ဒင်ဟိုလွတ်အောင်ကူညီဖို့ ပေါင် ၃ သန်းကျော်သုံးမယ်ဆိုတာကို မက်ဆီငြင်းပယ်

photo-the sun

photo-reuters

ရော်နယ်ဒင်ဟို ထောင်ကလွတ်အောင် ကူညီဖို့ မက်ဆီက ပေါင် ၃ သန်းကျော်သုံးမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပေမယ့် ကာယကံရှင်ကစားသမားကတော့ ငြင်းပယ်လိုက်ပါတယ်။ ၃၉ နှစ်အရွယ် ဘရာဇီးကြယ်ပွင့်ဟောင်းရော်နယ်ဒင်ဟိုဟာ ပက်စ်ပို့အတုနဲ့ ပါရဂွေးနိုင်ငံထဲဝင်ရောက်ခဲ့တာကြောင့် လွန်ခဲ့တဲ့တစ်ပတ်ကျော်ကပဲ အဲဒီမှာ ဖမ်းဆီးခံခဲ့ရပြီး ထောင်ကျနေတာပါ။ လက်ရှိမှာ တရားရင်ဆိုင်နေရပြီး အမှုထင်ရှားရင် ထောင် ၆ လအထိ ကျနိုင်ပါတယ်။

photo-gettyimages

အဲဒီနောက် မက်ဆီဟာ သူ့ရဲ့ဘာစီလိုနာအသင်းဖော်ဟောင်းကိုကူညီဖို့ ထိပ်တန်းရှေ့နေ ၄ ယောက်ငှားရမ်းဖို့ စီစဉ်နေကြောင်း သတင်းတွေထွက်လာပါတယ်။ အဲဒီအတွက် တရားရေးခအနေနဲ့ မက်ဆီဟာ ပေါင် ၃.၂၅ သန်းအထိ ကုန်ကျနိုင်တယ်လို့ အဲဒီသတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

photo-sport

ဒါပေမဲ့လည်း ရော်နယ်ဒင်ဟိုရဲ့အခြေအနေအတွက် မက်ဆီတစ်ယောက်ဝမ်းနည်းနေပေမယ့် ငွေရေးကြေးရေးအရ အကူအညီပေးမှာ မဟုတ်ကြောင်း ကစားသမားရဲ့အကြံပေးတွေက အခိုင်အမာပြောကြားခဲ့တယ်လို့ ဘာစီလိုနာအခြေစိုက် Sport သတင်းစာက ဖော်ပြလိုက်ပါတယ်။ ရော်နယ်ဒင်ဟိုဟာ မက်ဆီရဲ့ဘာစီလိုနာကစားသမားဘဝအစပိုင်းမှာ များစွာအကူအညီပေးခဲ့သူဖြစ်ကာ သူတို့ကြားမှာ အထူးဆက်ဆံရေးလည်း ရှိခဲ့တာ ဖြစ်ပါတယ်။

[Zawgyi]

ဒင္ဟိုလြတ္ေအာင္ကူညီဖို႔ ေပါင္ ၃ သန္းေက်ာ္သုံးမယ္ဆိုတာကို မက္ဆီျငင္းပယ္

ေရာ္နယ္ဒင္ဟို ေထာင္ကလြတ္ေအာင္ ကူညီဖို႔ မက္ဆီက ေပါင္ ၃ သန္းေက်ာ္သုံးမယ္ဆုိတဲ့သတငး္ေတြထြက္ေပၚေနေပမယ့္ ကာယကံရွင္ကစားသမားကေတာ့ ျငင္းပယ္လိုက္ပါတယ္။ ၃၉ ႏွစ္အရြယ္ ဘရာဇီးၾကယ္ပြင့္ေဟာင္းေရာ္နယ္ဒင္ဟိုဟာ ပက္စ္ပုိ႔အတုနဲ႔ ပါရေဂြးႏိုင္ငံထဲ၀င္ေရာက္ခဲ့တာေၾကာင့္ လြန္ခဲ့တဲ့တစ္ပတ္ေက်ာ္ကပဲ အဲဒီမွာ ဖမ္းဆီးခံခဲ့ရၿပီး ေထာင္က်ေနတာပါ။ လက္ရွိမွာ တရားရင္ဆိုင္ေနရၿပီး အမႈထင္ရွားရင္ ေထာင္ ၆ လအထိ က်ႏိုင္ပါတယ္။

အဲဒီေနာက္ မက္ဆီဟာ သူ႔ရဲ႕ဘာစီလိုနာအသင္းေဖာ္ေဟာင္းကိုကူညီဖို႔ ထိပ္တန္းေရွ႕ေန ၄ ေယာက္ငွားရမ္းဖုိ႔ စီစဥ္ေနေၾကာင္း သတင္းေတြထြက္လာပါတယ္။ အဲဒီအတြက္ တရားေရးခအေနနဲ႔ မက္ဆီဟာ ေပါင္ ၃.၂၅ သန္းအထိ ကုန္က်ႏိုင္တယ္လုိ႔ အဲဒီသတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

ဒါေပမဲ့လည္း ေရာ္နယ္ဒင္ဟိုရဲ႕အေျခအေနအတြက္ မက္ဆီတစ္ေယာက္၀မ္းနည္းေနေပမယ့္ ေငြေရးေၾကးေရးအရ အကူအညီေပးမွာ မဟုတ္ေၾကာင္း ကစားသမားရဲ႕အႀကံေပးေတြက အခုိင္အမာေျပာၾကားခဲ့တယ္လုိ႔ ဘာစီလိုနာအေျခစိုက္ Sport သတင္းစာက ေဖာ္ျပလိုက္ပါတယ္။ ေရာ္နယ္ဒင္ဟုိဟာ မက္ဆီရဲ႕ဘာစီလိုနာကစားသမားဘ၀အစပိုငး္မွာ မ်ားစြာအကူအညီေပးခဲ့သူျဖစ္ကာ သူတို႔ၾကားမွာ အထူးဆက္ဆံေရးလည္း ရွိခဲ့တာ ျဖစ္ပါတယ္။