ထောင်ထဲမှာ ဖူဆယ်ပွဲကြည့်ဖို့ရှိနေတဲ့ ရော်နယ်ဒင်ဟို

photo internet
photo internet(ေထာင္ထဲက ေရာ္နယ္ဒင္ဟို)

ပါရာဂွေးကထောင်တစ်ခုထဲမှာ အဖမ်းခံနေရတဲ့ ဘရာဇီးလက်ရွေးစင်ဟောင်း ရော်နယ်ဒင်ဟိုဟာ အဲဒီထောင်ထဲမှာဘဲကျင်းပမယ့် ဖူဆယ်ပွဲကိုကြည့်ဖို့ှရှိနေတယ်လို့သိရပါတယ်။ သူဟာ အစ်ကိုလည်းဖြစ် အေးဂျင့်လည်းဖြစ်တဲ့ မိုရီရာနဲ့အတူ အဖမ်းခံနေရတာဖြစ်ပါတယ်။

သူတို့ဟာ ပတ်စ်ပို့အတုလုပ်ပြီး ပါရာဂွေးနိုင်ငံထဲကိုဝင်ရောက်မှုနဲ့ ပြီးခဲ့တဲ့တစ်ပတ်ကအဖမ်းခံထားရတာဖြစ်ပါတယ်။ ရော်နယ်ဒင်ဟိုနဲ့ သူ့အစ်ကို တို့ကို ဒဏ်ငွေနဲ့သတိပေးမှုပြုလုပ်ပြီးပြန်လွှတ်ပေးမယ်လို့ ထင်ခဲ့ကြပေမယ့် တရားရုံးကပယ်ချခဲ့တဲ့အပြင် နေအိမ်အကျယ်ချုပ်နဲ့နေထိုင်ဖို့ တောင်းဆိုချက်ကိုလည်း လက်မခံခဲ့ပါဘူး။

photo internet(သူက်ေနတဲ႔ေထာင္)

ဒါကြောင့် သူတို့နှစ်ဦးဟာ Asuncion အကျဉ်းထောင်မှာ အကျဉ်းကျခံနေရပါတယ်။ ထူးဆန်းတဲ့သတင်းကတော့ အဲဒီထောင်မှာလာမယ့် တနင်္လာနေ့ကျရင်ဖူဆယ်ပြိုင်ပွဲတစ်ခုကို လက်ခံကျင်းပသွားမှာဖြစ်ပြီး ရော်နယ်ဒင်ဟိုဟာ ပါဝင်ကစားမှာမဟုတ်ပေမယ့် ပွဲကြည့်ပရိသတ်အဖြစ်တက်ရောက်ဖို့ ရှိနေတာဖြစ်ပါတယ်။

photo internet

ထောင်မှူးဖြစ်သူ ဘလက်စ်ဗီရာကလည်း ရော်နယ်ဒင်ဟိုပါဝင်ကစားဖို့ မမျှော်လင့်ပေမယ့် သူလာကြည့်ဖို့တော့မျှော်လင့်တယ်လို့ ပြောသွားပါတယ်။ အဲဒီထောင်မှာ ဖူဆယ်ပြိုင်ပွဲကို ၆ လတစ်ကြိမ်ကျင်းပလေ့ရှိပြီး ရော်နယ်ဒင်ဟို အဖမ်းမခံရခင်ကတည်းက ကျင်းပဖို့ စီစဉ်ထားတာလို့လည်း သိရပါတယ်။

photo internet

၂၀၀၅ Ballon d’Or ဆုရှင်ဖြစ်တဲ့ ရော်နယ်ဒင်ဟိုရဲ့ထောင်ထဲကဓါတ်ပုံတွေလည်း အွန်လိုင်းမှာပျံနှံနေပြီး သူ့ပုံစံအတိုင်းအပြုံးမျက်နှာနဲ့တွေ့ခဲ့ရပါတယ်။ သူ့အတွက် ဘရာဇီးအစိုးရဘက်က ကြားဝင်ဖြေရှင်းပေးဖို့ စီစဉ်နေတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

photo internet

Zawgyi

ေထာင္ထဲမွာ ဖူဆယ္ပြဲၾကည့္ဖို႔ရွိေနတဲ႔ ေရာ္နယ္ဒင္ဟို

ပါရာေဂြးကေထာင္တစ္ခုထဲမွာ အဖမ္းခံေနရတဲ႔ ဘရာဇီးလက္ေရြးစင္ေဟာင္း ေရာ္နယ္ဒင္ဟိုဟာ အဲဒီေထာင္ထဲမွာဘဲက်င္းပမယ္႔ ဖူဆယ္ပြဲကိုၾကည့္ဖို႔ွရွိေနတယ္လို႔သိရပါတယ္။ သူဟာ အစ္ကိုလည္းျဖစ္ ေအးဂ်င့္လည္းျဖစ္တဲ႔ မိုရီရာနဲ႔အတူ အဖမ္းခံေနရတာျဖစ္ပါတယ္။

သူတို႔ဟာ ပတ္စ္ပို႔အတုလုပ္ၿပီး ပါရာေဂြးႏိုင္ငံထဲကို၀င္ေရာက္မႈနဲ႔ ၿပီးခဲ့တဲ႔တစ္ပတ္ကအဖမ္းခံထားရတာျဖစ္ပါတယ္။ ေရာ္နယ္ဒင္ဟိုနဲ႔ သူ႔အစ္ကို တို႔ကို ဒဏ္ေငြနဲ႔သတိေပးမႈျပဳလုပ္ၿပီးျပန္လႊတ္ေပးမယ္လို႔ ထင္ခဲ့ၾကေပမယ္႔ တရားရုံးကပယ္ခ်ခဲ့တဲ႔အျပင္ ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ေနထိုင္ဖို႔ ေတာင္းဆိုခ်က္ကိုလည္း လက္မခံခဲ့ပါဘူး။

ဒါေၾကာင့္ သူတို႔ႏွစ္ဦးဟာ Asuncion အက်ဥ္းေထာင္မွာ အက်ဥ္းက်ခံေနရပါတယ္။ ထူးဆန္းတဲ႔သတင္းကေတာ႔ အဲဒီေထာင္မွာလာမယ္႔ တနလၤာေန႔က်ရင္ဖူဆယ္ၿပိဳင္ပြဲတစ္ခုကို လက္ခံက်င္းပသြားမွာျဖစ္ၿပီး ေရာ္နယ္ဒင္ဟိုဟာ ပါ၀င္ကစားမွာမဟုတ္ေပမယ္႔ ပြဲၾကည့္ပရိသတ္အျဖစ္တက္ေရာက္ဖို႔ ရွိေနတာျဖစ္ပါတယ္။

ေထာင္မွဴးျဖစ္သူ ဘလက္စ္ဗီရာကလည္း ေရာ္နယ္ဒင္ဟိုပါ၀င္ကစားဖို႔ မေမွ်ာ္လင့္ေပမယ္႔ သူလာၾကည့္ဖို႔ေတာ႔ေမွ်ာ္လင့္တယ္လို႔ ေျပာသြားပါတယ္။ အဲဒီေထာင္မွာ ဖူဆယ္ၿပိဳင္ပြဲကို ၆ လတစ္ႀကိမ္က်င္းပေလ႔ရွိၿပီး ေရာ္နယ္ဒင္ဟို အဖမ္းမခံရခင္ကတည္းက က်င္းပဖို႔ စီစဥ္ထားတာလို႔လည္း သိရပါတယ္။

၂၀၀၅ Ballon d’Or ဆုရွင္ျဖစ္တဲ႔ ေရာ္နယ္ဒင္ဟိုရဲ႕ေထာင္ထဲကဓါတ္ပုံေတြလည္း အြန္လိုင္းမွာပ်ံႏွံေနၿပီး သူ႔ပုံစံအတိုင္းအၿပံဳးမ်က္ႏွာနဲ႔ေတြ႔ခဲ့ရပါတယ္။ သူ႔အတြက္ ဘရာဇီးအစိုးရဘက္က ၾကား၀င္ေျဖရွင္းေပးဖို႔ စီစဥ္ေနတယ္လို႔လည္း သတင္းေတြထြက္ေနပါတယ္။