ဒဏ်ရာက မထင်မှတ်လောက်အောင် ပြင်းထန်သွားတာကြောင့် နောက်နှစ်အထိ အနားယူရတော့မယ့် ဟာလန်း စိုးရိမ်ရတဲ့အခြေအနတွေကိုကျော်လာခဲ့တာကြောင့် မကြာခင်မှာ ပြန်လည်ကစားနိုင်တော့မှာလား…?
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက်အပါအဝင်ဥရောကထိပ်သီးအသင်းတွေရဲ့ ပစ်မှတ်ကစားသမား ဖြစ်နေတဲ့ ဒေါ့မွန် အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား တစ်ယောက် ဖြစ်လာခဲ့တဲ့ ဟာလန်းက‌တော့ ကံဆိုးမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အသင်းနဲ့ အတူ လေ့ကျင့်ခန်း ဆင်းနေတုန်းမှာ ဒူးကောက်ကြော ဒဏ်ရာ ရရှိခဲ့တာကြောင့် ဒေါ့မွန် အသင်းရဲ့ ပွဲစဉ်တွေကို အနည်းဆုံး ၆ ပွဲအထိ လွဲချော်ရဖို့ ရှိနေတယ်လို့ သိရပါတယ်။
ဒေါ့မွန် အသင်းရဲ့ ဂိုးသွင်းစက်ဖြစ်နေတဲ့ ဟာလန်း ဒဏ်ရာရရှိမှုဟာ အသင်းအတွက်တော့ စိတ်ပူစရာ အနေအထားပါပဲ။ နဂိုတုန်းက ဆန်ချိုကို အားကိုးလို့ရပေမယ့် အခုရာသီမှာ ဆန်ချိုက ခြေစွမ်းကောင်းပြသနိင်ဖို့ ရုန်းကန်နေရတာကြောင့် ဒေါ့မွန် နည်းပြ လူရှင်ဖက်ဘရာ အတွက် စဉ်းစားလုပ်ဆောင်စရာတွေများလာပါပြီ။ ဟာလန်း အနေနဲ့ ဒဏ်ရာပြဿနာကြောင့် ၂၀၂၁ ဇန်နဝါရီ လ အစပိုင်းလောက်အထိ အနားယူသွားရဖို့ ရှိနေပါတယ်။
ဒေါ့မွန်နည်းပြက ဟာလန်းနဲ့ ပတ်သက်ပြီး အခုလိုပြောဆိုထားပါတယ်။“ဟာလန်းအနေနဲ့ ဇန်နဝါရီလ အစပိုင်းလောက်အထိ ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။ အခုလိုဖြစ်တာကလည်း ပွဲတွေ အများကြီး ကစားခဲ့ရတာနဲ့လည်း ဆိုင်ပါလိမ့်မယ်။ အစတုန်းကတော့ သူ့ဒဏ်ရာက အဲဒီလောက်အထိ ပြင်းထန်လိမ့်မယ်လို့ ကျွန်တော်တို့မထင်ခဲ့ပါဘူး။” လို့ ပြောဆိုခဲ့ပါတယ်။
ဟာလန်း တစ်ယောက်လေ့ကျင့်ရေးကွင်းမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် လာဇီယို အသင်း နဲ့ ၁ ဂိုး ၁ ဂိုး သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဟာလန်း ဟာ လက်ရှိရာသီမှာ ဒေါ့မွန် အသင်းအတွက် ပြိုင်ပွဲစုံ ၁၄ ပွဲကစားပေးထားပြီး‌တော့ ၁၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။
ဒေါ့မွန်အတွက် ခြေစွမ်းကောင်းပြဂိုးသွင်းနိုင်တဲ့ ဟာလန်း ဟာ ပြောင်းရွှေ့ကြေးတန်ဖိုးလည်းမြင့်တက်လာနေပါတယ်။ဆလ်ဘက်ဇ်ကနေယူရို(၂၇) သန်းနဲ့ခေါ်ယူခဲ့တဲ့ ဟာလန်းဟာ လက်ရှိဈေးကွက်တန်ကြေးအရ ယူရို ၁၅၅.၆ သန်း ရှိနေပါတယ်။ ဒါပေမယ့် ဟာလန်းရဲ့ ထွက်ခွာခွင့်၊ တန်ကြေးတွေနဲ့ ပတ်သက်ပြီး အေးဂျင့် ရွိုင်အိုလာ ချုပ်ကိုင်ထားတဲ့ အချက်တွေရှိပါသေးတယ်။ ဒါကြောင့် ကာလပေါက်ဈေးတွေနဲ့ ပတ်သက်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်။
အခုအချိန်မှာတော့ အနားယူရတော့မယ့် ဟာလန်းဟာခန့်မှန်းချက်အရတော့ ဇန်နဝါရီလ ၉ ရက်နေ့မှာ ကစားမယ့် လိုက်ပ်ဇစ်နဲ့ ပွဲစဉ်မှာမှပြန်လည်ပွဲထွက်နိုင်မယ့် အနေအထားရှိနိုင်ပါတယ်။ ဟာလန်း တစ်ယောက်ဒေါ့မွန် အသင်းကို ရောက်ရှိလာတဲ့ အချိန်ကနေစတင်ပြီးတော့ ဒေါ့မွန်အသင်း အနေနဲ့ ဟာလန်း မပါဝင်ဘဲ ဘွန်ဒက်စ်လီဂါ သုံးပွဲသာ ကစားထားဖူးတာ ဖြစ်ပါတယ်။
နောက်ဆုံးသိရတဲ့သတင်းတွေအရကတော့ ဟာလန်းရဲ့ဒဏ်ရာအခြေအနေက ပြန်လည်တိုးတက်လာနေတာကြောင့် ဆရာဝန်က သိပ်မကြာခင်မှာ ပြန်လည်ကစားလို့ရနိုင်မယ်လို့ပြောတယ်ဆိုပြီး သူ့ရဲ့ အင်စတာဂရမ်မှာတင်ထားပါသေးတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi