ဒဏ်ရာကြောင့် ရပ်ရှ်ဖို့ဒ် ရက်အတော်ကြာအနားယူရမှာကို ယူနိုက်တက် စိုးရိမ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးအသင်းကို (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ တိုက်စစ်မှူးရပ်ရှ်ဖို့ဒ်အနေနဲ့ ရက်အတော်ကြာအနားယူရမှာကို မန်ချက်စတာယူနိုက်တက်အသင်းက စိုးရိမ်နေပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ မန်စီးတီးနဲ့ပွဲ ဒုတိယပိုင်း(၆၉)မိနစ်မှာ ဘောလုံးလိုက်လုရင်းက ပြိုင်ဘက်အသင်းကစားသမားနဲ့ ထိခိုက်မိပြီး ဘယ်ဘက်ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာပါ။

အဲဒီဒဏ်ရာကြောင့် ရပ်ရှ်ဖို့ဒ်ဟာ ပွဲကို ဆက်လက်ကစားနိုင်ခြင်းမရှိတော့ဘဲ ချက်ချင်းဆိုသလို ဂရင်းဝုဒ်နဲ့ လူစားလဲခဲ့ရပြီး ကွင်းထဲကနေ ခြေထော့နင်းနဲ့ထွက်သွားခဲ့ရတာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ မန်စီးတီးကို အနိုင်ယူပြီး အဖိုးတန်(၃)မှတ်ရယူနိုင်ခဲ့ပေမယ့် သူတို့ရဲ့အဓိက တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ် ဒဏ်ရာရရှိခဲ့လို့ ပေးဆပ်မှုကြီးမားခဲ့ရသလို ရပ်ရှ်ဖို့ဒ်အနေနဲ့ အဲဒီဒဏ်ရာကြောင့် ရက်အတော်ကြာအနားယူရမလားဆိုပြီး စိုးရိမ်နေတာဖြစ်ပါတယ်။

အခုလောလောဆယ်တော့ ရပ်ရှ်ဖို့ဒ်ရဲ့ဒဏ်ရာကို အသေးစိတ်စမ်းသပ်စစ်ဆေးမှုတွေ မလုပ်ရသေးတာကြောင့် ဘယ်လောက်အထိအနားယူရမလဲဆိုတာတော့ အတိအကျမသိရသေးပါဘူး။ ဒါပေမဲ့ ရပ်ရှ်ဖို့ဒ်ဟာ အခုကြာသပတေးနေ့မှာ အေစီမီလန်နဲ့ကစားမယ့် ယူရိုပါလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့၊ လာမယ့်တစ်ပတ်မှာကစားမယ့် ဝက်စ်ဟမ်းနဲ့ပရီးမီးယားလိဂ်ပွဲတွေမှာ ပါဝင်ကစားဖို့ မသေချာဖြစ်နေပါပြီ။

ယူနိုက်တက်အသင်းဟာ အခုမတ်လထဲမှာ ပွဲကျပ်တွေ ဆက်တိုက်ကစားရဖို့ရှိနေပြီး လကုန်ပိုင်းကျရင် အေစီမီလန်နဲ့ ယူရိုပါလိဂ်ဒုတိယအကျော့၊ လက်စတာနဲ့ FA ဖလားကွာတားဖိုင်နယ်ပွဲတွေ ကစားရမှာဖြစ်ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းကစားခဲ့တဲ့ပွဲတိုင်းကို ပါဝင်ကစားထားသူဖြစ်ပြီး (၄၃)ပွဲကစား၊ (၁၈)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

တကယ်လို့ ရပ်ရှ်ဖို့ဒ်အနေနဲ့ ဒီဒဏ်ရာကြောင့် အနားယူရဖို့လိုအပ်လာရင်တော့ တိုက်စစ်ပိုင်းမှာ အားနည်းချက်ရှိနေတဲ့ ယူနိုက်တက်အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်အဖြစ် သတ်မှတ်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒဏ္ရာေၾကာင့္ ရပ္ရွ္ဖို႔ဒ္ ရက္အေတာ္ၾကာအနားယူရမွာကို ယူႏိုက္တက္ စိုးရိမ္ေန

မန္စီးတီးအသင္းကို (၂-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ မန္ခ်က္စတာဒါဘီပြဲမွာ ဒဏ္ရာရရွိခဲ့တဲ့ တိုက္စစ္မႉးရပ္ရွ္ဖို႔ဒ္အေနနဲ႔ ရက္အေတာ္ၾကာအနားယူရမွာကို မန္ခ်က္စတာယူႏိုက္တက္အသင္းက စိုးရိမ္ေနပါတယ္။ ရပ္ရွ္ဖို႔ဒ္ဟာ မန္စီးတီးနဲ႔ပြဲ ဒုတိယပိုင္း(၆၉)မိနစ္မွာ ေဘာလုံးလိုက္လုရင္းက ၿပိဳင္ဘက္အသင္းကစားသမားနဲ႔ ထိခိုက္မိၿပီး ဘယ္ဘက္ေျခခ်င္းဝတ္ဒဏ္ရာရရွိခဲ့တာပါ။ အဲဒီဒဏ္ရာေၾကာင့္ ရပ္ရွ္ဖို႔ဒ္ဟာ ပြဲကို ဆက္လက္ကစားႏိုင္ျခင္းမရွိေတာ့ဘဲ ခ်က္ခ်င္းဆိုသလို ဂရင္းဝုဒ္နဲ႔ လူစားလဲခဲ့ရၿပီး ကြင္းထဲကေန ေျခေထာ့နင္းနဲ႔ထြက္သြားခဲ့ရတာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ မန္စီးတီးကို အႏိုင္ယူၿပီး အဖိုးတန္(၃)မွတ္ရယူႏိုင္ခဲ့ေပမယ့္ သူတို႔ရဲ႕အဓိက တိုက္စစ္ကစားသမား ရပ္ရွ္ဖို႔ဒ္ ဒဏ္ရာရရွိခဲ့လို႔ ေပးဆပ္မႈႀကီးမားခဲ့ရသလို ရပ္ရွ္ဖို႔ဒ္အေနနဲ႔ အဲဒီဒဏ္ရာေၾကာင့္ ရက္အေတာ္ၾကာအနားယူရမလားဆိုၿပီး စိုးရိမ္ေနတာျဖစ္ပါတယ္။

အခုေလာေလာဆယ္ေတာ့ ရပ္ရွ္ဖို႔ဒ္ရဲ႕ဒဏ္ရာကို အေသးစိတ္စမ္းသပ္စစ္ေဆးမႈေတြ မလုပ္ရေသးတာေၾကာင့္ ဘယ္ေလာက္အထိအနားယူရမလဲဆိုတာေတာ့ အတိအက်မသိရေသးပါဘူး။ ဒါေပမဲ့ ရပ္ရွ္ဖို႔ဒ္ဟာ အခုၾကာသပေတးေန႔မွာ ေအစီမီလန္နဲ႔ကစားမယ့္ ယူ႐ိုပါလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ ပထမအေက်ာ့၊ လာမယ့္တစ္ပတ္မွာကစားမယ့္ ဝက္စ္ဟမ္းနဲ႔ပရီးမီးယားလိဂ္ပြဲေတြမွာ ပါဝင္ကစားဖို႔ မေသခ်ာျဖစ္ေနပါၿပီ။ ယူႏိုက္တက္အသင္းဟာ အခုမတ္လထဲမွာ ပြဲက်ပ္ေတြ ဆက္တိုက္ကစားရဖို႔ရွိေနၿပီး လကုန္ပိုင္းက်ရင္ ေအစီမီလန္နဲ႔ ယူ႐ိုပါလိဂ္ဒုတိယအေက်ာ့၊ လက္စတာနဲ႔ FA ဖလားကြာတားဖိုင္နယ္ပြဲေတြ ကစားရမွာျဖစ္ပါတယ္။ ရပ္ရွ္ဖို႔ဒ္ဟာ ဒီရာသီမွာ ယူႏိုက္တက္အသင္းကစားခဲ့တဲ့ပြဲတိုင္းကို ပါဝင္ကစားထားသူျဖစ္ၿပီး (၄၃)ပြဲကစား၊ (၁၈)ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ တကယ္လို႔ ရပ္ရွ္ဖို႔ဒ္အေနနဲ႔ ဒီဒဏ္ရာေၾကာင့္ အနားယူရဖို႔လိုအပ္လာရင္ေတာ့ တိုက္စစ္ပိုင္းမွာ အားနည္းခ်က္ရွိေနတဲ့ ယူႏိုက္တက္အသင္းအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္အျဖစ္ သတ္မွတ္ရမွာပါ။