ထောင်တွင်းဖူဆယ်ပြိုင်ပွဲမှာ ရော်နယ်ဒင်ဟိုပါဝင်ခွင့်ရမှာဖြစ်ပေမယ့် ဂိုးသွင်းခွင့်မပြုထား

photo-sport bible

photo-gettyimages

ဂန္ထဝင်ဘောလုံးသမာဟောင်းရော်နယ်ဒင်ဟိုဟာ ပါရဂွေးထောင်တွင်းက ဖူဆယ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပေမယ့် သူ့ကို ဂိုးသွင်းခွင့်မပြုထားကြောင်း သိရပါတယ်။ အဲဒီဘာစီလိုနာတိုက်စစ်မှုးဟောင်းဟာ ပြီးခဲ့တဲ့အပတ်က သူ့အစ်ကိုလည်းဖြစ်၊ အေးဂျင့်လည်းဖြစ်တဲ့ ရောဘတ်တိုဒီအဆစ်နဲ့အတူ နိုင်ငံထဲကို ပက်စ်ပို့အတုနဲ့ ဝင်ရောက်ခဲ့တယ်ဆိုပြီး ဖမ်းဆီးခြင်းခံခဲ့ရတာပါ။ အဲဒီအတွက် အာမခံမရခဲ့တာကြောင့် ရော်နယ်ဒင်ဟိုဟာ အစ်ကိုဖြစ်သူနဲ့အတူ ထောင်ထဲကနေပဲ တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

photo-social media

ဖြစ်ချင်တော့ ၃၉ နှစ်အရွယ် အဲဒီဘရာဇီးသားရောက်လာပြီး ရက်ပိုင်းအကြာမှာပဲ ထောင်တွင်းမှာ ဖူဆယ်ပြိုင်ပွဲတစ်ခု ကျင်းပဖို့ရှိနေချိန်နဲ့ တိုက်ဆိုင်နေတာပါ။ အဲဒီပြိုင်ပွဲက ၆ လ တစ်ကြိမ်ကျင်းပနေကျဖြစ်ပြီး ရော်နယ်ဒင်ဟို ထောင်ထဲရောက်မလာခင်ကတည်းက စီစဉ်ပြီးသား ဖြစ်ပါတယ်။

photo-sport bible

ပါရာဂွေးမီဒီယာတွေရဲ့အဆိုအရ ထောင်တွင်းဖူဆယ်ပြိုင်ပွဲဝင်ပြိုင်ကြမယ့် အသင်းတွေက ကပ္ပတိန်တွေဟာ ရော်နယ်ဒင်ဟိုကို ခေါ်ယူနိုင်ဖို့ အပြိုင်အဆိုင်ကြိုးပမ်းနေကြတယ်လို့ သိရပါတယ်။ အဲဒီထောင်က ရဲတွေမပါဘဲ ထောင်သားတွေချည်းကစားကြမှာဖြစ်ပြီး ၅ ယောက်တစ်သင်းပုံစံနဲ့ စုစုပေါင်း ၁၅ သင်းယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ လောလောဆယ်တော့ ရော်နယ်ဒင်ဟိုတစ်ယောက် ထောင်ထဲမှာ အဆင်ပြေနေပုံရပြီး အကျဉ်းဖော်တွေကို အော်တိုလက်မှတ်ရေးပေးနေရုံတင်မဟုတ်ဘဲ မိတ်ဆွေသစ်တွေနဲ့ အရက်အတူသောက်နေတဲ့ပုံတွေတောင် ထွက်ပေါ်နေပါတယ်။

[Zawgyi]

ေထာင္တြင္းဖူဆယ္ၿပိဳင္ပြဲမွာ ေရာ္နယ္ဒင္ဟုိပါ၀င္ခြင့္ရမွာျဖစ္ေပမယ့္ ဂုိးသြင္းခြင့္မျပဳထား

ဂႏၳ၀င္ေဘာလုံးသမာေဟာင္းေရာ္နယ္ဒင္ဟိုဟာ ပါရေဂြးေထာင္တြင္းက ဖူဆယ္ၿပိဳင္ပြဲမွာ ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ရခဲ့ေပမယ့္ သူ႔ကို ဂိုးသြင္းခြင့္မျပဳထားေၾကာင္း သိရပါတယ္။ အဲဒီဘာစီလိုနာတိုက္စစ္မႈးေဟာင္းဟာ ၿပီးခဲ့တဲ့အပတ္က သူ႔အစ္ကိုလည္းျဖစ္၊ ေအးဂ်င့္လည္းျဖစ္တဲ့ ေရာဘတ္တိုဒီအဆစ္နဲ႔အတူ ႏိုင္ငံထဲကို ပက္စ္ပုိ႔အတုနဲ႔ ၀င္ေရာက္ခဲ့တယ္ဆုိၿပီး ဖမ္းဆီးျခင္းခံခဲ့ရတာပါ။ အဲဒီအတြက္ အာမခံမရခဲ့တာေၾကာင့္ ေရာ္နယ္ဒင္ဟိုဟာ အစ္ကိုျဖစ္သူနဲ႔အတူ ေထာင္ထဲကေနပဲ တရားရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

ျဖစ္ခ်င္ေတာ့ ၃၉ ႏွစ္အရြယ္ အဲဒီဘရာဇီးသားေရာက္လာၿပီး ရက္ပိုငး္အၾကာမွာပဲ ေထာင္တြင္းမွာ ဖူဆယ္ၿပိဳင္ပြဲတစ္ခု က်င္းပဖို႔ရွိေနခ်ိန္နဲ႔ တိုက္ဆိုင္ေနတာပါ။ အဲဒီၿပိဳင္ပြဲက ၆ လ တစ္ႀကိမ္က်င္းပေနက်ျဖစ္ၿပီး ေရာ္နယ္ဒင္ဟို ေထာင္ထဲေရာက္မလာခင္ကတည္းက စီစဥ္ၿပီးသား ျဖစ္ပါတယ္။

ပါရာေဂြးမီဒီယာေတြရဲ႕အဆုိအရ ေထာင္တြင္းဖူဆယ္ၿပိဳင္ပြဲ၀င္ၿပိဳင္ၾကမယ့္ အသင္းေတြက ကပၸတိန္ေတြဟာ ေရာ္နယ္ဒင္ဟိုကို ေခၚယူႏိုင္ဖို႔ အၿပိဳင္အဆိုင္ႀကိဳးပမ္းေနၾကတယ္လို႔ သိရပါတယ္။ အဲဒီေထာင္က ရဲေတြမပါဘဲ ေထာင္သားေတြခ်ည္းကစားၾကမွာျဖစ္ၿပီး ၅ ေယာက္တစ္သင္းပုံစံနဲ႔ စုစုေပါင္း ၁၅ သင္းယွဥ္ၿပိဳင္မယ္လုိ႔ သိရပါတယ္။ ေလာေလာဆယ္ေတာ့ ေရာ္နယ္ဒင္ဟိုတစ္ေယာက္ ေထာင္ထဲမွာ အဆင္ေျပေနပုံရၿပီး အက်ဥ္းေဖာ္ေတြကို ေအာ္တိုလက္မွတ္ေရးေပးေနရုံတင္မဟုတ္ဘဲ မိတ္ေဆြသစ္ေတြနဲ႔ အရက္အတူေသာက္ေနတဲ့ပုံေတြေတာင္ ထြက္ေပၚေနပါတယ္။