ထူးဆန္းေထြလာအာဖရိကကမၻာရဲ႕ေနာက္ထပ္အံ့ဘနန္းလက္ေဆာင္… မာလာ၀ီမွာ အေကာင္းဆုံးကစားႏိုင္ရင္ ၾကက္အရွင္တစ္ေကာင္ရမွာတဲ့ေနာ္…

Photo Credit

Photo Credit

အာဖရိကေဘာလုံးေလာကမွာ ထူးဆန္းေထြလာျဖစ္ရပ္ေတြက သူ႕ႏိုင္ငံနဲ႔သူ အမ်ိဳးမ်ိဳးရွိေနၿပီး အခုလည္း မာလာ၀ီေဘာလုံးေလာကမွာ အံ့အားသင့္စရာေကာင္းတဲ့ျဖစ္ရပ္အျဖစ္ ပြဲစဥ္အလုိက္အေကာင္းဆုံးကစားသမားဆုရရွိသူကို ကြင္းထဲမွာပဲ အေကာင္းဆုံးဆုအျဖစ္ ၾကက္အရွင္တစ္ေကာင္ေပးတဲ့ျဖစ္ရပ္က အေတာ္ေလးေရပန္းစားေနပါတယ္။ ၿပီးခဲ့တ့ဲရက္သတၱပတ္အကုန္က Nyasa Big Bullets အသင္းတုိက္စစ္မွဴး ဟာဆန္ကာဂ်ိဳကီဟာ ကာရြန္ဂါယူႏိုက္တက္နဲ႔ပြဲမွာ အထူးေျခစြမ္းျပႏုိင္ခဲ့ၿပီးေနာက္ ပြဲစဥ္အလုိက္အေကာင္းဆုံးကစားသမားအျဖစ္ ၾကက္အရွင္တစ္ေကာင္ ရရွိခဲ့တာပါ။

Photo Credit

ေနာက္ၿပီး ပရိသတ္တစ္ဦးက မာလာ၀ီစူပါလိဂ္ကလပ္ Nyasa Big Bullets အသင္းရဲ႕ အမွတ္တံဆိပ္အေရာင္ျဖစ္တဲ့ အနီေရာင္ေတြပါ အဲဒီၾကက္မွာ ျခယ္သခဲ့ပါတယ္။ အဲဒါက ပရိသတ္ေတြရဲ႕ လက္ေဆာင္ျဖစ္ၿပီး မာလာ၀ါဒါဘီပြဲမွာ ၅ဂိုးျပတ္အႏိုင္ရခဲ့လုိ႔ ပရိသတ္ေတြလည္း အားရ၀မ္းသာျဖစ္ကာ အဲဒီလက္ေဆာင္ေပးခဲ့တာျဖစ္ပါတယ္။ ”တုိက္စစ္မွဴး ဟာဆန္ကာဂ်ိဳကီဟာ ကာရြန္ဂါယူႏုိက္တက္အသင္းကို ၅-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ၂ဂုိးသြင္းယူႏိုင္ခဲ့ၿပီး ပရိသတ္တစ္ဦးက သူ႕ကို အေကာင္းဆုံးကစားသမားအျဖစ္ ၾကက္အရွင္တစ္ေကာင္ လက္ေဆာင္ေပးခဲ့ပါတယ္”လုိ႔ Nyasa Big Bullets အသင္းက သူတုိ႔ရဲ႕ေဖ့စ္ဘြတ္ခ္မွာ ေရးသားခဲ့ပါတယ္။

Photo Credit

ေတာင္အာဖရိကမွာဆုိရင္လည္း မာမီလိုဒီဆန္ေဒါင္းအသင္းတုိက္စစ္မွဴးတစ္ဦးဟာ ပြဲစဥ္အလုိက္အေကာင္းဆုံးကစားသမားဆုအျဖစ္ အင္တာနက္ေဒတာ 5G ရရွိခဲ့သလို ဇင္ဘာေဘြမွာလည္း ပြဲစဥ္အလုိက္အေကာင္းဆုံးကစားသမားဆုရရွိသူကို ဘီယာတစ္ဖာ လက္ေဆာင္ေပးပါတယ္။

Photo Credit

ဂါနာမွာေတာ့ ပြဲစဥ္အလုိက္အေကာင္းဆုံးကစားသမားဆုရွင္ေတြက ဖိနပ္တစ္ရံစီရရွိၿပီး ေဘာ့ဆြာနာမွာလည္း ကုန္မ်ိဳးစုံထည့္ထားတဲ့ျခင္းတစ္ျခင္းရရွိပါတယ္။

Photo Credit

Unicode

ထူးဆန်းထွေလာအာဖရိကကမ္ဘာရဲ့နောက်ထပ်အံ့ဘနန်းလက်ဆောင်… မာလာဝီမှာ အကောင်းဆုံးကစားနိုင်ရင် ကြက်အရှင်တစ်ကောင်ရမှာတဲ့နော်…

အာဖရိကဘောလုံးလောကမှာ ထူးဆန်းထွေလာဖြစ်ရပ်တွေက သူ့နိုင်ငံနဲ့သူ အမျိုးမျိုးရှိနေပြီး အခုလည်း မာလာဝီဘောလုံးလောကမှာ အံ့အားသင့်စရာကောင်းတဲ့ဖြစ်ရပ်အဖြစ် ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုရရှိသူကို ကွင်းထဲမှာပဲ အကောင်းဆုံးဆုအဖြစ် ကြက်အရှင်တစ်ကောင်ပေးတဲ့ဖြစ်ရပ်က အတော်လေးရေပန်းစားနေပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်က Nyasa Big Bullets အသင်းတိုက်စစ်မှူး ဟာဆန်ကာဂျိုကီဟာ ကာရွန်ဂါယူနိုက်တက်နဲ့ပွဲမှာ အထူးခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားအဖြစ် ကြက်အရှင်တစ်ကောင် ရရှိခဲ့တာပါ။
နောက်ပြီး ပရိသတ်တစ်ဦးက မာလာဝီစူပါလိဂ်ကလပ် Nyasa Big Bullets အသင်းရဲ့ အမှတ်တံဆိပ်အရောင်ဖြစ်တဲ့ အနီရောင်တွေပါ အဲဒီကြက်မှာ ခြယ်သခဲ့ပါတယ်။ အဲဒါက ပရိသတ်တွေရဲ့ လက်ဆောင်ဖြစ်ပြီး မာလာဝါဒါဘီပွဲမှာ ၅ဂိုးပြတ်အနိုင်ရခဲ့လို့ ပရိသတ်တွေလည်း အားရဝမ်းသာဖြစ်ကာ အဲဒီလက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ”တိုက်စစ်မှူး ဟာဆန်ကာဂျိုကီဟာ ကာရွန်ဂါယူနိုက်တက်အသင်းကို ၅-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ၂ဂိုးသွင်းယူနိုင်ခဲ့ပြီး ပရိသတ်တစ်ဦးက သူ့ကို အကောင်းဆုံးကစားသမားအဖြစ် ကြက်အရှင်တစ်ကောင် လက်ဆောင်ပေးခဲ့ပါတယ်”လို့ Nyasa Big Bullets အသင်းက သူတို့ရဲ့ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။
တောင်အာဖရိကမှာဆိုရင်လည်း မာမီလိုဒီဆန်ဒေါင်းအသင်းတိုက်စစ်မှူးတစ်ဦးဟာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုအဖြစ် အင်တာနက်ဒေတာ 5G ရရှိခဲ့သလို ဇင်ဘာဘွေမှာလည်း ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုရရှိသူကို ဘီယာတစ်ဖာ လက်ဆောင်ပေးပါတယ်။ ဂါနာမှာတော့ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုရှင်တွေက ဖိနပ်တစ်ရံစီရရှိပြီး ဘော့ဆွာနာမှာလည်း ကုန်မျိုးစုံထည့်ထားတဲ့ခြင်းတစ်ခြင်းရရှိပါတယ်။