ဒဏ်ရာကြောင့် ဟယ်ရီကိန်း အနားယူရမယ့်အပေါ် မော်ရင်ဟို စိုးရိမ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးအသင်းနည်းပြမော်ရင်ဟိုဟာ အသင်းရဲ့အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းအနေနဲ့ ဒဏ်ရာကြောင့် ရက်အတော်ကြာ အနားယူရမယ့်အခြေအနေရှိနေတဲ့အပေါ် စိုးရိမ်မကင်းဖြစ်နေပါပြီ။ ဟယ်ရီကိန်းဟာ လီဗာပူးလ်ကို (၃-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ခြေချင်းဝတ်နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရပါတယ်။

ကွင်းထဲက ထွက်ခွာသွားချိန်မှာ ဟယ်ရီကိန်းရဲ့ ခြေချင်းဝတ်နှစ်ဖက်က ရောင်ရမ်းနေတာကြောင့် ရက်အတော်ကြာ အနားယူရတော့မလားဆိုပြီး စပါးအသင်းပရိသတ်တွေကလည်း စိုးရိမ်နေကြပါတယ်။ စပါးအသင်းအတွက် ခြေစွမ်းပြကစားနေတဲ့ ဟယ်ရီကိန်းဟာ ဒီရာသီမှာ ဆွန်ဟောင်မင်နဲ့တွဲဖက်ပြီး တိုက်စစ်ကို အဓိက ဦးဆောင်နေသလို ပရီးမီးယားလိဂ်မှာ (၁၂)ဂိုးသွင်းယူထားသူပါ။

ဟယ်ရီကိန်းအနေနဲ့ လာမယ့်(၄၈)နာရီအတွင်း သူ့ရဲ့ဒဏ်ရာကို စမ်းသပ်စစ်ဆေးမှုတွေ ထပ်မံပြုလုပ်သွားမှာဖြစ်ပြီး သူ့ဒဏ်ရာနဲ့ပတ်သက်လို့ မော်ရင်ဟိုက “ဟယ်ရီကိန်းရဲ့ ခြေချင်းဝတ်နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရခဲ့တာပါ။ ပထမအကြိမ်က သီယာဂိုရဲ့ ကြမ်းတမ်းတဲ့ကစားပုံကြောင့် ထိခိုက်ခဲ့တာဖြစ်ပြီး တကယ့်ကို ဆိုးရွားလွန်းပါတယ်။ ဒုတိယအကြိမ်ကတော့ ဘယ်သူ့ကြောင့်ဖြစ်တာလဲဆိုတာ ကျွန်တော် မသိလိုက်ပါဘူး။

ဒါပေမဲ့ ဒုတိယအကြိမ်ဖြစ်ခဲ့တဲ့ ဒဏ်ရာက ပိုပြင်းထန်ပါတယ်။ ဒီဒဏ်ရာကြောင့် ဟယ်ရီကိန်း ရက်အနည်းငယ်ကြာအနားယူရမလားဆိုတာ ကျွန်တော် မပြောနိုင်သေးပါဘူး။ ပွဲတိုင်းကစားချင်တဲ့ ဟယ်ရီကိန်းအတွက်တော့ လာမယ့်ပွဲတချို့ကို လွဲချော်ဖို့ရှိနေပါပြီ။ သေချာတာက ဟယ်ရီကိန်းရဲ့ဒဏ်ရာက သာမန်မဟုတ်ဘူးဆိုတာပါပဲ။ ဘယ်လောက်အနားယူရမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

စပါးအသင်းရဲ့ တိုက်စစ်ကစားသမားစာရင်းမှာ ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်၊ ဂါရတ်ဘေးလ်၊ ကားလို့စ်ဗင်နီစီယက်စ် စတဲ့သူတွေရှိနေပေမယ့် တိုက်စစ်မှူးစစ်စစ်ကတော့ ဟယ်ရီကိန်းတစ်ဦးသာ ရှိတာဖြစ်ပါတယ်။ အဲဒါကြောင့် တကယ်လို့သာ ဒဏ်ရာကြောင့် ဟယ်ရီကိန်း အနားယူရမယ်ဆိုရင်တော့ စပါးအသင်းဟာ လာမယ့်ပွဲစဉ်တွေမှာ အထောင်တိုက်စစ်မှူး မပါဘဲကစားရမယ့်အနေအထားနဲ့ ရင်ဆိုင်နေရပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒဏ္ရာေၾကာင့္ ဟယ္ရီကိန္း အနားယူရမယ့္အေပၚ ေမာ္ရင္ဟို စိုးရိမ္ေန

စပါးအသင္းနည္းျပေမာ္ရင္ဟိုဟာ အသင္းရဲ႕အဓိက တိုက္စစ္မႉး ဟယ္ရီကိန္းအေနနဲ႔ ဒဏ္ရာေၾကာင့္ ရက္အေတာ္ၾကာ အနားယူရမယ့္အေျခအေနရွိေနတဲ့အေပၚ စိုးရိမ္မကင္းျဖစ္ေနပါၿပီ။ ဟယ္ရီကိန္းဟာ လီဗာပူးလ္ကို (၃-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာ ေျခခ်င္းဝတ္ႏွစ္ဖက္စလုံး ထိခိုက္ဒဏ္ရာရခဲ့တာေၾကာင့္ ပထမပိုင္းအၿပီးမွာပဲ လူစားလဲခံခဲ့ရပါတယ္။ ကြင္းထဲက ထြက္ခြာသြားခ်ိန္မွာ ဟယ္ရီကိန္းရဲ႕ ေျခခ်င္းဝတ္ႏွစ္ဖက္က ေရာင္ရမ္းေနတာေၾကာင့္ ရက္အေတာ္ၾကာ အနားယူရေတာ့မလားဆိုၿပီး စပါးအသင္းပရိသတ္ေတြကလည္း စိုးရိမ္ေနၾကပါတယ္။ စပါးအသင္းအတြက္ ေျခစြမ္းျပကစားေနတဲ့ ဟယ္ရီကိန္းဟာ ဒီရာသီမွာ ဆြန္ေဟာင္မင္နဲ႔တြဲဖက္ၿပီး တိုက္စစ္ကို အဓိက ဦးေဆာင္ေနသလို ပရီးမီးယားလိဂ္မွာ (၁၂)ဂိုးသြင္းယူထားသူပါ။

ဟယ္ရီကိန္းအေနနဲ႔ လာမယ့္(၄၈)နာရီအတြင္း သူ႔ရဲ႕ဒဏ္ရာကို စမ္းသပ္စစ္ေဆးမႈေတြ ထပ္မံျပဳလုပ္သြားမွာျဖစ္ၿပီး သူ႔ဒဏ္ရာနဲ႔ပတ္သက္လို႔ ေမာ္ရင္ဟိုက “ဟယ္ရီကိန္းရဲ႕ ေျခခ်င္းဝတ္ႏွစ္ဖက္စလုံး ထိခိုက္ဒဏ္ရာရခဲ့တာပါ။ ပထမအႀကိမ္က သီယာဂိုရဲ႕ ၾကမ္းတမ္းတဲ့ကစားပုံေၾကာင့္ ထိခိုက္ခဲ့တာျဖစ္ၿပီး တကယ့္ကို ဆိုး႐ြားလြန္းပါတယ္။ ဒုတိယအႀကိမ္ကေတာ့ ဘယ္သူ႔ေၾကာင့္ျဖစ္တာလဲဆိုတာ ကြၽန္ေတာ္ မသိလိုက္ပါဘူး။ ဒါေပမဲ့ ဒုတိယအႀကိမ္ျဖစ္ခဲ့တဲ့ ဒဏ္ရာက ပိုျပင္းထန္ပါတယ္။ ဒီဒဏ္ရာေၾကာင့္ ဟယ္ရီကိန္း ရက္အနည္းငယ္ၾကာအနားယူရမလားဆိုတာ ကြၽန္ေတာ္ မေျပာႏိုင္ေသးပါဘူး။ ပြဲတိုင္းကစားခ်င္တဲ့ ဟယ္ရီကိန္းအတြက္ေတာ့ လာမယ့္ပြဲတခ်ိဳ႕ကို လြဲေခ်ာ္ဖို႔ရွိေနပါၿပီ။ ေသခ်ာတာက ဟယ္ရီကိန္းရဲ႕ဒဏ္ရာက သာမန္မဟုတ္ဘူးဆိုတာပါပဲ။ ဘယ္ေလာက္အနားယူရမလဲဆိုတာ ကြၽန္ေတာ္တို႔ ေစာင့္ၾကည့္ရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

စပါးအသင္းရဲ႕ တိုက္စစ္ကစားသမားစာရင္းမွာ ဟယ္ရီကိန္း၊ ဆြန္ေဟာင္မင္၊ ဂါရတ္ေဘးလ္၊ ကားလို႔စ္ဗင္နီစီယက္စ္ စတဲ့သူေတြရွိေနေပမယ့္ တိုက္စစ္မႉးစစ္စစ္ကေတာ့ ဟယ္ရီကိန္းတစ္ဦးသာ ရွိတာျဖစ္ပါတယ္။ အဲဒါေၾကာင့္ တကယ္လို႔သာ ဒဏ္ရာေၾကာင့္ ဟယ္ရီကိန္း အနားယူရမယ္ဆိုရင္ေတာ့ စပါးအသင္းဟာ လာမယ့္ပြဲစဥ္ေတြမွာ အေထာင္တိုက္စစ္မႉး မပါဘဲကစားရမယ့္အေနအထားနဲ႔ ရင္ဆိုင္ေနရပါၿပီ။