ဒဏ်ရာတောထဲက ရုန်းမထွက်နိုင်သေးတဲ့ ပေါ့ဘာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက် ကွင်းလယ်ကစားသမားပေါ့ဘာကတော့ ဒဏ်ရာပြဿနာတွေနဲ့ တိုင်ပတ်နေပါတယ်။ ပေါင်ဒဏ်ရာကြောင့် အနားယူနေရတဲ့ ပေါ့ဘာဟာ နောက်ထပ် သီတင်းပတ် အနည်းငယ်လောက် ပွဲတွေလွဲချော်ဦးမှာ ဖြစ်တယ်လို့ အသင်းနည်းပြ ဆိုးလ်ရှားက အတည်ပြုပြောဆိုပါတယ်။

ပေါ့ဘာဟာ အဲဗာတန် အသင်းနဲ့ တစ်ဖက်(၃)ဂိုးစီ သရေကျတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာပြဿနာရရှိခဲ့တာဖြစ်ပါတယ်။ပေါ့ဘာဟာ ဆိုစီဒက် အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်အပါအဝင် နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်(၅)ပွဲကို လွဲချော်ထားခဲ့တာဖြစ်ပါတယ်။ နည်းပြဆိုးရှားကပေါ့ဘာ ကိစ္စအပြင် ဒန်နီရယ်ဂျိမ်းစ်အနေနဲ့ ဆိုစီဒက်အသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့ကြောင်းပြောခဲ့သလို၊ တော်မီနေး၊ ကာဗာနီတို့ရဲ့အခြေအနေတွေနဲ့ပတ်သက်လို့လည်း ပြောခဲ့ပါသေးတယ်။

“ဂျိမ်းစ် ရဲ့ဒဏ်ရာအခြေအနေကို ဒီညမှာ စစ်ဆေးသွားမှာပါ။ တော်မီနေး၊ ဒွန်နီနဲ့ အက်ဒီဆင်တို့ကတော့လာမယ့်အပတ်မှာ ပါဝင်နိုင်မယ်လို့မျှော်လင့်ပါတယ်။ ပေါ့ဘာကတော့နောက်ရက်သတ္တပတ်အနည်းငယ်ပါဝင်နိုင်ဦးမှာမဟုတ်သေးပါဘူး” လို့ နည်းပြဆိုးလ်ရှားကပြောဆိုပါတယ်။ ယူနိုက်တက် အသင်းဟာ ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ချယ်လ်ဆီး အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ပေါ့ဘာဟာ ချယ်လ်ဆီးနဲ့ ပွဲစဉ်ကိုသာမက ခရစ္စတယ်ပဲလေ့စ်၊မန်ချက်စတာစီးတီးအသင်းတို့နဲ့ကစားမယ့်ပွဲစဉ်တွေကိုပါလွဲချော်နိုင်ပါတယ်။ အဲဒါတင်မကဘဲ ဆက်လက်ကံမကောင်းပါက မတ်လ ၁၄ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာလည်း မပါဝင်နိုင်ဘဲ ဖြစ်သွားနိုင်ပါတယ်။ ပေါ့ဘာဟာ မနှစ်ရာသီတုန်းကလည်း ဒဏ်ရာပြဿနာကြောင့် ယူနိုက်တက်ရဲ့ ပွဲစဉ် အတော်များများကို လွဲချော်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒဏ္ရာ​ေတာထဲက ႐ုန္းမထြက္ႏိုင္​ေသးတဲ့ ​ေပါ့ဘာ

ယူႏိုက္တက္ ကြင္းလယ္ကစားသမား​ေပါ့ဘာက​ေတာ့ ဒဏ္ရာျပႆနာ​ေတြနဲ႔ တိုင္ပတ္​ေနပါတယ္။ ေပါင္ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ေပါ့ဘာ ဟာ ေနာက္ထပ္သီတင္းပတ္ အနည္းငယ္​ေလာက္ ပြဲေတြလြဲေခ်ာ္ဦးမွာ ျဖစ္တယ္လို႔ အသင္းနည္းျပ ဆိုးလ္ရွားက အတည္ျပဳေျပာဆိုပါတယ္။

ေပါ့ဘာ ဟာ အဲဗာတန္ အသင္းနဲ႔ တစ္ဖက္(၃)ဂိုးစီ သေရက်တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ဒဏ္ရာျပႆနာရရွိခဲ့တာျဖစ္ပါတယ္။​ေပါ့ဘာဟာ ဆိုစီဒက္ အသင္းနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္အပါအဝင္ ေနာက္ဆုံးကစားခဲ့တဲ့ ပြဲစဥ္(၅)ပြဲကို လြဲေခ်ာ္ထားခဲ့တာျဖစ္ပါတယ္။ နည္းျပဆိုးရွားက​ေပါ့ဘာ ကိစၥအျပင္ ဒန္နီရယ္ဂ်ိမ္းစ္အေနနဲ႔ဆိုစီဒက္အသင္းနဲ႔ပြဲစဥ္မွာဒဏ္ရာရခဲ့ေၾကာင္းေျပာခဲ့သလို၊ ေတာ္မီေနး၊ကာဗာနီတို႔ရဲ႕အေျခအေနေတြနဲ႔ပတ္သက္လို႔လည္း ေျပာခဲ့ပါေသးတယ္။

“ဂ်ိမ္းစ္ ရဲ႕ဒဏ္ရာအေျခအေနကို ဒီညမွာ စစ္ေဆးသြားမွာပါ။ ​ေတာ္မီ​ေနး ၊ဒြန္နီနဲ႔အက္ဒီဆင္တို႔ကေတာ့လာမယ့္အပတ္မွာပါဝင္ႏိုင္မယ္လို႔ေမွ်ာ္လင့္ပါတယ္။ေပါ့ဘာကေတာ့ေနာက္ရက္သတၱပတ္အနည္းငယ္ပါဝင္ႏိုင္ဦးမွာမဟုတ္ေသးပါဘူး” လို႔ နည္းျပဆိုးလ္ရွားက​ေျပာဆိုပါတယ္။

ယူႏိုက္တက္ အသင္းဟာ ဒီတစ္ပတ္မွာေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ ခ်ယ္လ္ဆီး အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။​​ေပါ့ဘာဟာ ခ်ယ္လ္ဆီးနဲ႔ ပြဲစဥ္ကိုသာမက ခရစၥတယ္ပဲေလ့စ္၊မန္ခ်က္စတာစီးတီးအသင္းတို႔နဲ႔ကစားမယ့္ပြဲစဥ္ေတြကိုပါလြဲေခ်ာ္ႏိုင္ပါတယ္။ အဲဒါတင္မကဘဲ ဆက္လက္ကံမ​ေကာင္းပါက မတ္လ၁၄ရက္ေန႔မွာယွဥ္ၿပိဳင္ကစားမယ့္ဝက္စ္ဟမ္းအသင္းနဲ႔ပြဲစဥ္မွာလည္း မပါဝင္ႏိုင္ဘဲ ျဖစ္သြားႏိုင္ပါတယ္။ ​ေပါ့ဘာဟာ မႏွစ္ရာသီတုန္းကလည္း ဒဏ္ရာျပႆနာ​ေၾကာင့္ ယူႏိုက္တက္ရဲ႕ ပြဲစဥ္ အ​ေတာ္မ်ားမ်ားကို လြဲ​ေခ်ာ္ခဲ့ပါတယ္။