ဒဏ်ရာကြောင့် လီဗာပူးနဲ့ပွဲလွဲရတော့မယ့် မန်ယူဂိုးသမားဒီဂီရာ

PC ; Getty

ဆွီဒင်နဲ့တစ်ဂိုးစီသရေကျတဲ့ ယူရို၂၀၂၀ခြေစစ်ပွဲမှာ ဂိုးသမားဒီဂီရာ ကြွက်သားအရွတ်ဒဏ်ရာရခဲ့တယ်လို့ စပိန်နည်းပြရောဘတ်မိုရီနိုက အတည်ပြုပြောဆိုလိုက်ပါတယ်။ဆိုလ်နာမြို့က Friends Arena မှာကစားတဲ့ အဲဒီပွဲမှာ ဒီဂီရာဟာ ပွဲချိန်တစ်နာရီအရောက်မှာ ဒဏ်ရာရသွားခဲ့တာဖြစ်ပြီး ကီပါနဲ့လူစားလဲခဲ့ရပါတယ်။ဒီသတင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ လီဗာပူးနဲ့ရင်ဆိုင်ရမယ့် မန်ယူအသင်းအတွက် တုန်လှုပ်စရာဖြစ်ခဲ့သလို နည်းပြဆိုးလ်ရှားအတွက်လည်း ခေါင်းခဲစရာဖြစ်လာခဲ့ရပါတယ်။

PC ; Getty

“ ပထမပိုင်းအပြီးမှာ ဒီဂီရာကို ကုသမှုလုပ်ပေးခဲ့ပြီး ဆက်ကစားစေခဲ့ပါတယ်။ဒါပေမဲ့ သူ့ရဲ့ကြွက်သားအရွတ်က ပေါက်ပြဲသွားတာကြောင့် လူစားလဲလိုက်ရတာပါ ” လို့ မိုရီနိုကရှင်းလင်းလိုက်ပါတယ်။စပိန်အသင်းဟာ အခုနိုင်ငံတကာသီတင်းပတ်မှာ ခြေစွမ်းပြနိုင်ဖို့ရုန်းကန်ခဲ့ရပြီး နော်ဝေနဲ့လည်း တစ်ဂိုးစီသရေကျခဲ့ပါတယ်။ဆွီဒင်နဲ့ပွဲမှာလည်း လူစားဝင်တိုက်စစ်မှူးရိုဒရီဂိုရဲ့နောက်ကျချေပဂိုးကြောင့်သာ တစ်မှတ်ရခဲ့တာပါ။

PC ; Getty

“ ရလဒ်တွေကတူခဲ့တယ်။တစ်နေ့မှာတော့ ဒါမျိုးအနိမ့်အမြင့်တွေကြုံရမှာပါပဲ။ကျွန်တော်ကတော့ ပိုင်ဆိုင်ထားတဲ့ကစားသမားတွေ၊အသင်းရဲ့ပွဲတွေနဲ့အတူ ပျော်နေပါတယ်။ကမ္ဘာ့ဖလားမှာ အသင်းကောင်းတွေကိုဖယ်ရှားခဲ့တဲ့ ပြိုင်ဘက်မျိုးနဲ့ရင်ဆိုင်ရတာကြောင့် ခက်ခဲတဲ့ပွဲဖြစ်ခဲ့ပါတယ် ” လို့ မိုရီနိုကဆက်လက်ပြောဆိုသွားပါတယ်။စပိန်အသင်းဟာ ၂ပွဲဆက်သရေကျပေမယ့် အုပ်စု(F)မှာ ရမှတ် ၂၀နဲ့ထိပ်ဆုံးက ဦးဆောင်နေသလို ယူရိုခြေစစ်ပွဲလည်းအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။

(zawgyi)

ဆြီဒင္နဲ႔တစ္ဂိုးစီသေရက်တဲ့ ယူရို၂၀၂၀ေျခစစ္ပြဲမွာ ဂိုးသမားဒီဂီရာ ၾကြက္သားအရြတ္ဒဏ္ရာရခဲ့တယ္လို႔ စပိန္နည္းျပေရာဘတ္မိုရီႏိုက အတည္ျပဳေျပာဆိုလိုက္ပါတယ္။ဆိုလ္နာၿမိဳ႕က Friends Arena မွာကစားတဲ့ အဲဒီပဲြမွာ ဒီဂီရာဟာ ပြဲခ်ိန္တစ္နာရီအေရာက္မွာ ဒဏ္ရာရသြားခဲ့တာျဖစ္ၿပီး ကီပါနဲ႔လူစားလဲခဲ့ရပါတယ္။ဒီသတင္းဟာ အိုးလ္ထရက္ဖို႔ဒ္မွာ လီဗာပူးနဲ႔ရင္ဆိုင္ရမယ့္ မန္ယူအသင္းအတြက္ တုန္လႈပ္စရာျဖစ္ခဲ့သလို နည္းျပဆိုးလ္ရွားအတြက္လည္း ေခါင္းခဲစရာျဖစ္လာခဲ့ရပါတယ္။“ ပထမပိုင္းအၿပီးမွာ ဒီဂီရာကို ကုသမႈလုပ္ေပးခဲ့ၿပီး ဆက္ကစားေစခဲ့ပါတယ္။ဒါေပမဲ့ သူ႔ရဲ႕ၾကြက္သားအရြတ္က ေပါက္ၿပဲသြားတာေၾကာင့္ လူစားလဲလိုက္ရတာပါ ” လို႔ မိုရီႏိုကရွင္းလင္းလိုက္ပါတယ္။စပိန္အသင္းဟာ အခုႏိုင္ငံတကာသီတင္းပတ္မွာ ေျခစြမ္းျပႏိုင္ဖို႔ရုန္းကန္ခဲ့ရၿပီး ေနာ္ေ၀နဲ႔လည္း တစ္ဂိုးစီသေရက်ခဲ့ပါတယ္။ဆြီဒင္နဲ႔ပြဲမွာလည္း လူစား၀င္တိုက္စစ္မွဴးရိုဒရီဂိုရဲ႕ေနာက္က်ေခ်ပဂိုးေၾကာင့္သာ တစ္မွတ္ရခဲ့တာပါ။“ ရလဒ္ေတြကတူခဲ့တယ္။တစ္ေန႔မွာေတာ့ ဒါမ်ိဳးအနိမ့္အျမင့္ေတြႀကံဳရမွာပါပဲ။ကၽြန္ေတာ္ကေတာ့ ပိုင္ဆိုင္ထားတဲ့ကစားသမားေတြ၊အသင္းရဲ႕ပြဲေတြနဲ႔အတူ ေပ်ာ္ေနပါတယ္။ကမာၻ႔ဖလားမွာ အသင္းေကာင္းေတြကိုဖယ္ရွားခဲ့တဲ့ ၿပိဳင္ဘက္မ်ိဳးနဲ႔ရင္ဆိုင္ရတာေၾကာင့္ ခက္ခဲတဲ့ပြဲျဖစ္ခဲ့ပါတယ္ ” လို႔ မိုရီႏိုကဆက္လက္ေျပာဆိုသြားပါတယ္။စပိန္အသင္းဟာ ၂ပြဲဆက္သေရက်ေပမယ့္ အုပ္စု(F)မွာ ရမွတ္ ၂၀နဲ႔ထိပ္ဆံုးက ဦးေဆာင္ေနသလို ယူရိုေျခစစ္ပြဲလည္းေအာင္ျမင္သြားခဲ့ၿပီျဖစ္ပါတယ္။