ဒဏ်ရာဒဏ်ချက်တွေနဲ့ ဥမကွဲဘဲ ပဲလေ့စ်ကို ရှူံးခဲ့တဲ့ စပါး

Viber No => 09 969 710 910

Shwe Casino Facebook Page Link => https://bit.ly/3AQZRVp

Shwe Casino App Download Link => https://bit.ly/3k41mc4

နိုင်ငံပွဲစဉ်တွေအပြီး ပြန်စတင်တဲ့ ပရီးမီးယားလိဂ်ပွဲတစ်ပွဲဖြစ်တဲ့ စပါးနဲ့ ပဲလေ့စ်ပွဲမှာတော့ ၃ပွဲဆက်အနိုင်နဲ့ အမှတ်ပေးဇယားကိုဦးဆောင်နေတဲ့စပါးအသင်းမှာ ဒဏ်ရာရနေတဲ့ ဆွန်နဲ့ ဘာ့ဂျ်ဝင်၊ နောက်ခံလူဆန်းချက်ဇ်တို့မပါဝင်နိုင်ဘဲ ကစားသမားသစ်အီမာဆန်ပါဝင်လာပါတယ်။

ပွဲအစပိုင်းမှာပဲ ဂိုးသမားလိုရစ်ရဲ့ဘောလုံးပေးပို့ပုံမသေသပ်တာကို နောက်ခံလူဒိုင်ယာလိုက်ဆယ်ရာကနေ ဒဏ်ရာရသွားခဲ့လို့ ဂျိုးရွန်ဒွန်နဲ့လူစားလဲခဲ့ရပါတယ်။

စပါးအသင်းအတွက် အာရှဘက်ခမ်း ဆွန်ဟောင်မင်နဲ့ ဘာ့ဂျ်ဝင်တို့မပါတဲ့တိုက်စစ်ဟာ အနည်းငယ်ငြိမ်သက်နေခဲ့ပြီး အိမ်ရှင်ပဲလေ့စ်ဘက်ကတောင်မှ ပိုပြီးဖိအားပေးကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။

ပထမပိုင်းမှာအိမ်ရှင် ပဲလေ့စ်အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာ ခြေအသာနဲ့ ကစားခဲ့ပါတယ်။

ပဲလေ့စ်ဘက်ကကန်ချက်ကို စပါး ဂိုးသမား ကာကွယ်သွားခဲ့ပြီး၊ ပထမပိုင်းမှာ စပါးအသင်းက ဂိုးကန်သွင်းခွင့် တစ်ကြိမ်မှ မရှိခဲ့ပါဘူး။

ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံးက ဂိုးရရှိဖို့အတွက် ပိုမိုကြိုးစားလာခဲ့တာကြောင့် ပွဲက အကြိတ်အနယ်ပိုရှိခဲ့ပါတယ်။

၅၃ မိနစ်မှာ စပါးနောက်ခံလူ တန်ဂန်ဂါနဲ့ ဇာဟာတို့ အချင်းများခဲ့ပြီး နှစ်ယောက်စလုံး အဝါကတ် ထိခဲ့ပါတယ်။

၅ မိနစ်အကြာမှာပဲ တန်ဂန်ဂါက ပဲလေ့စ်တိုက်စစ်မှူး အာယူးကို ဖျက်ထုတ်ပုံကြမ်းခဲ့တာကြောင့် နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံရပါတယ်။

၇၆ မိနစ်မှာ ဂါလယ်ဂါ ဖြတ်တင်တဲ့ ဘောလုံးကို စပါးနောက်ခံလူ ဘန်ဒါးဗီးစ် လက်နဲ့ထိတဲ့အတွက် ရရှိတဲ့ ပင်နယ်တီကနေ ဇာဟာက အမှားအယွင်းမရှိသွင်းယူပြီး အိမ်ရှင်အသင်းအတွက် အဖွင့်ဂိုး ရယူခဲ့ပါတယ်။

ပဲလေ့စ်အတွက် ဒုတိယဂိုးနဲ့ တတိယဂိုးကိုတော့ ဘန်တီကီအစား လူစားဝင်လာတဲ့ တိုက်စစ်မှူး အက်ဒွက်က ၈၄ မိနစ်နဲ့ ၉၃ မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ပွဲပြီးချိန်မှာတော့ အာဆင်နယ်ဂန္တဝင်ကစားသမားကြီး ဗီယာရာ ကိုင်တွယ်နည်းပြတဲ့ ခရစ်စတယ်ပဲလေ့စ်အသင်းဟာ အရင်ပွဲစဉ် ၃ ပွဲမှာ ၃ ပွဲစလုံးအနိုင်ရရှိကာ ပေးဂိုး တစ်ဂိုးမှ မရှိဘဲ ထိပ်ဆုံးက ဦးဆောင်နေတဲ့ စပါးအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပြီး

ယခုနှစ် ပရီးမီးယားလိဂ် ပထမဆုံး နိုင်ပွဲကိုရရှိကာ ပွဲစဉ် ၄ အပြီးမှာ ရမှတ် ၄ မှတ်ဖြင့် အဆင့် ၁၁ မှာ ရပ်တည်နိုင်ခဲ့ပါတယ်။

Viber No => 09 969 710 910

Shwe Casino Facebook Page Link => https://bit.ly/3AQZRVp

Shwe Casino App Download Link => https://bit.ly/3k41mc4

zawgyi


နိုင်ငံပွဲစဉ်တွေအပြီး ပြန်စတင်တဲ့ ပရီးမီးယားလိဂ်ပွဲတစ်ပွဲဖြစ်တဲ့ စပါးနဲ့ ပဲလေ့စ်ပွဲမှာတော့ ၃ပွဲဆက်အနိုင်နဲ့ အမှတ်ပေးဇယားကိုဦးဆောင်နေတဲ့စပါးအသင်းမှာ ဒဏ်ရာရနေတဲ့ ဆွန်နဲ့ ဘာ့ဂ်ျဝင်၊ နောက်ခံလူဆန်းချက်ဇ်တို့မပါဝင်နိုင်ဘဲ ကစားသမားသစ်အီမာဆန်ပါဝင်လာပါတယ်။


စပါးအသင်းအတွက် အာရှဘက်ခမ်း ဆွန်ဟောင်မင်နဲ့ ဘာ့ဂ်ျဝင်တို့မပါတဲ့တိုက်စစ်ဟာ အနည်းငယ်ငြိမ်သက်နေခဲ့ပြီး အိမ်ရှင်ပဲလေ့စ်ဘက်ကတောင်မှ ပိုပြီးဖိအားပေးကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။


