ဒဏ်ရာပြဿနာတွေကြောင့် ဗီလာရီးယဲလ်နဲ့ချန်ပီယံလိဂ်ပွဲကို လွဲချော်ဖို့ရှိနေတဲ့ လုခ်ရှောနဲ့မက်ဂွိုင်းယား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကနောက်ခံလူနှစ်ဦးဖြစ်တဲ့ အသင်းခေါင်းဆောင်မက်ဂွိုင်းယားနဲ့ဘယ်နောက်ခံလူလုခ်ရှောတို့ဟာ အက်စတွန်ဗီလာနဲ့ကစားခဲ့တဲ့ပွဲမှာ ဒဏ်ရာအသီးသီးရရှိခဲ့တာကြောင့်

ဗီလာရီးယဲလ်နဲ့ကစားမယ့်ချန်ပီယံလိဂ်ပွဲမှာ ရလဒ်ကောင်းရယူဖို့ကြိုးစားရမယ့် မန်ချက်စတာယူနိုက်တက်အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာပါပြီ။

လုခ်ရှောဟာ ပထမပိုင်း(၃၄)မိနစ်မှာကတည်းက ပေါင်ခြံဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဆေးအဖွဲ့ကစစ်ဆေးမှုတွေလုပ်ပြီးတဲ့နောက် ပွဲဆက်လက်ကစားခဲ့ပေမယ့် မိနစ်ပိုင်းအကြာမှာပဲ ဘောလုံးဆက်ကစားဖို့မဖြစ်နိုင်တဲ့အနေအထားကြောင့် နည်းပြဆိုးလ်ရှားက သူ့ကို ဒါလော့တ်နဲ့လူစားလဲခဲ့ရပါတယ်။

ဒါ့အပြင် ဒုတိယပိုင်းပြန်စလို့ (၁၅)မိနစ်မှာပဲ မက်ဂွိုင်းယားကလည်း ဒဏ်ရာပြဿနာနဲ့ရင်ဆိုင်ခဲ့ရပြီး ဆိုးလ်ရှားက မက်ဂွိုင်းယားကို အရဲစွန့်ပြီးဆက်မကစားစေလိုတဲ့အတွက် လင်ဒီလော့ဖ်နဲ့လူစားထိုးခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့်တစ်ပတ်ဗုဒ္ဓဟူးနေ့ကျရင် ဗီလာရီးယဲလ်အသင်းနဲ့ ချန်ပီယံလိဂ်အုပ်စုဒုတိယပွဲကစားဖို့ရှိနေပြီး အဲဒီပွဲကို လုခ်ရှောနဲ့မက်ဂွိုင်းယားလွဲချော်ဖို့ရှိနေတဲ့အတွက် နည်းပြဆိုးလ်ရှားတစ်ယောက် ခံစစ်ပိုင်းပြဿနာနဲ့ရင်ဆိုင်နေရပါပြီ။

အက်စတွန်ဗီလာနဲ့ပွဲအပြီးမှာ ဆိုးလ်ရှားက “အခုလောလောဆယ်တော့ သူတို့နှစ်ယောက်အခြေအနေအရ လာမယ့်ဗုဒ္ဓဟူးနေ့ပွဲကျရင်ပါဝင်ကစားနိုင်ဖို့ မသေချာသေးပါဘူး။

ဒါပေမဲ့ ဒီကြားထဲ ထူးခြားမှုရှိမလားဆိုတာ စောင့်ကြည့်သွားရမှာပါ။

အခုအချိန်မှာ ဘာကိုမှ ကျွန်တော်အတိအကျမပြောနိုင်သေးပါဘူး။

လာမယ့်ရက်ပိုင်းအတွင်း ဒီကစားသမားနှစ်ယောက်ရဲ့ဒဏ်ရာအနေအထားကို စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ရမှာဖြစ်ပါတယ်”လို့ဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲတုန်းက ယန်းဘွိုင်းစ်အသင်းကို (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုကနေတက်ဖို့မျှော်လင့်ချက်အတွက် ဗီလာရီးယဲလ်နဲ့ပွဲမှာ အမှားလုပ်လို့မရတဲ့အချိန်ဖြစ်နေချိန်မှာ လုခ်ရှော၊ မက်ဂွိုင်းယားတို့ ဒဏ်ရာရရှိခဲ့တာက အသင်းအတွက်စိတ်ပျက်စရာပါပဲ။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ်ဗိုလ်လုပွဲတုန်းက ဗီလာရီးယဲလ်အသင်းနဲ့ဆုံတွေ့ခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်နဲ့ရှုံးနိမ့်ခဲ့လို့ ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရပါတယ်။

ယူနိုက်တက်နဲ့ဗီလာရီးယဲလ်အသင်းတို့ဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ၂၀၀၅-၀၆၊ ၂၀၀၈-၀၉ ရာသီတွေတုန်းက အုပ်စုအဆင့်မှာ ဆုံတွေ့ခဲ့ဖူးပြီး အံ့အားသင့်စရာကောင်းလောက်အောင် အဲဒီ(၄)ပွဲစလုံး ဂိုးမရှိသရကျခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyiဒဏ္ရာျပႆနာေတြေၾကာင့္ ဗီလာရီးယဲလ္နဲ႔ခ်န္ပီယံလိဂ္ပြဲကို လြဲေခ်ာ္ဖို႔ရွိေနတဲ့ လုခ္ေရွာနဲ႔မက္ဂြိဳင္းယား

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အဓိကေနာက္ခံလူႏွစ္ဦးျဖစ္တဲ့ အသင္းေခါင္းေဆာင္မက္ဂြိဳင္းယားနဲ႔ဘယ္ေနာက္ခံလူလုခ္ေရွာတို႔ဟာ အက္စတြန္ဗီလာနဲ႔ကစားခဲ့တဲ့ပြဲမွာ ဒဏ္ရာအသီးသီးရရွိခဲ့တာေၾကာင့္ ဗီလာရီးယဲလ္နဲ႔ကစားမယ့္ခ်န္ပီယံလိဂ္ပြဲမွာ ရလဒ္ေကာင္းရယူဖို႔ႀကိဳးစားရမယ့္ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္လာပါၿပီ။ လုခ္ေရွာဟာ ပထမပိုင္း(၃၄)မိနစ္မွာကတည္းက ေပါင္ၿခံဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ေဆးအဖြဲ႕ကစစ္ေဆးမႈေတြလုပ္ၿပီးတဲ့ေနာက္ ပြဲဆက္လက္ကစားခဲ့ေပမယ့္ မိနစ္ပိုင္းအၾကာမွာပဲ ေဘာလုံးဆက္ကစားဖို႔မျဖစ္ႏိုင္တဲ့အေနအထားေၾကာင့္ နည္းျပဆိုးလ္ရွားက သူ႔ကို ဒါေလာ့တ္နဲ႔လူစားလဲခဲ့ရပါတယ္။ ဒါ့အျပင္ ဒုတိယပိုင္းျပန္စလို႔ (၁၅)မိနစ္မွာပဲ မက္ဂြိဳင္းယားကလည္း ဒဏ္ရာျပႆနာနဲ႔ရင္ဆိုင္ခဲ့ရၿပီး ဆိုးလ္ရွားက မက္ဂြိဳင္းယားကို အရဲစြန႔္ၿပီးဆက္မကစားေစလိုတဲ့အတြက္ လင္ဒီေလာ့ဖ္နဲ႔လူစားထိုးခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ လာမယ့္တစ္ပတ္ဗုဒၶဟူးေန႔က်ရင္ ဗီလာရီးယဲလ္အသင္းနဲ႔ ခ်န္ပီယံလိဂ္အုပ္စုဒုတိယပြဲကစားဖို႔ရွိေနၿပီး အဲဒီပြဲကို လုခ္ေရွာနဲ႔မက္ဂြိဳင္းယားလြဲေခ်ာ္ဖို႔ရွိေနတဲ့အတြက္ နည္းျပဆိုးလ္ရွားတစ္ေယာက္ ခံစစ္ပိုင္းျပႆနာနဲ႔ရင္ဆိုင္ေနရပါၿပီ။အက္စတြန္ဗီလာနဲ႔ပြဲအၿပီးမွာ ဆိုးလ္ရွားက “အခုေလာေလာဆယ္ေတာ့ သူတို႔ႏွစ္ေယာက္အေျခအေနအရ လာမယ့္ဗုဒၶဟူးေန႔ပြဲက်ရင္ပါဝင္ကစားႏိုင္ဖို႔ မေသခ်ာေသးပါဘူး။ ဒါေပမဲ့ ဒီၾကားထဲ ထူးျခားမႈရွိမလားဆိုတာ ေစာင့္ၾကည့္သြားရမွာပါ။ အခုအခ်ိန္မွာ ဘာကိုမွ ကြၽန္ေတာ္အတိအက်မေျပာႏိုင္ေသးပါဘူး။ လာမယ့္ရက္ပိုင္းအတြင္း ဒီကစားသမားႏွစ္ေယာက္ရဲ႕ဒဏ္ရာအေနအထားကို ေစာင့္ၾကည့္ၿပီးမွ ဆုံးျဖတ္ရမွာျဖစ္ပါတယ္”လို႔ဆိုခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲတုန္းက ယန္းဘြိဳင္းစ္အသင္းကို (၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္ အုပ္စုကေနတက္ဖို႔ေမွ်ာ္လင့္ခ်က္အတြက္ ဗီလာရီးယဲလ္နဲ႔ပြဲမွာ အမွားလုပ္လို႔မရတဲ့အခ်ိန္ျဖစ္ေနခ်ိန္မွာ လုခ္ေရွာ၊ မက္ဂြိဳင္းယားတို႔ ဒဏ္ရာရရွိခဲ့တာက အသင္းအတြက္စိတ္ပ်က္စရာပါပဲ။ ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ရာသီ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲတုန္းက ဗီလာရီးယဲလ္အသင္းနဲ႔ဆုံေတြ႕ခဲ့ၿပီး ပယ္နယ္တီအဆုံးအျဖတ္နဲ႔ရႈံးနိမ့္ခဲ့လို႔ ဒုတိယေနရာနဲ႔သာေက်နပ္ခဲ့ရပါတယ္။ ယူႏိုက္တက္နဲ႔ဗီလာရီးယဲလ္အသင္းတို႔ဟာ ခ်န္ပီယံလိဂ္သမိုင္းတစ္ေလွ်ာက္ ၂၀၀၅-၀၆၊ ၂၀၀၈-၀၉ ရာသီေတြတုန္းက အုပ္စုအဆင့္မွာ ဆုံေတြ႕ခဲ့ဖူးၿပီး အံ့အားသင့္စရာေကာင္းေလာက္ေအာင္ အဲဒီ(၄)ပြဲစလုံး ဂိုးမရွိသရက်ခဲ့တာျဖစ္ပါတယ္။