

မန်စီးတီးအသင်း ဦးစားပေးဂိုးသမားဖြစ်တဲ့ အီဒါဆန်ဟာ အတ္တလန္တာနဲ့ ၁-၁ သရေကျခဲ့တဲ့ ပွဲမှာရရှိခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် လာမယ့်တစ်ပတ် လီဗာပူးနဲ့ ကစားရမယ့် အဝေးကွင်းပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်ဖို့ မသေချာတော့ဘူးလို့ သိရပါတယ်။
ဘရာဇီးလက်ရွေးစင်ဖြစ်တဲ့ အီဒါဆန်ဟာ အဲဒီဒဏ်ရာကြောင့် ပထမပိုင်းပြီးချိန်မှာ ဘရာဗိုနဲ့လူစားလဲခံခဲ့ရတာပါ။ ချီလီလက်ရွေးစင်ဖြစ်တဲ့ ဘရာဗိုဟာ ၈၁ မိနစ်မှာထုတ်ပယ်ခံလိုက်ရလို့ နောက်ခံလူ ကီလီဝေါ်လ်ကာက ဂိုးသမားအဖြစ် ကစားခဲ့ရပါတယ်။ အခုလိုထုတ်ပယ်ခံလိုက်ရပေမယ့် အီဒါဆန်သာ ကြံခိုင်မှုမပြည့်ရင် ဘရာဗိုအပေါ်ဆက်လက်ယုံကြည်သွားမယ်လို့ နည်းပြဂွာဒီယိုလာက ဆိုပါတယ်။

အီဒါဆန်ဟာ ဒီရာသီမှာ မန်စီးတီးအတွက် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တို့မှာ ပွဲတိုင်းကစားခဲ့ရလို့ သူမပါနိုင်ဘူးဆိုရင် ထိုးနှက်ချက်ဖြစ်နိုင်ပေမယ့် ဘရာဗို ဟာလည်းဂိုးသမားကောင်းတစ်ဦးဖြစ်တယ်လို့ ဂွာဒီယိုလာကပြောပါတယ်။ အီဒါဆန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက နယူးကာဆယ်ကို ၂-၁ နဲ့ရှုံးခဲ့တဲ့ပွဲမှာ အလားတူဒဏ်ရာမျိုးရရှိဘူးသေးပေမယ့် အဲဒီတုန်းက ရေရှည်အနားမယူခဲ့ရဘဲ နောက်တစ်ပွဲဖြစ်တဲ့ အာဆင်နယ်နဲ့ ပွဲမှာပြန်ကစားနိုင်ခဲ့တာပါ။

ဂွာဒီယိုလာက”ဘရာဗိုအပေါ် အများကြီးယုံကြည်မှုရှိပြီး သူ့အကြောင်းကိုကျွန်တော် ကောင်းကောင်းသိပါတယ်။ ဒါကြောင့် သူ့အပေါ် ဘာကြောင့် သံသယရှိနေရမှာလဲ။ ကျွန်တော်တို့ဟာ ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်လာနိုင်ခဲ့ပြီးသားပါ။ သူဟာ ပရော်ဖက်ရှင်နယ်ပီသသူဖြစ်ပြီး ဘယ်တော့မဆို အသင်းအတွက် အဆင်သင့်ရှိနေပါတယ်။

လောလောဆယ်မှာ အီဒါဆန်ရဲ့အခြေအနေကိုကျွန်တော်ဘာမှ မသိရသေးပါဘူး။ သူဟာ ကြွက်သားဒဏ်ရာ ရထားတာပါ။ တကယ်လို့ သူမပါနိုင်ဘူးဆိုရင် ဘရာဗိုရှိနေပါသေးတယ်။ ပြီးခဲ့တဲ့ ပွဲမှာသူအထုတ်ခံခဲ့ရပေမယ့် သူ့အပေါ် ယုံကြည်မှုအပြည့်ပါဘဲ” လို့ပြောသွားပါတယ်။

Zawgyi
ဒဏ္ရာေၾကာင့္ လီဗာပူးနဲ႔ပြဲမွာ ပါဖို႔မေသခ်ာေတာ႔တဲ႔ မန္စီးတီးဂိုးသမား အီဒါဆန္
မန္စီးတီးအသင္း ဦးစားေပးဂိုးသမားျဖစ္တဲ႔ အီဒါဆန္ဟာ အတၱလႏၱာနဲ႔ ၁-၁ သေရက်ခဲ့တဲ႔ ပြဲမွာရရွိခဲ့တဲ႔ ၾကြက္သားဒဏ္ရာေၾကာင့္ လာမယ္႔တစ္ပတ္ လီဗာပူးနဲ႔ ကစားရမယ္႔ အေ၀းကြင္းပရီးမီးယားလိဂ္ပြဲစဥ္မွာ ပါ၀င္ဖို႔ မေသခ်ာေတာ႔ဘူးလို႔ သိရပါတယ္။
ဘရာဇီးလက္ေရြးစင္ျဖစ္တဲ႔ အီဒါဆန္ဟာ အဲဒီဒဏ္ရာေၾကာင့္ ပထမပိုင္းၿပီးခ်ိန္မွာ ဘရာဗိုနဲ႔လူစားလဲခံခဲ့ရတာပါ။ ခ်ီလီလက္ေရြးစင္ျဖစ္တဲ႔ ဘရာဗိုဟာ ၈၁ မိနစ္မွာထုတ္ပယ္ခံလိုက္ရလို႔ ေနာက္ခံလူ ကီလီေ၀ၚလ္ကာက ဂိုးသမားအျဖစ္ ကစားခဲ့ရပါတယ္။ အခုလိုထုတ္ပယ္ခံလိုက္ရေပမယ္႔ အီဒါဆန္သာ ႀကံခိုင္မႈမျပည့္ရင္ ဘရာဗိုအေပၚဆက္လက္ယုံၾကည္သြားမယ္လို႔ နည္းျပဂြာဒီယိုလာက ဆိုပါတယ္။
အီဒါဆန္ဟာ ဒီရာသီမွာ မန္စီးတီးအတြက္ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္တို႔မွာ ပြဲတိုင္းကစားခဲ့ရလို႔ သူမပါႏိုင္ဘူးဆိုရင္ ထိုးႏွက္ခ်က္ျဖစ္ႏိုင္ေပမယ္႔ ဘရာဗို ဟာလည္းဂိုးသမားေကာင္းတစ္ဦးျဖစ္တယ္လို႔ ဂြာဒီယိုလာကေျပာပါတယ္။ အီဒါဆန္ဟာ ၿပီးခဲ့တဲ႔ ဇန္န၀ါရီတုန္းက နယူးကာဆယ္ကို ၂-၁ နဲ႔ရႈံးခဲ့တဲ႔ပြဲမွာ အလားတူဒဏ္ရာမ်ဳိးရရွိဘူးေသးေပမယ္႔ အဲဒီတုန္းက ေရရွည္အနားမယူခဲ့ရဘဲ ေနာက္တစ္ပြဲျဖစ္တဲ႔ အာဆင္နယ္နဲ႔ ပြဲမွာျပန္ကစားႏိုင္ခဲ့တာပါ။
ဂြာဒီယိုလာက”ဘရာဗိုအေပၚ အမ်ားႀကီးယုံၾကည္မႈရွိၿပီး သူ႔အေၾကာင္းကိုက်ြန္ေတာ္ ေကာင္းေကာင္းသိပါတယ္။ ဒါေၾကာင့္ သူ႔အေပၚ ဘာေၾကာင့္ သံသယရွိေနရမွာလဲ။ က်ြန္ေတာ္တို႔ဟာ ခက္ခဲတဲ႔အခ်ိန္ေတြကို ေက်ာ္ျဖတ္လာႏိုင္ခဲ့ၿပီးသားပါ။ သူဟာ ပေရာ္ဖက္ရွင္နယ္ပီသသူျဖစ္ၿပီး ဘယ္ေတာ႔မဆုိ အသင္းအတြက္ အဆင္သင့္ရွိေနပါတယ္။
ေလာေလာဆယ္မွာ အီဒါဆန္ရဲ႕အေျခအေနကိုက်ြန္ေတာ္ဘာမွ မသိရေသးပါဘူး။ သူဟာ ၾကြက္သားဒဏ္ရာ ရထားတာပါ။ တကယ္လို႔ သူမပါႏိုင္ဘူးဆိုရင္ ဘရာဗိုရွိေနပါေသးတယ္။ ၿပီးခဲ့တဲ႔ ပြဲမွာသူအထုတ္ခံခဲ့ရေပမယ္႔ သူ႔အေပၚ ယုံၾကည္မႈအျပည့္ပါဘဲ” လို႔ေျပာသြားပါတယ္။