ဒဏ်ရာပြသနာတွေကို စိုးရိမ်နေရပြီလို့ ကွန်တီဝန်ခံလိုက်

PC ; Internet

ဒဏ်ရာပြသနာက အသင်းရဲ့လာမယ့်ပွဲစဉ်တွေအပေါ်ရိုက်ခတ်မှုရှိလာမှာကို စိုးရိမ်မိတယ်လို့ ပါးမားနဲ့ ၂ဂိုးစီသရေကျတဲ့ပွဲအပြီးမှာ အင်တာမီလန်နည်းပြကွန်တီက ဖွင့်ဟဝန်ခံလိုက်ပါတယ်။အဆာမိုအာနဲ့ဒီဗာဂျီတို့ဟာ ကန်ဒရီဗာနဲ့လူကာကူတို့ရဲ့သွင်းဂိုးတွေနဲ့ အင်တာ ၁မှတ်ရခဲ့တဲ့ အဲဒီဆန်စီရိုပွဲစဉ်မှာ ပွဲထွက်ကစားသမားစာရင်းထဲမပါဝင်ခဲ့ကြပါဘူး။ဒီရလဒ်ကြောင့် လက်ချီနဲ့အစောပိုင်းပွဲစဉ်မှာ ၁ဂိုးစီသရေကျခဲ့တဲ့ အမှတ်ပေးဇယားထိပ်ကဂျူဗင်တပ်ကို ကျော်ဖြတ်နိုင်မယ့်အခွင့်အရေးကို အင်တာမီလန်အသင်း လက်လွှတ်ဆုံးရှုံးခဲ့ရတာပါ။

PC ; Internet

ကွန်တီအနေနဲ့လည်း လာမယ့်ပွဲကျပ်ကာလအတွက် စိုးရိမ်နေပါတယ်။အင်တာဟာ လာမယ့် ၈ရက်အတွင်းမှာ ဘရက်စီယာ၊ဘိုလော့နာ၊ဒေါ့တ်မန်တို့နဲ့ဆက်တိုက် ကစားရမှာပါ။” ဒါဟာ ၆ရက်အတွင်း ကျွန်တော်တို့ရဲ့ ၃ပွဲမြောက်ဖြစ်ပါတယ်။အဲဒါထက်မပိုရင်တောင် မလျော့တဲ့ပွဲကျပ်ကာလတစ်ခုကို ကျွန်တော်တို့ဖြတ်သန်းရဦးမှာပါ။ကျွန်တော်တို့အတွက် သိပ်ကိုခက်ခဲပါလိမ့်မယ်။ဒါနဲ့ပတ်သက်ပြီး စိတ်မအေးနိုင်ပါဘူး။အချိန်တိုအတွင်းမှာ နောက်ထပ် ၄ပွဲကစားရဦးမှာကြောင့်ပါ ” လို့ ကွန်တီက Sky Sports သတင်းဌာနကိုဖွင့်ဟသွားပါတယ်။

PC ; Internet

အီတလီသားနည်းပြအနေနဲ့ ဒဏ်ရာရနေတဲ့ တိုက်စစ်မှူးအဲလက်စ်ဆန်းချက်ဇ်ကို ခရစ္စမတ်ကာလပြီးဆုံးချိန်အထိ ဆုံးရှုံးဖို့ရှိနေသလို အမ်ဘရိုစီယိုနဲ့ဆန်စီတို့ရဲ့ ကြံ့ခိုင်မှုအခြေအနေကိုလည်း စောင်ကြည့်ရဦးမှာပါ။ပါးမားနဲ့ပွဲမှာ ကွန်တီဟာ အသက် ၂၀အရွယ် နောက်ခံလူဘက်စ်တိုနီကို ပွဲထွက်စေခဲ့ရသလို အသက် ၁၇နှစ်အရွယ်တိုက်စစ်မှူး အက်စ်ပိုဆီတိုကလည်း လာမယ့်ပွဲစဉ်တွေမှာ အသုံးပြုရဖွယ်ရှိနေပါတယ်။

PC ; Internet

လက်ရှိအနေအထားနဲ့ပတ်သက်ပြီး အင်တာဘုတ်အဖွဲ့နဲ့ဆွေးနွေးတိုင်ပင်သွားမှာဖြစ်သလို လူငယ်တွေနဲ့ပတ်သက်ပြီး စိတ်ရှည်ဖို့လိုပေမယ့် စိုးရိမ်ပူပန်နေရဆဲပဲလို့ ကွန်တီက ဆက်လက်ပြောဆိုသွားခဲ့ပါတယ်။

(zawgyi)

ဒဏ္ရာျပသနာက အသင္းရဲ႕လာမယ့္ပြဲစဥ္ေတြအေပၚရိုက္ခတ္မႈရွိလာမွာကို စိုးရိမ္မိတယ္လို႔ ပါးမားနဲ႔ ၂ဂိုးစီသေရက်တဲ့ပြဲအၿပီးမွာ အင္တာမီလန္နည္းျပကြန္တီက ဖြင့္ဟ၀န္ခံလိုက္ပါတယ္။အဆာမိုအာနဲ႔ဒီဗာဂ်ီတို႔ဟာ ကန္ဒရီဗာနဲ႔လူကာကူတို႔ရဲ႕သြင္းဂိုးေတြနဲ႔ အင္တာ ၁မွတ္ရခဲ့တဲ့ အဲဒီဆန္စီရိုပြဲစဥ္မွာ ပြဲထြက္ကစားသမားစာရင္းထဲမပါ၀င္ခဲ့ၾကပါဘူး။ဒီရလဒ္ေၾကာင့္ လက္ခ်ီနဲ႔အေစာပိုင္းပြဲစဥ္မွာ ၁ဂိုးစီသေရက်ခဲ့တဲ့ အမွတ္ေပးဇယားထိပ္ကဂ်ဴဗင္တပ္ကို ေက်ာ္ျဖတ္ႏိုင္မယ့္အခြင့္အေရးကို အင္တာမီလန္အသင္း လက္လႊတ္ဆံုးရံႈးခဲ့ရတာပါ။ကြန္တီအေနနဲ႔လည္း လာမယ့္ပြဲက်ပ္ကာလအတြက္ စိုးရိမ္ေနပါတယ္။အင္တာဟာ လာမယ့္ ၈ရက္အတြင္းမွာ ဘရက္စီယာ၊ဘိုေလာ့နာ၊ေဒါ့တ္မန္တို႔နဲ႔ဆက္တိုက္ ကစားရမွာပါ။” ဒါဟာ ၆ရက္အတြင္း ကၽြန္ေတာ္တို႔ရဲ႕ ၃ပြဲေျမာက္ျဖစ္ပါတယ္။အဲဒါထက္မပိုရင္ေတာင္ မေလ်ာ့တဲ့ပြဲက်ပ္ကာလတစ္ခုကို ကၽြန္ေတာ္တို႔ျဖတ္သန္းရဦးမွာပါ။ကၽြန္ေတာ္တို႔အတြက္ သိပ္ကိုခက္ခဲပါလိမ့္မယ္။ဒါနဲ႔ပတ္သက္ၿပီး စိတ္မေအးႏိုင္ပါဘူး။အခ်ိန္တိုအတြင္းမွာ ေနာက္ထပ္ ၄ပြဲကစားရဦးမွာေၾကာင့္ပါ ” လို႔ ကြန္တီက Sky Sports သတင္းဌာနကိုဖြင့္ဟသြားပါတယ္။အီတလီသားနည္းျပအေနနဲ႔ ဒဏ္ရာရေနတဲ့ တိုက္စစ္မွဴးအဲလက္စ္ဆန္းခ်က္ဇ္ကို ခရစၥမတ္ကာလၿပီးဆံုးခ်ိန္အထိ ဆံုးရံႈးဖို႔ရွိေနသလို အမ္ဘရိုစီယိုနဲ႔ဆန္စီတို႔ရဲ႕ ႀကံ့ခိုင္မႈအေျခအေနကိုလည္း ေစာင္ၾကည့္ရဦးမွာပါ။ပါးမားနဲ႔ပြဲမွာ ကြန္တီဟာ အသက္ ၂၀အရြယ္ ေနာက္ခံလူဘက္စ္တိုနီကို ပြဲထြက္ေစခဲ့ရသလို အသက္ ၁၇ႏွစ္အရြယ္တိုက္စစ္မွဴး အက္စ္ပိုဆီတိုကလည္း လာမယ့္ပြဲစဥ္ေတြမွာ အသံုးျပဳရဖြယ္ရွိေနပါတယ္။လက္ရွိအေနအထားနဲ႔ပတ္သက္ၿပီး အင္တာဘုတ္အဖြဲ႔နဲ႔ေဆြးေႏြးတိုင္ပင္သြားမွာျဖစ္သလို လူငယ္ေတြနဲ႔ပတ္သက္ၿပီး စိတ္ရွည္ဖို႔လိုေပမယ့္ စိုးရိမ္ပူပန္ေနရဆဲပဲလို႔ ကြန္တီက ဆက္လက္ေျပာဆိုသြားခဲ့ပါတယ္။