ထူးထူးခြားခြားဒဏ်ရာသတင်း . .မုန်လာဥနီကိုက်မိခဲ့လို့ မေးရိုးကျိုးသွားတဲ့အတွက် ကာလရှည်အနားယူရမယ့် ဘောလုံးသမား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးသမားတွေအနေနဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာပဲဖြစ်ဖြစ်၊ ပွဲကစားနေချိန်မှာပဲဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရလေ့ရှိတာက သိပ်မထူးဆန်းပေမယ့် အခု ဆွီဒင်ဘောလုံးသမားရဲ့ ဒဏ်ရာကတော့ ကြံကြံဖန်ဖန်ဖြစ်ရတယ်လို့ပဲပြောရမယ်။

သူက တခြားသူတွေလို ဘောလုံးကစားနေရင်းဒဏ်ရာရတာမဟုတ်ဘဲ မုန်လာဥနီ ကိုက်စားနေရင်းနဲ့ မေးရိုးကျိုးသွားတာကြောင့် ရက်တော်တော်ကြာအောင်အနားယူရတော့မှာပါ။

ဒီကစားသမားက ရမ်မီကိလို့အမည်ရပြီး သူဟာ နယ်သာလန်ကလပ် ဟီရန်ဗင်းအသင်းမှာကစားနေတဲ့ ဘယ်နောက်ခံလူဖြစ်ပါတယ်။

အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူ ရမ်မီကိဟာ ဒီရာသီအစနယ်သာလန်အမှတ်ပေးပြိုင်ပွဲ(၂)ပွဲမှာ အသင်းအတွက်ပါဝင်ကစားရင်း မေးရိုးမှာဒဏ်ရာရရှိခဲ့တာကြောင့် အခုလတ်တလော ဘောလုံးသမားတွေကြားမှာရေပန်းစားနေတဲ့ ဒဏ်ရာအမြန်သက်သာလာအောင်

မုန်လာဥနီများများစားပေးရတယ်ဆိုတဲ့နည်းလမ်းအရ လေ့ကျင့်ခန်းအစီအစဉ်မှာ မုန်လာဥနီလေးကိုက်ရင်းနဲ့ လေ့ကျင့်နေတုန်း မေးရိုးကျိုးသွားခဲ့တာပါပဲ။

အဲဒီအဖြစ်အပျက်ကို ကိုယ်တိုင်မြင်လိုက်ရတဲ့ သတင်းထောက်ဖြစ်သူ Omrop Fryslan က “ရမ်မီကိဟာ ပြီးခဲ့တဲ့ပွဲတုန်းက ပြိုင်ဘက်နဲ့ထိခိုက်မိလို့ မေးရိုးမှာ ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သူက အသင်းနဲ့အတူလေ့ကျင့်ခန်းပြန်ဆင်းချိန်မှာ မုန်လာဥနီလေးကိုက်စားရင်း လေ့ကျင့်ကစားခဲ့တာပါ။

ဒါပေမဲ့ သူစားနေတဲ့ မုန်လာဥနီက တော်တော်’မာ’တယ်နဲ့တူတယ်။

သိပ်မကြာခင်မှာပဲ ‘ဂျွတ်’ဆိုပြီးတော့ သူ့ မေးရိုးကျိုးသွားတော့တာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

ဘောလုံးလောကမှာ ရမ်မီကိလိုမျိုးပဲ ထူးထူးဆန်းဆန်းဒဏ်ရာရခဲ့ဖူးတဲ့ နာမည်ကျော်တချို့ရှိခဲ့ဖူးတယ်။

ဥပမာပြောရရင် မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူ ဖာဒီနန်ဟာ တစ်ခါတုန်းက ခြေထောက်လေးဆန့်ရင်းနဲ့ Play Station ဂိမ်းကို နာရီတော်တော်ကြာအောင်ကစားခဲ့ပြီး ခြေထောက်ဆန့်တာကြာသွားလို့ ဒူးမှာထိခိုက်ဒဏ်ရာရရှိခဲ့ဖူးသလို

အင်္ဂလန်နာမည်ကြီးဂိုးသမားဖြစ်တဲ့ ဒေးဗစ်ဂျိမ်းစ်ကတော့ TV Remote ကို လှမ်းယူခဲ့တာကနေ အကြောညပ်သွားလို့ ဘောလုံးမကစားနိုင်ဘဲ အနားယူခဲ့ရတဲ့ ဟာသဆန်ဆန်အဖြစ်မျိုးတွေရှိခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ထူးထူးျခားျခားဒဏ္ရာသတင္း . .မုန္လာဥနီကိုက္မိခဲ့လို႔ ေမး႐ိုးက်ိဳးသြားတဲ့အတြက္ ကာလရွည္အနားယူရမယ့္ ေဘာလုံးသမား

ေဘာလုံးသမားေတြအေနနဲ႔ ေလ့က်င့္ခန္းအစီအစဥ္မွာပဲျဖစ္ျဖစ္၊ ပြဲကစားေနခ်ိန္မွာပဲျဖစ္ျဖစ္ ထိခိုက္ဒဏ္ရာရေလ့ရွိတာက သိပ္မထူးဆန္းေပမယ့္ အခု ဆြီဒင္ေဘာလုံးသမားရဲ႕ ဒဏ္ရာကေတာ့ ႀကံႀကံဖန္ဖန္ျဖစ္ရတယ္လို႔ပဲေျပာရမယ္။ သူက တျခားသူေတြလို ေဘာလုံးကစားေနရင္းဒဏ္ရာရတာမဟုတ္ဘဲ မုန္လာဥနီ ကိုက္စားေနရင္းနဲ႔ ေမး႐ိုးက်ိဳးသြားတာေၾကာင့္ ရက္ေတာ္ေတာ္ၾကာေအာင္အနားယူရေတာ့မွာပါ။

ဒီကစားသမားက ရမ္မီကိလို႔အမည္ရၿပီး သူဟာ နယ္သာလန္ကလပ္ ဟီရန္ဗင္းအသင္းမွာကစားေနတဲ့ ဘယ္ေနာက္ခံလူျဖစ္ပါတယ္။ အသက္(၂၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ရမ္မီကိဟာ ဒီရာသီအစနယ္သာလန္အမွတ္ေပးၿပိဳင္ပြဲ(၂)ပြဲမွာ အသင္းအတြက္ပါဝင္ကစားရင္း ေမး႐ိုးမွာဒဏ္ရာရရွိခဲ့တာေၾကာင့္ အခုလတ္တေလာ ေဘာလုံးသမားေတြၾကားမွာေရပန္းစားေနတဲ့ ဒဏ္ရာအျမန္သက္သာလာေအာင္ မုန္လာဥနီမ်ားမ်ားစားေပးရတယ္ဆိုတဲ့နည္းလမ္းအရ ေလ့က်င့္ခန္းအစီအစဥ္မွာ မုန္လာဥနီေလးကိုက္ရင္းနဲ႔ ေလ့က်င့္ေနတုန္း ေမး႐ိုးက်ိဳးသြားခဲ့တာပါပဲ။

အဲဒီအျဖစ္အပ်က္ကို ကိုယ္တိုင္ျမင္လိုက္ရတဲ့ သတင္းေထာက္ျဖစ္သူ Omrop Fryslan က “ရမ္မီကိဟာ ၿပီးခဲ့တဲ့ပြဲတုန္းက ၿပိဳင္ဘက္နဲ႔ထိခိုက္မိလို႔ ေမး႐ိုးမွာ ျပင္းျပင္းထန္ထန္ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ သူက အသင္းနဲ႔အတူေလ့က်င့္ခန္းျပန္ဆင္းခ်ိန္မွာ မုန္လာဥနီေလးကိုက္စားရင္း ေလ့က်င့္ကစားခဲ့တာပါ။ ဒါေပမဲ့ သူစားေနတဲ့ မုန္လာဥနီက ေတာ္ေတာ္’မာ’တယ္နဲ႔တူတယ္။ သိပ္မၾကာခင္မွာပဲ ‘ဂြၽတ္’ဆိုၿပီးေတာ့ သူ႔ ေမး႐ိုးက်ိဳးသြားေတာ့တာပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။ ေဘာလုံးေလာကမွာ ရမ္မီကိလိုမ်ိဳးပဲ ထူးထူးဆန္းဆန္းဒဏ္ရာရခဲ့ဖူးတဲ့ နာမည္ေက်ာ္တခ်ိဳ႕ရွိခဲ့ဖူးတယ္။

ဥပမာေျပာရရင္ မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ေနာက္ခံလူ ဖာဒီနန္ဟာ တစ္ခါတုန္းက ေျခေထာက္ေလးဆန႔္ရင္းနဲ႔ Play Station ဂိမ္းကို နာရီေတာ္ေတာ္ၾကာေအာင္ကစားခဲ့ၿပီး ေျခေထာက္ဆန႔္တာၾကာသြားလို႔ ဒူးမွာထိခိုက္ဒဏ္ရာရရွိခဲ့ဖူးသလို အဂၤလန္နာမည္ႀကီးဂိုးသမားျဖစ္တဲ့ ေဒးဗစ္ဂ်ိမ္းစ္ကေတာ့ TV Remote ကို လွမ္းယူခဲ့တာကေန အေၾကာညပ္သြားလို႔ ေဘာလုံးမကစားႏိုင္ဘဲ အနားယူခဲ့ရတဲ့ ဟာသဆန္ဆန္အျဖစ္မ်ိဳးေတြရွိခဲ့ပါတယ္။