ဒဏ်ရာပြဿနာကြောင့် အီတလီနဲ့ဗိုလ်လုပွဲကို လွဲချော်ဖို့ရှိနေတဲ့ ဖိုဒန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန်အသင်းရဲ့ လူငယ်တောင်ပံတိုက်စစ်ကစားသမားဖိုဒန်ဟာ ဒဏ်ရာပြဿနာကြောင့် အီတလီနဲ့ကစားမယ့် ယူရို-၂၀၂၀ ဗိုလ်လုပွဲမှာပါဝင်ဖို့ မသေချာဘူးလို့ နည်းပြဆောက်ဂိတ်က အတည်ပြုပြောကြားခဲ့ပါတယ်။

ဖိုဒန်ဟာ ကြွက်သားဒဏ်ရာရှိနေပြီး ပြီးခဲ့တဲ့စနေနေ့က အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ မပါဝင်ခဲ့သလို အီတလီနဲ့အရေးပါတဲ့ပွဲကို လွဲချော်ဖို့ရှိနေတာဖြစ်ပြီး ဗိုလ်လုပွဲအတွက် အသင်းလူစာရင်းမှာ ဖိုဒန်ကို ထည့်သွင်းဖို့ရှိ၊ မရှိ ဆောက်ဂိတ် ဆုံးဖြတ်ချက်သွားမှာပါ။

စနေနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆောက်ဂိတ်က “ဗိုလ်လုပွဲမှာ ဖိုဒန် ပါဝင်ဖို့မသေချာပါဘူး။

သူ့ဒဏ်ရာက သိပ်မပြင်းထန်ပေမယ့် ဒီပွဲမတိုင်ခင် ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိဖို့ မသေချာဖြစ်နေတာပါ”လို့ပြောကြားခဲ့ပါတယ်။

အင်္ဂလန်အသင်းက ကစားသမား(၂၆)ဦးစလုံးဟာ ကိုဗစ်ရောဂါရှိ၊မရှိ စစ်ဆေးပြီးသွားပြီဖြစ်သလို လေ့ကျင့်ခန်းကိုတော့ ဖိုဒန်တစ်ယောက်ကလွဲပြီး ကျန်တဲ့ကစားသမားတွေအကုန် လေ့ကျင့်ခန်းဆင်းခဲ့ကြပါတယ်။

အသက်(၂၁)နှစ်အရွယ်သာရှိသေးတဲ့ မန်စီးတီးကစားသမားဖိုဒန်ဟာ ယူရို-၂၀၂၀ အုပ်စုအဖွင့်ပွဲဖြစ်တဲ့ ခရိုအေးရှား၊ စကော့တလန်တို့နဲ့ပွဲမှာ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် ပွဲချိန်ပြည့်ကစားခွင့်မရခဲ့ဘဲ အင်္ဂလန်အသင်းရဲ့နောက်ဆုံး(၄)ပွဲမှာ စုစုပေါင်း(၂၅)မိနစ်သာကစားခွင့်ရခဲ့ပါတယ်။

ဖိုဒန်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းရဲ့ဘယ်ခြမ်းတိုက်စစ်မှာ အကောင်းဆုံးပုံစံပြသခဲ့ပေမယ့် အခု ယူရိုမှာတော့ ဆောက်ဂိတ်က သူ့ကို တိုက်စစ်ညာခြမ်းမှာ အသုံးပြုခဲ့တာကြောင့် ခြေစွမ်းမပြနိုင်ဖြစ်ခဲ့ရပြီး နောက်ပိုင်းပွဲတွေမှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတာလည်းဖြစ်ပါတယ်။

အီတလီနဲ့ပွဲမှာ ဖိုဒန် ပါဝင်ကစားဖို့မသေချာဖြစ်နေပေမယ့် အင်္ဂလန်အသင်းလူစာရင်းမှာ တောင်ပံတိုက်စစ်ကစားသမားတွေအများကြီးရှိနေပြီး ဂရီးလစ်ရှ်၊ ဆာကာ၊ ဆန်ချို၊ ရပ်ရှ်ဖို့ဒ်တို့ထဲက တစ်ဦးကို ဆောက်ဂိတ် အသုံးပြုဖို့ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒဏ္ရာျပႆနာေၾကာင့္ အီတလီနဲ႔ဗိုလ္လုပြဲကို လြဲေခ်ာ္ဖို႔ရွိေနတဲ့ ဖိုဒန္

အဂၤလန္အသင္းရဲ႕ လူငယ္ေတာင္ပံတိုက္စစ္ကစားသမားဖိုဒန္ဟာ ဒဏ္ရာျပႆနာေၾကာင့္ အီတလီနဲ႔ကစားမယ့္ ယူ႐ို-၂၀၂၀ ဗိုလ္လုပြဲမွာပါဝင္ဖို႔ မေသခ်ာဘူးလို႔ နည္းျပေဆာက္ဂိတ္က အတည္ျပဳေျပာၾကားခဲ့ပါတယ္။ ဖိုဒန္ဟာ ႂကြက္သားဒဏ္ရာရွိေနၿပီး ၿပီးခဲ့တဲ့စေနေန႔က အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္မွာ မပါဝင္ခဲ့သလို အီတလီနဲ႔အေရးပါတဲ့ပြဲကို လြဲေခ်ာ္ဖို႔ရွိေနတာျဖစ္ၿပီး ဗိုလ္လုပြဲအတြက္ အသင္းလူစာရင္းမွာ ဖိုဒန္ကို ထည့္သြင္းဖို႔ရွိ၊ မရွိ ေဆာက္ဂိတ္ ဆုံးျဖတ္ခ်က္သြားမွာပါ။ စေနေန႔ကျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေဆာက္ဂိတ္က “ဗိုလ္လုပြဲမွာ ဖိုဒန္ ပါဝင္ဖို႔မေသခ်ာပါဘူး။ သူ႔ဒဏ္ရာက သိပ္မျပင္းထန္ေပမယ့္ ဒီပြဲမတိုင္ခင္ ရာႏႈန္းျပည့္ႀကံ့ခိုင္မႈရွိဖို႔ မေသခ်ာျဖစ္ေနတာပါ”လို႔ေျပာၾကားခဲ့ပါတယ္။ အဂၤလန္အသင္းက ကစားသမား(၂၆)ဦးစလုံးဟာ ကိုဗစ္ေရာဂါရွိ၊မရွိ စစ္ေဆးၿပီးသြားၿပီျဖစ္သလို ေလ့က်င့္ခန္းကိုေတာ့ ဖိုဒန္တစ္ေယာက္ကလြဲၿပီး က်န္တဲ့ကစားသမားေတြအကုန္ ေလ့က်င့္ခန္းဆင္းခဲ့ၾကပါတယ္။

အသက္(၂၁)ႏွစ္အ႐ြယ္သာရွိေသးတဲ့ မန္စီးတီးကစားသမားဖိုဒန္ဟာ ယူ႐ို-၂၀၂၀ အုပ္စုအဖြင့္ပြဲျဖစ္တဲ့ ခ႐ိုေအးရွား၊ စေကာ့တလန္တို႔နဲ႔ပြဲမွာ ပြဲထြက္ကစားခြင့္ရခဲ့ေပမယ့္ ပြဲခ်ိန္ျပည့္ကစားခြင့္မရခဲ့ဘဲ အဂၤလန္အသင္းရဲ႕ေနာက္ဆုံး(၄)ပြဲမွာ စုစုေပါင္း(၂၅)မိနစ္သာကစားခြင့္ရခဲ့ပါတယ္။ ဖိုဒန္ဟာ ၿပီးခဲ့တဲ့ရာသီက မန္စီးတီးအသင္းရဲ႕ဘယ္ျခမ္းတိုက္စစ္မွာ အေကာင္းဆုံးပုံစံျပသခဲ့ေပမယ့္ အခု ယူ႐ိုမွာေတာ့ ေဆာက္ဂိတ္က သူ႔ကို တိုက္စစ္ညာျခမ္းမွာ အသုံးျပဳခဲ့တာေၾကာင့္ ေျခစြမ္းမျပႏိုင္ျဖစ္ခဲ့ရၿပီး ေနာက္ပိုင္းပြဲေတြမွာ ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနတာလည္းျဖစ္ပါတယ္။အီတလီနဲ႔ပြဲမွာ ဖိုဒန္ ပါဝင္ကစားဖို႔မေသခ်ာျဖစ္ေနေပမယ့္ အဂၤလန္အသင္းလူစာရင္းမွာ ေတာင္ပံတိုက္စစ္ကစားသမားေတြအမ်ားႀကီးရွိေနၿပီး ဂရီးလစ္ရွ္၊ ဆာကာ၊ ဆန္ခ်ိဳ၊ ရပ္ရွ္ဖို႔ဒ္တို႔ထဲက တစ္ဦးကို ေဆာက္ဂိတ္ အသုံးျပဳဖို႔ရွိေနပါၿပီ။