ဒဏ်ရာပြဿနာကြောင့် လီဗာပူးလ်နဲ့ပွဲကို လွဲချော်ဖို့ရှိနေတဲ့ ဘရူနိုဖာနန်ဒက်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ မထင်မှတ်ဘဲဒဏ်ရာပြဿနာနဲ့ရင်ဆိုင်နေရတာကြောင့် လီဗာပူးလ်နဲ့ကစားမယ့်ပွဲကြီးပွဲကောင်းကို လွဲချော်ဖို့ရှိနေပါပြီ။

ဘရူနိုဖာနန်ဒက်စ်ဟာ အတ္တလန်တာအသင်းကို (၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ မိနစ်(၉၀)စလုံးပါဝင်ကစားခဲ့ပေမယ့် ပြိုင်ဘက်ကစားသမားတွေရဲ့ ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်တာကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

မနေ့က အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ဘရူနိုဖာနန်ဒက်စ်ပါဝင်ခဲ့ပေမယ့်လည်း ရာနှုန်းပြည့်လေ့ကျင့်မှုမပြုလုပ်နိုင်ဘဲ ခြေထော့နင်းနဲ့လှုပ်ရှားနေရပြီး

သူ့ရဲ့ဒဏ်ရာအနေအထားကို ဒီနေ့မှာစမ်းသပ်စစ်ဆေးမှုတွေလုပ်သွားမှာဖြစ်သလို နည်းပြဆိုးလ်ရှားကတော့ သာမန်ထိခိုက်နာကျင်တာသာဖြစ်ဖို့ မျှော်လင့်နေပါတယ်။

အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်သူ ဘရူနိုဖာနန်ဒက်စ်ဟာ အတ္တလန်တာအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက်အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး

ယူနိုက်တက်အသင်းရရှိခဲ့တဲ့ချေပဂိုးနှစ်ဂိုးက သူ့ရဲ့ဖန်တီးပေးမှုကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ဘရူနိုဖာနန်ဒက်စ်က “ကျွန်တော်တို့ အမှားတွေလုပ်ခဲ့ပေမယ့် နိုင်ပွဲရရှိအောင်ကစားနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ ဘာတွေမှားနေလဲဆိုတာ လေ့ကျင့်ခန်းအစီအစဉ်မှာအဖြေရှာရမှာဖြစ်ပြီး လာမယ့်လီဗာပူးလ်နဲ့ပွဲကျရင် ဒီလိုအမှားမျိုးထပ်လုပ်လို့မရပါဘူး။

အသင်းရဲ့လိုအပ်ချက်တွေကို အမြန်ဆုံးအဖြေရှာပြီးတော့ ပြင်ဆင်သွားဖို့လိုအပ်နေပါပြီ”လို့ပြောကြားခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ အတ္တလန်တာအသင်းနဲ့ပွဲမှာ အခွင့်အရေးဖန်တီးနိုင်မှု(၈)ကြိမ်အထိရှိခဲ့ပြီး

၂၀၀၃-၀၄ ရာသီနောက်ပိုင်း ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲမှာ ယူနိုက်တက်အသင်းအတွက် အခွင့်အရေးဖန်တီးမှုအများဆုံးလုပ်ခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းကို စတင်ရောက်ရှိခဲ့ချိန်ကတည်းက ခြေစွမ်းကောင်းတွေဆက်တိုက်ပြသနေတဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ

ဒီရာသီမှာလည်း ပြိုင်ပွဲစုံ(၄)ဂိုးသွင်းပြီးတော့ ဂိုးဖန်တီးမှု(၆)ကြိမ်ပြုလုပ်ခဲ့ပြီး လီဗာပူးလ်နဲ့ပွဲမှာသာ သူ မပါဝင်နိုင်ခဲ့ရင် ယူနိုက်တက်အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာဖို့ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒဏ္ရာျပႆနာေၾကာင့္ လီဗာပူးလ္နဲ႔ပြဲကို လြဲေခ်ာ္ဖို႔ရွိေနတဲ့ ဘ႐ူႏိုဖာနန္ဒက္စ္

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အဓိကကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ မထင္မွတ္ဘဲဒဏ္ရာျပႆနာနဲ႔ရင္ဆိုင္ေနရတာေၾကာင့္ လီဗာပူးလ္နဲ႔ကစားမယ့္ပြဲႀကီးပြဲေကာင္းကို လြဲေခ်ာ္ဖို႔ရွိေနပါၿပီ။ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ အတၱလန္တာအသင္းကို (၃-၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ မိနစ္(၉၀)စလုံးပါဝင္ကစားခဲ့ေပမယ့္ ၿပိဳင္ဘက္ကစားသမားေတြရဲ႕ ၾကမ္းၾကမ္းတမ္းတမ္းဖ်က္ထုတ္တာကို ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

မေန႔က အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္မွာ ဘ႐ူႏိုဖာနန္ဒက္စ္ပါဝင္ခဲ့ေပမယ့္လည္း ရာႏႈန္းျပည့္ေလ့က်င့္မႈမျပဳလုပ္ႏိုင္ဘဲ ေျခေထာ့နင္းနဲ႔လႈပ္ရွားေနရၿပီး သူ႔ရဲ႕ဒဏ္ရာအေနအထားကို ဒီေန႔မွာစမ္းသပ္စစ္ေဆးမႈေတြလုပ္သြားမွာျဖစ္သလို နည္းျပဆိုးလ္ရွားကေတာ့ သာမန္ထိခိုက္နာက်င္တာသာျဖစ္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ အသက္(၂၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ အတၱလန္တာအသင္းကို အႏိုင္ရခဲ့တဲ့ပြဲမွာ အသင္းအတြက္အေကာင္းဆုံးေျခစြမ္းျပႏိုင္ခဲ့ၿပီး ယူႏိုက္တက္အသင္းရရွိခဲ့တဲ့ေခ်ပဂိုးႏွစ္ဂိုးက သူ႔ရဲ႕ဖန္တီးေပးမႈကေန သြင္းယူခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာ ဘ႐ူႏိုဖာနန္ဒက္စ္က “ကြၽန္ေတာ္တို႔ အမွားေတြလုပ္ခဲ့ေပမယ့္ ႏိုင္ပြဲရရွိေအာင္ကစားႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ဘာေတြမွားေနလဲဆိုတာ ေလ့က်င့္ခန္းအစီအစဥ္မွာအေျဖရွာရမွာျဖစ္ၿပီး လာမယ့္လီဗာပူးလ္နဲ႔ပြဲက်ရင္ ဒီလိုအမွားမ်ိဳးထပ္လုပ္လို႔မရပါဘူး။ အသင္းရဲ႕လိုအပ္ခ်က္ေတြကို အျမန္ဆုံးအေျဖရွာၿပီးေတာ့ ျပင္ဆင္သြားဖို႔လိုအပ္ေနပါၿပီ”လို႔ေျပာၾကားခဲ့ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာ အတၱလန္တာအသင္းနဲ႔ပြဲမွာ အခြင့္အေရးဖန္တီးႏိုင္မႈ(၈)ႀကိမ္အထိရွိခဲ့ၿပီး ၂၀၀၃-၀၄ ရာသီေနာက္ပိုင္း ခ်န္ပီယံလိဂ္ပြဲစဥ္တစ္ပြဲမွာ ယူႏိုက္တက္အသင္းအတြက္ အခြင့္အေရးဖန္တီးမႈအမ်ားဆုံးလုပ္ခဲ့သူအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ ယူႏိုက္တက္အသင္းကို စတင္ေရာက္ရွိခဲ့ခ်ိန္ကတည္းက ေျခစြမ္းေကာင္းေတြဆက္တိုက္ျပသေနတဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ဒီရာသီမွာလည္း ၿပိဳင္ပြဲစုံ(၄)ဂိုးသြင္းၿပီးေတာ့ ဂိုးဖန္တီးမႈ(၆)ႀကိမ္ျပဳလုပ္ခဲ့ၿပီး လီဗာပူးလ္နဲ႔ပြဲမွာသာ သူ မပါဝင္ႏိုင္ခဲ့ရင္ ယူႏိုက္တက္အသင္းအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္လာဖို႔ရွိေနပါၿပီ။