ဒဏ်ရာကြောင့် ပေ့ါဘာကာလရှည်အနားယူရမှာဖြစ်လို့ ဗန်ဒီဘိခ်ပွဲထွက်ခွင့်ပိုရမလား . . .
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကကွင်းလယ်တစ်ဦးဖြစ်သူ ပေ့ါဘာဟာ ပြင်သစ်အသင်းရဲ့လေကျင့်ခန်းအစီအစဉ်မှာဒဏ်ရာရရှိခဲ့ပြီး
ကာလရှည်အနားယူရဖို့ရှိနေတာကြောင့် ပုံမှန်ပွဲထွက်ခွင့်ရဖို့ရုန်းကန်နေရတဲ့ ဗန်ဒီဘိခ်တစ်ယောက် ပွဲထွက်ခွင့်ရမလားဆိုတာစောင့်ကြည့်ချင်စရာပါပဲ။
ပေ့ါဘာဟာ ပြီးခဲ့တဲ့တနင်္လာနေ့က ပြင်သစ်အသင်းလေ့ကျင့်ခန်းအစီအစဉ်မှာ ဘောလုံးကန်သွင်းဖို့ကြိုးစားရင်းနဲ့ပေါင်ခြံကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်သလို
သူ့ရဲ့ဒဏ်ရာအနေအထားကို စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်ပြီး ဗြိတိန်မီဒီယာတွေကတော့ (၂)လလောက်အထိအနားယူရဖို့ရှိနေတယ်လို့ ခန့်မှန်းနေကြပါတယ်။
ယူနိုက်တက်ကစားသမားဘဝတစ်လျှောက် မတည်ငြိမ်မှုတွေနဲ့ဖြတ်သန်းခဲ့ရတဲ့ ပေ့ါဘာဟာ အခုရာသီအစပိုင်းက ပရီးမီးယားလိဂ်ပွဲစဉ်(၄)ပွဲမှာ ဂိုးဖန်တီးမှု(၇)ကြိမ်အထိပြုလုပ်ပြီးခြေစွမ်းပြနိုင်ခဲ့ပေမယ့်
အဲဒီနောက်ပိုင်း ပုံမှန်စွမ်းဆောင်ရည်အောက်ရောက်ခဲ့တဲ့အပြင် ပြီးခဲ့တဲ့အောက်တိုဘာလတုန်းကလီဗာပူးလ်နဲ့ပွဲမှာ
တိုက်ရိုက်အနီကတ်နဲ့အထုတ်ခံခဲ့ရတာကြောင့် ဒဏ်ရာမရခဲ့ရင်လည်း ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်လို့ နိုဝင်ဘာ(၂၀)မှာကစားမယ့် ဝက်ဖို့ဒ်နဲ့အဝေးကွင်းပွဲကို လွဲချော်မှာဖြစ်ပါတယ်။
ဒါ့အပြင် ပေ့ါဘာအနေနဲ့ သတင်းထွက်နေတဲ့အတိုင်း (၂)လလောက်အထိအနားယူရမယ်ဆိုရင်တော့ ချယ်လ်ဆီး၊ အာဆင်နယ်၊ ပဲလေ့စ်၊
နောဝစ်ချ်၊ ဘရန့်ဖို့ဒ်၊ ဘရိုက်တန်၊ နယူးကာဆယ်၊ ဘန်လေတို့နဲ့ပရီးမီးယားလိဂ်ပွဲတွေအပြင် ဗီလာရီးယဲလ်၊ ယန်းဘွိုင်းစ်တို့နဲ့ကစားမယ့်ချန်ပီယံလိဂ်ပွဲတွေကိုပါ လွဲချော်ဖို့ရှိနေပါပြီ။
ပေ့ါဘာရဲ့ဒဏ်ရာသတင်းက စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့် ပုံမှန်ကစားခွင့်ရဖို့ရုန်းကန်နေရတဲ့ ဗန်ဒီဘိခ်အတွက် နေရာတစ်နေရာရဖို့မျှော်လင့်ချက်ရှိလာပြီလို့သတ်မှတ်ရမှာပဲဖြစ်ပါတယ်။
ယူနိုက်တက်ကွင်းလယ်မှာ ဖရက်ဒ်၊ တွမ်မီနေးတို့ စွမ်းဆောင်ရည်ကျဆင်းနေတာကြောင့် ဆိုးလ်ရှားအနေနဲ့ ဗန်ဒီဘိခ်ကို ပြန်လည်အသုံးပြုမလားဆိုတာ စောင့်ကြည့်ရမှာပါပဲ။
အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ နယ်သာလန်ကွင်းလယ်လူဗန်ဒီဘိခ်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ လူစားဝင်အဖြစ်(၂)ပွဲသာကစားခဲ့ရပြီး ပြိုင်ပွဲစုံမှာတော့(၅)ပွဲသာကစားခွင့်ရခဲ့ပါတယ်။
ယူနိုက်တက်ပရိသတ်တွေကတော့ ဗန်ဒီဘိခ်ကို အခုထက်ပိုအသုံးပြုဖို့တောင်းဆိုနေကြပြီး မန်စီးတီးနဲ့ကစားခဲ့တဲ့ပွဲမှာ ဗန်ဒီဘိခ် လူစားဝင်လာချိန်မှာ လက်ခုပ်တီးပြီးတော့အားပေးခဲ့ကြတာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဒဏ်ရာကြောင့် ပေါ့ဘာကာလရှည်အနားယူရမှာဖြစ်လို့ ဗန်ဒီဘိခ်ပွဲထွက်ခွင့်ပိုရမလား . . .
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကကွင်းလယ်တစ်ဦးဖြစ်သူ ပေါ့ဘာဟာ ပြင်သစ်အသင်းရဲ့လေကျင့်ခန်းအစီအစဉ်မှာဒဏ်ရာရရှိခဲ့ပြီး ကာလရှည်အနားယူရဖို့ရှိနေတာကြောင့် ပုံမှန်ပွဲထွက်ခွင့်ရဖို့ရုန်းကန်နေရတဲ့ ဗန်ဒီဘိခ်တစ်ယောက် ပွဲထွက်ခွင့်ရမလားဆိုတာစောင့်ကြည့်ချင်စရာပါပဲ။ ပေါ့ဘာဟာ ပြီးခဲ့တဲ့တနင်္လာနေ့က ပြင်သစ်အသင်းလေ့ကျင့်ခန်းအစီအစဉ်မှာ ဘောလုံးကန်သွင်းဖို့ကြိုးစားရင်းနဲ့ပေါင်ခြံကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်သလို သူ့ရဲ့ဒဏ်ရာအနေအထားကို စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်ပြီး ဗြိတိန်မီဒီယာတွေကတော့ (၂)လလောက်အထိအနားယူရဖို့ရှိနေတယ်လို့ ခန့်မှန်းနေကြပါတယ်။ ယူနိုက်တက်ကစားသမားဘဝတစ်လျှောက် မတည်ငြိမ်မှုတွေနဲ့ဖြတ်သန်းခဲ့ရတဲ့ ပေါ့ဘာဟာ အခုရာသီအစပိုင်းက ပရီးမီးယားလိဂ်ပွဲစဉ်(၄)ပွဲမှာ ဂိုးဖန်တီးမှု(၇)ကြိမ်အထိပြုလုပ်ပြီးခြေစွမ်းပြနိုင်ခဲ့ပေမယ့် အဲဒီနောက်ပိုင်း ပုံမှန်စွမ်းဆောင်ရည်အောက်ရောက်ခဲ့တဲ့အပြင် ပြီးခဲ့တဲ့အောက်တိုဘာလတုန်းကလီဗာပူးလ်နဲ့ပွဲမှာ တိုက်ရိုက်အနီကတ်နဲ့အထုတ်ခံခဲ့ရတာကြောင့် ဒဏ်ရာမရခဲ့ရင်လည်း ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်လို့ နိုဝင်ဘာ(၂၀)မှာကစားမယ့် ဝက်ဖို့ဒ်နဲ့အဝေးကွင်းပွဲကို လွဲချော်မှာဖြစ်ပါတယ်။