
Photo Credit
Photo Credit
အာဆင္နယ္အသင္း ကြင္းလယ္လူမက္တီအိုဂြမ္ဒိုဇီကို နည္းျပဒက္စ္ခ်မ့္က ျပင္သစ္အသင္းလူစာရင္းမွ ာထည့္သြင္းခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ ကြင္းလယ္လူေပါလ္ေပါ့ဂ္ဘာကေတာ့ ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ ႏုတ္ထြက္သြားခဲ့လုိ႔ သူ႕ေနရာမွာ ဂြမ္ဒိုဇီကို အစားထိုးေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။
Photo Credit
ယူႏုိက္တက္ၾကယ္ပြင့္ ေပါ့ဂ္ဘာဟာ ယူ႐ို ၂၀၂၀ ေျခစစ္ပြဲအျဖစ္ အယ္လ္ေဘးနီးယား၊ အန္ဒိုရာအသင္းတို႔နဲ႔ပြဲစဥ္ေတြကို လြဲေခ်ာ္ရေတာ့မွာျဖစ္ၿပီး ဂြမ္ဒိုဇီကေတာ့ ျပင္သစ္အသင္းရဲ႕လူစာရင္းမွာ ပထမဆံုးေရြးခ်ယ္ခံရတာ ျဖစ္ပါတယ္။
Photo Credit
ေပါ့ဂ္ဘာက နည္းျပဆိုးလ္ရွားရဲ႕ယူႏိုက္တက္အသင္းပြဲထြက္လူစာရင္းမွာ ပြဲစဥ္ ၄ ပြဲစလံုးပါဝင္ကစားခဲ့ၿပီး ခ်ဲလ္ဆီးအသင္းကို အႏိုင္ရခဲ့တဲ့ပြဲစဥ္၊ ေဆာက္သမ္တန္၊ ဝုဗ္တို႔ကိုသေရက်ခဲ့တဲ့ ပြဲစဥ္ေတြနဲ႔ အိမ္ကြင္းမွာပဲ ေလ့စ္အသင္းကို ၂-၁ ဂိုးနဲ႔ ႐ံႈးနိမ့္ခဲ့တဲ့ပြဲစဥ္မွာလည္းပါဝင္ ကစားခဲ့ပါတယ္။
Photo Credit
ဂြမ္ဒိုဇီကလည္း အာဆင္နယ္အသင္းရဲ႕ရာသီအစပြဲစဥ္ေတြမွာ အေရးႀကီးတဲ့အခန္းက႑ကေန ပါဝင္ခဲ့ၿပီး ယမန္ေန႔က ေတာ့တင္ဟမ္အသင္းနဲ႔ ၂-၂ ဂိုးသေရက်ခဲ့တဲ့ပြဲစဥ္မွာလည္း အသင္းအတြက္ အေကာင္းဆံုးေသာေျခစြမ္းေတြ ျပသထားခဲ့ကာ ပရိသတ္ေတြရဲ႕ခ်ီးက်ဴးျခင္းခံထားရသူပါ။
Photo Credit
ေပါ့ဂ္ဘာက ၿပီးခဲ့တဲ့စေနေန႔ကေဆာက္သမ္တန္အသင္းနဲ႔ပြဲစဥ္မွာ ေျခက်င္းဝတ္ဒဏ္ရာရရွိခဲ့ၿပီး အဆိုပါပြဲစဥ္ကလည္း ၁-၁ ဂိုးနဲ႔ သေရက်ခဲ့ကာ ယူႏိုက္တက္ဟာ ရမွတ္ေတြ ပိုမိုလိုအပ္ေနပါတယ္။
Photo Credit
လက္ရွိအခ်ိန္အထိ ႏိုင္ငံတကာပြဲစဥ္ေတြမွာ မပါဝင္ႏိုင္ေသးသလို လာမယ့္စက္တင္ဘာ ၁၄ ရက္ေန႔ အိုးလ္ထရက္ဖို႔ဒ္မွာ လက္စတာအသင္းကို ဧည့္ခံကစားမယ့္ပြဲစဥ္မွာလည္း ေပါ့ဂ္ဘာပါဝင္ႏိုင္မလားဆိုတာမသိရေသးပါဘူး။ နည္းျပဒက္စ္ခ်မ့္ရဲ႕ျပင္သစ္အသင္းဟာ ယူ႐ို ၂၀၂၀ ေျခစစ္ပြဲ ၄ ပြဲကစားၿပီးခ်ိန္မွာ ၃ ပြဲအႏိုင္ရရွိခဲ့ၿပီး ၁ ပြဲသာ႐ံႈးနိမ့္ခဲ့ကာ ဂိုးကြာျခားခ်က္နဲ႔ အမွတ္ေပးဇယားရဲ႕ထိပ္ဆံုးမွာရပ္တည္ေနပါတယ္။
Photo Credit
Unicode
ဒဏ်ရာကြောင့် နုတ်ထွက်သွားတဲ့ပေါ့ဂ်ဘာရဲ့နေရာမှာ ဂွမ်ဒိုဇီကို ပြင်သစ်အသင်း အစားထိုး
အာဆင်နယ်အသင်း ကွင်းလယ်လူမက်တီအိုဂွမ်ဒိုဇီကို နည်းပြဒက်စ်ချမ့်က ပြင်သစ်အသင်းလူစာရင်းမှ ာထည့်သွင်းခဲ့ပြီး မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူပေါလ်ပေါ့ဂ်ဘာကတော့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် နုတ်ထွက်သွားခဲ့လို့ သူ့နေရာမှာ ဂွမ်ဒိုဇီကို အစားထိုးရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ကြယ်ပွင့် ပေါ့ဂ်ဘာဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် အယ်လ်ဘေးနီးယား၊ အန်ဒိုရာအသင်းတို့နဲ့ပွဲစဉ်တွေကို လွဲချော်ရတော့မှာဖြစ်ပြီး ဂွမ်ဒိုဇီကတော့ ပြင်သစ်အသင်းရဲ့လူစာရင်းမှာ ပထမဆုံးရွေးချယ်ခံရတာ ဖြစ်ပါတယ်။
ပေါ့ဂ်ဘာက နည်းပြဆိုးလ်ရှားရဲ့ယူနိုက်တက်အသင်းပွဲထွက်လူစာရင်းမှာ ပွဲစဉ် ၄ ပွဲစလုံးပါဝင်ကစားခဲ့ပြီး ချဲလ်ဆီးအသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်၊ ဆောက်သမ်တန်၊ ဝုဗ်တို့ကိုသရေကျခဲ့တဲ့ ပွဲစဉ်တွေနဲ့ အိမ်ကွင်းမှာပဲ လေ့စ်အသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာလည်းပါဝင် ကစားခဲ့ပါတယ်။
ဂွမ်ဒိုဇီကလည်း အာဆင်နယ်အသင်းရဲ့ရာသီအစပွဲစဉ်တွေမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး ယမန်နေ့က တော့တင်ဟမ်အသင်းနဲ့ ၂-၂ ဂိုးသရေကျခဲ့တဲ့ပွဲစဉ်မှာလည်း အသင်းအတွက် အကောင်းဆုံးသောခြေစွမ်းတွေ ပြသထားခဲ့ကာ ပရိသတ်တွေရဲ့ချီးကျူးခြင်းခံထားရသူပါ။
ပေါ့ဂ်ဘာက ပြီးခဲ့တဲ့စနေနေ့ကဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး အဆိုပါပွဲစဉ်ကလည်း ၁-၁ ဂိုးနဲ့ သရေကျခဲ့ကာ ယူနိုက်တက်ဟာ ရမှတ်တွေ ပိုမိုလိုအပ်နေပါတယ်။
လက်ရှိအချိန်အထိ နိုင်ငံတကာပွဲစဉ်တွေမှာ မပါဝင်နိုင်သေးသလို လာမယ့်စက်တင်ဘာ ၁၄ ရက်နေ့ အိုးလ်ထရက်ဖို့ဒ်မှာ လက်စတာအသင်းကို ဧည့်ခံကစားမယ့်ပွဲစဉ်မှာလည်း ပေါ့ဂ်ဘာပါဝင်နိုင်မလားဆိုတာမသိရသေးပါဘူး။
နည်းပြဒက်စ်ချမ့်ရဲ့ပြင်သစ်အသင်းဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲ ၄ ပွဲကစားပြီးချိန်မှာ ၃ ပွဲအနိုင်ရရှိခဲ့ပြီး ၁ ပွဲသာရှုံးနိမ့်ခဲ့ကာ ဂိုးကွာခြားချက်နဲ့ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာရပ်တည်နေပါတယ်။