ဒဏ္ေငြက ၂၆၅ ေပါင္ေလာက္ကို အယူခံ၀င္ဦးမယ္ ဘာစီလိုနာ

PC ; AP

တိုက္စစ္မွဴးဂေရ႕ဇ္မန္းကို အက္သလက္တီကိုရဲ႕တရား၀င္ခြင့္ျပဳခ်က္မရခင္ ေဆြးေႏြးခဲ့တဲ့ ဘာစီလိုနာကို စပိန္ေဘာလံုးအဖြဲ႔ခ်ဳပ္က ျပစ္ဒဏ္ခ်မွတ္လိုက္ပါၿပီ။အိမ္ကြင္း ၁ပြဲကို ပရိသတ္မပါဘဲကစားရမယ့္ ကြင္းပိတ္ျပစ္ဒဏ္နဲ႔ေငြဒဏ္ ၂ရပ္ေပါင္းခ်မွတ္လိုက္တာပါ။ဒဏ္ေငြကေတာ့ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ထူးျခားေနပါတယ္။၂၆၅ ေပါင္ျဖစ္ေနလို႔ပါ။ၿပီးခဲ့တဲ့ေႏြရာသီ အေျပာင္းအေရႊ႔ေစ်းကြက္မွာ ဘာစီလိုနာဟာ အက္သလက္တီကိုတိုက္စစ္မွဴးဂေရ႕ဇ္မန္းကို ေျပာင္းေရႊ႔ေၾကးေပါင္ ၁၀၇သန္းနဲ႔ေခၚယူႏိုင္ခဲ့ပါတယ္။ဒါဟာ ျပင္သစ္တိုက္စစ္မွဴးအတြက္ မက္ဒရစ္အေျခစိုက္ကလပ္ကို စာခ်ဳပ္ဖ်က္ခေပးေခ်ခဲ့ရတဲ့သေဘာပါပဲ။ဒါေပမဲ့ ဂေရ႕ဇ္မန္းနဲ႔အက္သလက္တီကိုတို႔ရဲ႕ မူလစာခ်ဳပ္ဖ်က္ခက ေပါင္ သန္း ၁၈၀ ျဖစ္ေနပါတယ္။

PC ; Internet

ဒီပမာဏကေန ေလ်ာ့က်မယ့္အခ်ိန္၊တစ္နည္းအားျဖင့္ ဇူလိုင္လ ၁ရက္ေန႔ ေနာက္ပိုင္းကို ဘာစီလိုနာက တမင္လူလည္က်ၿပီး ေစာင့္ေခၚသြားတာလို႔ အက္သလက္တီကိုက ယံုၾကည္ေနပါတယ္။ဒါ့အျပင္ ဘာစီလိုနာဟာ အဲဒီကာလမွာ ေခၚယူႏိုင္ဖို႔ သူတို႔ရဲ႕ခြင့္ျပဳခ်က္မရခင္ မတ္လကတည္းက ဂေရ႕ဇ္မန္းနဲ႔ေဆြးေႏြးၿပီး သေဘာတူညီမႈရေအာင္လုပ္ထားခဲ့တယ္လို႔လည္း ယူဆထားပါတယ္။ဒါေၾကာင့္ ကက္တာလန္အေျခစိုက္ကလပ္ဆီက ေနာက္ထပ္ ေပါင္ သန္း ၇၀ရလိုေၾကာင္း တိုင္ၾကားခဲ့ေပမယ့္ စပိန္ေဘာလံုးအဖြဲ႔ခ်ဳပ္က ယူရို၃၀၀နဲ႔ကြင္းပိတ္ ၁ပြဲျပစ္ဏ္သာ ခ်မွတ္ခဲ့တာပါ။

PC ; Internet

ဒါဟာ ဂေရ႕ဇ္မန္းနဲ႔ဘာစီလိုနာ ေဆြးေႏြးခဲ့ၾကတာကို ၿပိဳင္ပြဲက်င္းပေရးေကာ္မတီက သက္ေသအေထာက္အထားမျပႏိုင္တာေၾကာင့္လို႔ သိရပါတယ္။ပိုၿပီး အံ့အားသင့္စရာေကာင္းတာက ဘာစီလိုနာဟာ သူတို႔အေပၚခ်မွတ္ထားတဲ့ ေငြဒဏ္အတြက္ အယူခံ၀င္ဖို႔ဆံုးျဖတ္ထားတယ္ ဆိုတာပါပဲ။

(unicode)

တိုက်စစ်မှူးဂရေ့ဇ်မန်းကို အက်သလက်တီကိုရဲ့တရားဝင်ခွင့်ပြုချက်မရခင် ဆွေးနွေးခဲ့တဲ့ ဘာစီလိုနာကို စပိန်ဘောလုံးအဖွဲ့ချုပ်က ပြစ်ဒဏ်ချမှတ်လိုက်ပါပြီ။အိမ်ကွင်း ၁ပွဲကို ပရိသတ်မပါဘဲကစားရမယ့် ကွင်းပိတ်ပြစ်ဒဏ်နဲ့ငွေဒဏ် ၂ရပ်ပေါင်းချမှတ်လိုက်တာပါ။ဒဏ်ငွေကတော့ အံ့အားသင့်စရာကောင်းလောက်အောင် ထူးခြားနေပါတယ်။၂၆၅ ပေါင်ဖြစ်နေလို့ပါ။ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ဘာစီလိုနာဟာ အက်သလက်တီကိုတိုက်စစ်မှူးဂရေ့ဇ်မန်းကို ပြောင်းရွှေ့ကြေးပေါင် ၁၀၇သန်းနဲ့ခေါ်ယူနိုင်ခဲ့ပါတယ်။ဒါဟာ ပြင်သစ်တိုက်စစ်မှူးအတွက် မက်ဒရစ်အခြေစိုက်ကလပ်ကို စာချုပ်ဖျက်ခပေးချေခဲ့ရတဲ့သဘောပါပဲ။ဒါပေမဲ့ ဂရေ့ဇ်မန်းနဲ့အက်သလက်တီကိုတို့ရဲ့ မူလစာချုပ်ဖျက်ခက ပေါင် သန်း ၁၈၀ ဖြစ်နေပါတယ်။ဒီပမာဏကနေ လျော့ကျမယ့်အချိန်၊တစ်နည်းအားဖြင့် ဇူလိုင်လ ၁ရက်နေ့ နောက်ပိုင်းကို ဘာစီလိုနာက တမင်လူလည်ကျပြီး စောင့်ခေါ်သွားတာလို့ အက်သလက်တီကိုက ယုံကြည်နေပါတယ်။ဒါ့အပြင် ဘာစီလိုနာဟာ အဲဒီကာလမှာ ခေါ်ယူနိုင်ဖို့ သူတို့ရဲ့ခွင့်ပြုချက်မရခင် မတ်လကတည်းက ဂရေ့ဇ်မန်းနဲ့ဆွေးနွေးပြီး သဘောတူညီမှုရအောင်လုပ်ထားခဲ့တယ်လို့လည်း ယူဆထားပါတယ်။ဒါကြောင့် ကက်တာလန်အခြေစိုက်ကလပ်ဆီက နောက်ထပ် ပေါင် သန်း ၇၀ရလိုကြောင်း တိုင်ကြားခဲ့ပေမယ့် စပိန်ဘောလုံးအဖွဲ့ချုပ်က ယူရို၃၀၀နဲ့ကွင်းပိတ် ၁ပွဲပြစ်ဏ်သာ ချမှတ်ခဲ့တာပါ။ဒါဟာ ဂရေ့ဇ်မန်းနဲ့ဘာစီလိုနာ ဆွေးနွေးခဲ့ကြတာကို ပြိုင်ပွဲကျင်းပရေးကော်မတီက သက်သေအထောက်အထားမပြနိုင်တာကြောင့်လို့ သိရပါတယ်။ပိုပြီး အံ့အားသင့်စရာကောင်းတာက ဘာစီလိုနာဟာ သူတို့အပေါ်ချမှတ်ထားတဲ့ ငွေဒဏ်အတွက် အယူခံဝင်ဖို့ဆုံးဖြတ်ထားတယ် ဆိုတာပါပဲ။