ဒဏ်ရာကြောင့် ဗီလာ နဲ့ ပွဲကို လွဲချော်မယ့် အဓိက ကစားသမား ၂ ဦး ၊ ဆာအူလ် ကို ခေါ်ယူနိုင်ခဲ့လို့ စိတ်လှုပ်ရှားနေတဲ့ တူချဲလ် စတဲ့ နောက်ဆုံးရ ချဲလ်ဆီး သတင်းများ

Viber No => 09 969 710 910

Shwe Casino Facebook Page Link => https://bit.ly/3AQZRVp

Shwe Casino App Download Link => https://bit.ly/3k41mc4

မနက်ဖြန် ည ၁၁ နာရီမှာ ကစားမယ့် ချဲလ်ဆီး-ဗီလာ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ တူချဲလ် ပြောဆိုခဲ့တဲ့ စကားတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဗီလာ နဲ့ ပွဲမှာ လွဲချော်မယ့် ကစားသမားတွေနဲ့ ပတ်သက်ပြီး တူချဲလ် က “ အက်စတွန်ဗီလာ နဲ့ ကစားရမယ့်ပွဲကို ကန်တီ နဲ့ ပူလီဆစ် တို့ လွဲချော်ပါလိမ့်မယ်။

ကန်တီ ရဲ့ ဒဏ်ရာအခြေအနေက သက်သာဖို့ အနည်းငယ်လိုပါသေးတယ်။

အင်္ဂါနေ့မှာ ကစားမယ့် ချန်ပီယံလိဂ်ပွဲမှာတော့ သူပါဝင်ကစားနိုင်အောင် ကျွန်တော်တို့ ကြိုးစားကြည့်ပါဦးမယ်။

မနေ့တုန်းကတော့ ပူလီဆစ် က ချိုင်းထောက်နဲ့ အသင်းဆီပြန်ရောက်လာခဲ့ပါတယ်။

သူက ခြေကျင်းဝတ် ဒဏ်ရာရထားပြီး ၁၀ ရက်လောက် အနားယူရပါလိမ့်မယ် “ လို့ ပြောခဲ့ပါတယ်။

ဘလ်ယ်ဂျီယံ အသင်းအတွက် ကစားပေးရင်း ပေါင်ဒဏ်ရာရခဲ့တဲ့ တိုက်စစ်မှူး လူကာကူ နဲ့ ပတ်သက်ပြီး တူချဲလ် က “ သူ့မှာ ဒဏ်ရာပြဿနာ အနည်းငယ်ရှိခဲ့တယ်ဆိုပေမဲ့ လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက အသင်းနဲ့ ပြန်ပူးပေါင်းခဲ့ပါတယ်။

မနေ့ကရော ဒီနေ့ရော အသင်းနဲ့အတူ အပြည့်အဝလေ့ကျင့်ခန်း ဆင်းနိုင်ခဲ့တာကြောင့် ဒဏ်ရာပြဿနာ မရှိတော့ဘူးလို့ ဆိုနိုင်ပါတယ် “ လို့ ပြောခဲ့ပါတယ်။

အပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်မှာ ခေါ်ယူဖြစ်ခဲ့တဲ့ စပိန်ကွင်းလယ်လူ ဆာအူလ် နဲ့ ပတ်သက်ပြီး တူချဲလ် က “ ဒီရာသီကို ဂျော်ဂျင်ဟို ၊ ကန်တီ ၊ ကိုဗာချစ် စတဲ့ ကွင်းလယ်လူ ၃ ယောက်တည်းနဲ့ပဲ ဖြတ်သန်းရတော့မလို ဖြစ်ခဲ့တဲ့အပေါ် ကျွန်တော် စိုးရိမ်မိခဲ့ပါတယ်။

ဆာအူလ် က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကျွန်တော်စောင့်ကြည့်လာခဲ့တဲ့ ကစားသမားတဦးပါ။

အရင်က ကျွန်တော် ကိုင်တွယ်ခဲ့တဲ့ ကလပ်တွေမှာ သူ့ကိုခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ အရာမထင်ခဲ့ပါဘူး။

အခု နောက်ဆုံးတော့ သူ့ကိုအဌားနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ကျွန်တော်ရခဲ့ပါတယ်။

သူ့ကို ခေါ်ယူနိုင်ခဲ့တဲ့အပေါ် ကျွန်တော်တို့ စိတ်လှုပ်ရှားမိပါတယ် “ လို့ ပြောခဲ့ပါတယ်။

ပရီးမီးယားလိဂ် ၃ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၇ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ ချဲလ်ဆီးအသင်းဟာ စက်တင်ဘာလအတွင်းမှာတော့ ပွဲကျပ်တွေကို ရင်ဆိုင်ကစားရဖို့ရှိနေပါတယ်။

ဗီလာ နဲ့ ပွဲပြီးရင် ပရီးမီးယားလိဂ်မှာ စပါး ၊ မန်စီးတီး တို့နဲ့ ဆက်တိုက်တွေ့ဆုံရဖို့ရှိနေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဇင်းနစ် ၊ ဂျူဗင်တပ်စ် အသင်းတွေနဲ့ ဆက်တိုက် ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

Viber No => 09 969 710 910

Shwe Casino Facebook Page Link => https://bit.ly/3AQZRVp

Shwe Casino App Download Link => https://bit.ly/3k41mc4

zawgyi





