိဂ္ဖလားပြဲေတြဆက္တိုက္ကစားရမွာျဖစ္လို႔ လူကာကူနဲ႔ဟာဗတ္ဇ္တို႔ အခ်ိန္မီႀကံ့ခိုင္မႈျပည့္ဝလာဖို႔ေမွ်ာ္လင့္ေနတာလည္းျဖစ္ပါတယ္။