
photo-gettyimages
photo-gettyimages
မက္ဆီဟာ သူ႔ကစားသမားဘ၀ရဲ႕အဆုိုးဆုံးရာသီတာထြက္နဲ႔ႀကဳံေတြ႕ေနရေပမယ့္ ကြင္းထဲက သူ႔စြမး္ေဆာင္မႈေၾကာင့္ မဟုတ္ဘဲ ဒဏ္ရာျပသနာရွိေနလို႔ ကစားႏိုင္ျခင္းမရွိတာေၾကာင့္ပါ။ အဲဒီဘာစီလိုနာအသင္းေခါငး္ေဆာင္ဟာ အခုရာသီမွာ ၉ ရက္သာႀကံ႕ခိုင္မႈရွိခဲ့ၿပီး ေျခသလုံးၾကြက္သားဒဏ္ရာေၾကာင့္လညး္ ရာသီႀကဳိကာလကို လုံးလုံးလ်ားလ်ားလြဲေခ်ာ္ခဲ့ရပါတယ္။ အခုေတာ့ သူဟာ အဂၤါညကစားခဲ့တဲ့ဗီလာရီးရဲလ္နဲ႔ပြဲမွာ ရရွိခဲ့တ့ဲဒဏ္ရာေၾကာင့္ ဘယ္ေလာက္ထပ္နားရမလဲ မသိေသးပါဘူး။
photo-gettyimages
ေႏြရာသီကာလမွာ ရရွိခဲ့တဲ့ေျခသလုံးဒဏ္ရာေၾကာင့္ မက္ဆီဟာ ဘာစီလုိနာရဲ႕အေမရိကန္ခရီးစဥ္ကို လုိက္ပါႏိုင္ျခင္းမရွိသလို ရာသီအစ လာလီဂါ ၄ ပြဲစလုံးကိုလည္း လြဲေခ်ာ္ခဲ့ရပါတယ္။ သူဟာ ေဒါ့မန္နဲ႔ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္မွာ ျပန္လည္ကစားႏိုင္ခဲ့ေပမယ့္ အဲဒီမတိုင္ခင္ ၄၂ ရက္ေတာင္ နားထားရတာပါ။ အဲဒီအာဂ်င္တီးနားတုိက္စစ္မႈးဟာ ၿပီးခဲ့တဲ့အပတ္ ဂရန္နာဒါနဲ႔ပဲြမွာ ဒုတိယပိုင္းလူစား၀င္အျဖစ္ ၀င္ေရာက္ကစားႏိုင္ခဲ့ေပမယ့္ ဗီလာရီးရဲလ္နဲ႔ပြဲမွာေတာ့ ပထမပိုင္းအၿပီးမွာတင္ လူစားလဲျခင္းခံလိုက္ရပါတယ္။ အခုေတာ့ လာမယ့္စေနကစားမယ့္ ဂီတာေဖးနဲ႔ပြဲကိုလည္း လြဲေခ်ာ္ဖုိ႔ ေသခ်ာသေလာက္ျဖစ္ေနပါၿပီ။
photo-gettyimages
သူ႔ကစားသမားဘ၀ရဲ႕အဆုိးရြားဆုံးရာသီတာထြက္ျဖစ္ေနေပမယ့္ မက္ဆီဟာ အရင္တုန္းကလည္း ကာလရွည္ဒဏ္ရာေတြနဲ႔ ႀကဳံခဲ့ရဖူးပါတယ္။ ေျခေခ်ာင္းရိုးက်ိဳးသြားခဲ့လို႔ မက္ဆီဟာ ၂၀၀၇-၀၈ ရာသီတုန္းက ၈၇ ရက္ေတာင္ နားခဲ့ရပါတယ္။ ၂၀၀၅-၀၆၊ ၂၀၁၃-၁၄ နဲ႔ ၂၀၁၅-၁၆ ရာသီေတြမွာလည္း သူဟာ ဒဏ္ရာေတြေၾကာင့္ ရက္ ၅၀ ထက္မနည္းနားခဲ့ရပါတယ္။ ေနာက္ဆုံးဒဏ္ရာျပသနာေၾကာင့္ မက္ဆီ၊ဆြာရက္ဇ္နဲ႔ဂရစ္ဇ္မန္းတုိ႔ တိုက္စစ္ ၃ ေယာက္စလုံး ပုံမွန္အတူကစားႏိုင္ဖို႔ ထပ္ေစာင့္ရဦးမယ့္သေဘာပါပဲ။
[Unicode]
မက်ဆီဟာ သူ့ကစားသမားဘဝရဲ့အဆိုးဆုံးရာသီတာထွက်နဲ့ကြုံတွေ့နေရပေမယ့် ကွင်းထဲက သူ့စွမ်းဆောင်မှုကြောင့် မဟုတ်ဘဲ ဒဏ်ရာပြသနာရှိနေလို့ ကစားနိုင်ခြင်းမရှိတာကြောင့်ပါ။ အဲဒီဘာစီလိုနာအသင်းခေါင်းဆောင်ဟာ အခုရာသီမှာ ၉ ရက်သာကြံ့ခိုင်မှုရှိခဲ့ပြီး ခြေသလုံးကြွက်သားဒဏ်ရာကြောင့်လည်း ရာသီကြိုကာလကို လုံးလုံးလျားလျားလွဲချော်ခဲ့ရပါတယ်။ အခုတော့ သူဟာ အင်္ဂါညကစားခဲ့တဲ့ဗီလာရီးရဲလ်နဲ့ပွဲမှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် ဘယ်လောက်ထပ်နားရမလဲ မသိသေးပါဘူး။
နွေရာသီကာလမှာ ရရှိခဲ့တဲ့ခြေသလုံးဒဏ်ရာကြောင့် မက်ဆီဟာ ဘာစီလိုနာရဲ့အမေရိကန်ခရီးစဉ်ကို လိုက်ပါနိုင်ခြင်းမရှိသလို ရာသီအစ လာလီဂါ ၄ ပွဲစလုံးကိုလည်း လွဲချော်ခဲ့ရပါတယ်။ သူဟာ ဒေါ့မန်နဲ့ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ ပြန်လည်ကစားနိုင်ခဲ့ပေမယ့် အဲဒီမတိုင်ခင် ၄၂ ရက်တောင် နားထားရတာပါ။ အဲဒီအာဂျင်တီးနားတိုက်စစ်မှုးဟာ ပြီးခဲ့တဲ့အပတ် ဂရန်နာဒါနဲ့ပွဲမှာ ဒုတိယပိုင်းလူစားဝင်အဖြစ် ဝင်ရောက်ကစားနိုင်ခဲ့ပေမယ့် ဗီလာရီးရဲလ်နဲ့ပွဲမှာတော့ ပထမပိုင်းအပြီးမှာတင် လူစားလဲခြင်းခံလိုက်ရပါတယ်။ အခုတော့ လာမယ့်စနေကစားမယ့် ဂီတာဖေးနဲ့ပွဲကိုလည်း လွဲချော်ဖို့ သေချာသလောက်ဖြစ်နေပါပြီ။
သူ့ကစားသမားဘဝရဲ့အဆိုးရွားဆုံးရာသီတာထွက်ဖြစ်နေပေမယ့် မက်ဆီဟာ အရင်တုန်းကလည်း ကာလရှည်ဒဏ်ရာတွေနဲ့ ကြုံခဲ့ရဖူးပါတယ်။ ခြေချောင်းရိုးကျိုးသွားခဲ့လို့ မက်ဆီဟာ ၂၀၀၇-၀၈ ရာသီတုန်းက ၈၇ ရက်တောင် နားခဲ့ရပါတယ်။ ၂၀၀၅-၀၆၊ ၂၀၁၃-၁၄ နဲ့ ၂၀၁၅-၁၆ ရာသီတွေမှာလည်း သူဟာ ဒဏ်ရာတွေကြောင့် ရက် ၅၀ ထက်မနည်းနားခဲ့ရပါတယ်။ နောက်ဆုံးဒဏ်ရာပြသနာကြောင့် မက်ဆီ၊ဆွာရက်ဇ်နဲ့ဂရစ်ဇ်မန်းတို့ တိုက်စစ် ၃ ယောက်စလုံး ပုံမှန်အတူကစားနိုင်ဖို့ ထပ်စောင့်ရဦးမယ့်သဘောပါပဲ။