ဒဏ်ရာကြောင့် လီဗာပူးနဲ့ပွဲကို ဦးစားပေးဂိုးသမား အီဒါဆန် လွဲချော်ရလိမ့်မယ်လို့ ဂွါဒီယိုလာ အတည်ပြု

Photo Credit

Photo Credit ; Getty Images

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဦးစားပေးဂိုးသမား အီဒါဆန်အနေနဲ့ ဒဏ်ရာပြဿနာကြောင့် တနင်္ဂနွေည အန်ဖီးလ်မှာကစားရမယ့် လီဗာပူးနဲ့အရေးကြီးပွဲကို လွဲချော်ရတော့မှာဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။

Photo Credit

အမှတ်ပေးဇယားထိပ်ဆုံးရောက် အသင်းနှစ်သင်းဟာ ယခုရာသီရဲ့ပထမဆုံးပွဲအဖြစ် ဒီရက်သတ္တပတ်အကုန်မှာ အားပြိုင်တော့မှာဖြစ်ပြီး လက်ရှိအချိန်မှာ လီဗာပူးက ဒုတိယနေရာက စီးတီးကို ၆ မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

Photo Credit

လီဗာပူးဟာ ပွဲစဉ် ၁၁အပြီးမှာ ၁၀ပွဲနိုင်၊ ၁ပွဲသရေရလဒ်ရယူထားနိုင်ပေမယ့် စီးတီးကလည်း မာဆေးဆိုက်ဒ်မှာသာ အိမ်ရှင်အသင်းကို အနိုင်ကစားနိုင်ရင် အမှတ်ကွာဟမှုကို ၃ မှတ်အထိ လျှော့ချနိုင်မှာဖြစ်ပါတယ်။ အီဒါဆန်ကတော့ ချန်ပီယံလိဂ်ပွဲမှာ ရရှိခဲ့တဲ့ကြွက်သားဒဏ်ရာကနေ အချိန်မီပြန်လည်မသက်သာလာတာကြောင့် ယခုပွဲကို လွဲချော်ရတော့မှာဖြစ်ပါတယ်။

Photo Credit

ဘရာဇီးလက်ရွေးစင် အီဒါဆန်ဟာ ဗုဒ္ဓဟူးနေ့က အတ္တလန္တာနဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲမှာ အဆိုပါဒဏ်ရာကြောင့် ဒုတိယပိုင်းပြန်အစမှာ အရန်ဂိုးသမား ဘရာဗိုနဲ့လူစားလဲခံခဲ့ရပါတယ်။ ဂွါဒီယိုလာက သောကြာနေ့က ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ အီဒါဆန်ရဲ့ဒဏ်ရာအခြေအနေကို အတည်ပြုရင်း ဘရာဗိုအနေနဲ့ အရန်တစ်ဦးထက်ပိုမိုတဲ့စွမ်းဆောင်ရည်မျိုးပိုင်ဆိုင်ထားတယ်လို့ သတိပေးခဲ့ပါတယ်။

Photo Credit

”အီဒါဆန်ကတော့ မကစားနိုင်သေးပါဘူး။ သူဘယ်လောက်နားရမလဲဆိုတာ ကျွန်တော်မသိပေမယ့် တနင်္ဂနွေပွဲမှာတော့ သူကစားနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ဆီမှာ နောက်ထပ်ထိပ်တန်းဂိုးသမားတစ်ဦးရှိနေပါသေးတယ်။ ကျွန်တော်တို့ဟာ ဘရာဗိုကြောင့်ပဲ ကာရာဘောင်ဖလားရခဲ့တာလေ”

Photo Credit

”ခင်ဗျားတို့အနေနဲ့ သူ့ကိုတော့ လေးစားမှုလေးထားသင့်ပါတယ်။ သူဟာ ဆုဖလားအများအပြားရရှိခဲ့ပြီး လက်ရွေးစင်အသင်းနဲ့အတူ ကိုပါအမေရိကဖလားလည်းရခဲ့သူပါ။ သူ့ရဲ့စီးတီးကစားသမားဘ၀ ပထမဆုံးရာသီက အသင်းကလည်း ထိပ်တန်းအဆင့်မှာရှိမနေခဲ့ပါဘူး”လို့ ဂွါဒီယိုလာက ပြောပါတယ်။

Photo Credit

Zawgyi

ဒဏ္ရာေၾကာင့္ လီဗာပူးနဲ႔ပြဲကို ဦးစားေပးဂိုးသမား အီဒါဆန္ လြဲေခ်ာ္ရလိမ့္မယ္လုိ႔ ဂြါဒီယိုလာ အတည္ျပဳ

မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာက ဦးစားေပးဂိုးသမား အီဒါဆန္အေနနဲ႔ ဒဏ္ရာျပႆနာေၾကာင့္ တနဂၤေႏြည အန္ဖီးလ္မွာကစားရမယ့္ လီဗာပူးနဲ႔အေရးႀကီးပြဲကို လြဲေခ်ာ္ရေတာ့မွာျဖစ္ေၾကာင္း အတည္ျပဳလုိက္ပါတယ္။
အမွတ္ေပးဇယားထိပ္ဆုံးေရာက္ အသင္းႏွစ္သင္းဟာ ယခုရာသီရဲ႕ပထမဆုံးပြဲအျဖစ္ ဒီရက္သတၱပတ္အကုန္မွာ အားၿပိဳင္ေတာ့မွာျဖစ္ၿပီး လက္ရွိအခ်ိန္မွာ လီဗာပူးက ဒုတိယေနရာက စီးတီးကို ၆ မွတ္ျဖတ္ကာ အမွတ္ေပးဇယားကို ဦးေဆာင္ေနပါတယ္။
လီဗာပူးဟာ ပြဲစဥ္ ၁၁အၿပီးမွာ ၁၀ပြဲႏိုင္၊ ၁ပြဲသေရရလဒ္ရယူထားႏိုင္ေပမယ့္ စီးတီးကလည္း မာေဆးဆုိက္ဒ္မွာသာ အိမ္ရွင္အသင္းကို အႏိုင္ကစားႏုိင္ရင္ အမွတ္ကြာဟမႈကို ၃ မွတ္အထိ ေလွ်ာ့ခ်ႏုိင္မွာျဖစ္ပါတယ္။ အီဒါဆန္ကေတာ့ ခ်န္ပီယံလိဂ္ပြဲမွာ ရရွိခ့ဲတ့ဲႂကြက္သားဒဏ္ရာကေန အခ်ိန္မီျပန္လည္မသက္သာလာတာေၾကာင့္ ယခုပြဲကို လြဲေခ်ာ္ရေတာ့မွာျဖစ္ပါတယ္။
ဘရာဇီးလက္ေရြးစင္ အီဒါဆန္ဟာ ဗုဒၶဟူးေန႔က အတၱလႏၱာနဲ႔ ၁-၁ ဂုိးသေရက်ခဲ့တဲ့ပြဲမွာ အဆုိပါဒဏ္ရာေၾကာင့္ ဒုတိယပိုင္းျပန္အစမွာ အရန္ဂိုးသမား ဘရာဗိုနဲ႔လူစားလဲခံခဲ့ရပါတယ္။ ဂြါဒီယိုလာက ေသာၾကာေန႔က ျပဳလုပ္ခဲ့တ့ဲသတင္းစာရွင္းလင္းပြဲမွာ အီဒါဆန္ရဲ႕ဒဏ္ရာအေျခအေနကို အတည္ျပဳရင္း ဘရာဗိုအေနနဲ႔ အရန္တစ္ဦးထက္ပိုမိုတဲ့စြမ္းေဆာင္ရည္မ်ိဳးပုိင္ဆုိင္ထားတယ္လုိ႔ သတိေပးခဲ့ပါတယ္။
”အီဒါဆန္ကေတာ့ မကစားႏိုင္ေသးပါဘူး။ သူဘယ္ေလာက္နားရမလဲဆိုတာ ကၽြန္ေတာ္မသိေပမယ့္ တနဂၤေႏြပဲြမွာေတာ့ သူကစားႏုိင္မွာမဟုတ္ပါဘူး။ ကၽြန္ေတာ္တုိ႔ဆီမွာ ေနာက္ထပ္ထိပ္တန္းဂိုးသမားတစ္ဦးရွိေနပါေသးတယ္။ ကၽြန္ေတာ္တုိ႔ဟာ ဘရာဗိုေၾကာင့္ပဲ ကာရာေဘာင္ဖလားရခဲ့တာေလ”
”ခင္ဗ်ားတို႔အေနနဲ႔ သူ႕ကိုေတာ့ ေလးစားမႈေလးထားသင့္ပါတယ္။ သူဟာ ဆုဖလားအမ်ားအျပားရရွိခဲ့ၿပီး လက္ေရြးစင္အသင္းနဲ႔အတူ ကုိပါအေမရိကဖလားလည္းရခဲ့သူပါ။ သူ႕ရဲ႕စီးတီးကစားသမားဘ၀ ပထမဆုံးရာသီက အသင္းကလည္း ထိပ္တန္းအဆင့္မွာရွိမေနခဲ့ပါဘူး”လုိ႔ ဂြါဒီယိုလာက ေျပာပါတယ္။