ထူးခြားတဲ့စံချိန်တွေနဲ့ မေဂျာလိဂ်ရွှေဖိနပ်ဆုရှင် ကားလို့စ်ဗီလာ

PC ; Internet

၂၀၁၉ မေဂျာလိဂ်ဘောလုံးရာသီရဲ့ပုံမှန်ရာသီကတော့ ပြီးဆုံးသွားခဲ့ပါပြီ။မတ်လ ၂ရက်နေ့ကနေ အောက်တိုဘာလ ၆ရက်နေ့အထိကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာ မေဂျာလိဂ်အမှတ်ပေးစည်းမျဉ်းအရ အကောင်းဆုံးမှတ်တမ်းတွေနဲ့အတူ Supporters’ Shield ဆုကို ဆွတ်ခူးနိုင်ခဲ့တာက လော့စ်အိန်ဂျယ်လိစ်အက်ဖ်စီအသင်းပါ။

PC ; Internet

သူတို့အတွက် နောက်ထပ်ဂုဏ်ယူစရာတစ်ခုကတော့ တိုက်စစ်မှူးကားလို့စ်ဗီလာကလည်း ၂၀၁၉ မေဂျာလိဂ်ရွှေဖိနပ်ဆုကို ရရှိခဲ့တာပါပဲ။Audi ကချီးမြှင့်တဲ့ဒီဆုကို ကားလို့စ်ဗီလာဟာ သွင်းဂိုး ၃၄ဂိုးနဲ့ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ဒါဟာ မနှစ်ကရွှေဖိနပ်ဆုရှင် အတ္တလန္တာယူနိုက်တက်တိုက်စစ်မှူးမာတီနက်ဇ်ရဲ့ ၃၁ဂိုးမှတ်တမ်းကိုကျော်ဖြတ်ပြီး သွင်းဂိုးစံချိန်သစ်နဲ့ရယူနိုင်ခဲ့တာပါ။ဒါ့အပြင် အာဆင်နယ်နဲ့ဆိုစီဒက်တိုက်စစ်မှူးဟောင်းဟာ ၁၅ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး ဂိုးပါဝင်ပတ်သက်မှု ၄၉ဂိုးနဲ့ ၂၀၁၅တုန်းက တိုရွန်တိုအက်ဖ်စီတိုက်စစ်မှူးဆီဘက်စတီယန်ဂျီအိုဗင်ကို တင်ထားတဲ့ ၃၈ ဂိုးစံချိန်ကိုချိုးဖျက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။မက္ကဆီကိုတိုက်စစ်မှူးအတွက် စံချိန်တွေနဲ့အတူ ဂုဏ်ယူစရာကောင်းခဲ့တဲ့ရာသီဖြစ်ခဲ့တာပါ။

PC ; Internet

ဘာကြောင့်လဲဆိုတော့ အဲဒီစံချိန်တွေအပြင် သူဟာ MLS Decision Day လို့ခေါ်တဲ့ နောက်ဆုံးပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့သလို ဥရောပအကောင်းဆုံးတိုက်စစ်မှူးတွေနဲ့အပြိုင် ဂိုးသွင်းစွမ်းရည်ပြနိုင်ခဲ့လို့ပါပဲ။သူ့ရဲ့ ၃၄ဂိုးဟာ ဥရောပရွှေဖိနပ်ဆုရှင်ဘာစီလိုနာတိုက်စစ်မှူးမက်ဆီ(၃၆ဂိုး)နဲ့ပီအက်စ်ဂျီတိုက်စစ်မှူးအမ်ဘာပီ(၃၃ဂိုး)တို့နောက် တတိယနေရာမှာရပ်တည်နိုင်ခဲ့တာပါ။တစ်ပွဲပျမ်းမျှသွင်းဂိုးနဲ့ကြည့်ရင်တော့ ၁.၁၀ဂိုးနှုန်းသွင်းနိုင်ခဲ့တဲ့ ကားလို့စ်ဗီလာဟာ မက်ဆီ(၁.၀၅)ရဲ့ အထက်မှာရပ်တည်နိုင်ခဲ့တာဖြစ်ပြီး တစ်ပွဲပျမ်းမျှ ၁.၁၃ဂိုးနှုန်းသွင်းနိုင်ခဲ့တဲ့ အမ်ဘာပီနဲ့အနည်းငယ်သာ ကွာနေတာတွေ့ရပါတယ်။

PC ; Internet

ဒါပေမဲ့ ဒီပမာဏဟာ မေဂျာလိဂ်သမိုင်းမှာတော့ တစ်ရာသီအတွင်း အကောင်းဆုံးတစ်ပွဲပျမ်းမျှသွင်းဂိုးနှုန်းအဖြစ် စံချိန်ဝင်သွားခဲ့ပါတယ်။ဂလက်စီတိုက်စစ်မှူးအီဘရာဟီမိုဗစ်ကလည်း တစ်ပွဲပျမ်းမျှ ၁.၀၃ဂိုးနှုန်းနဲ့ တစ်ရာသီအတွင်း ၁.ဝဂိုးနှုန်းအထက်သွင်းယူနိုင်တဲ့သူအဖြစ် ၂၀၁၉ကိုအဆုံးသတ်နိုင်ခဲ့ပေမယ့် ကားလို့စ်ဗီလာရဲ့ သွင်းဂိုးနှုန်းကိုတော့ မယှဉ်နိုင်ခဲ့ပါဘူး။

PC ; Internet

ဒါ့အပြင် မက္ကဆီကိုကြယ်ပွင့်ဟာ Audi Goals Progress ပရိုဂရမ်အရ သူ့ရဲ့သွင်းဂိုးတွေနဲ့ LAFC အကယ်ဒမီအတွက် ရန်ပုံငွေ ဒေါ်လာ ၃၄၀၀၀ ရှာဖွေပေးနိုင်ခဲ့ပါသေးတယ်။

(zawgyi)

၂၀၁၉ ေမဂ်ာလိဂ္ေဘာလံုးရာသီရဲ႕ပံုမွန္ရာသီကေတာ့ ၿပီးဆံုးသြားခဲ့ပါၿပီ။မတ္လ ၂ရက္ေန႔ကေန ေအာက္တိုဘာလ ၆ရက္ေန႔အထိက်င္းပခဲ့တဲ့ ဒီၿပိဳင္ပြဲမွာ ေမဂ်ာလိဂ္အမွတ္ေပးစည္းမ်ဥ္းအရ အေကာင္းဆံုးမွတ္တမ္းေတြနဲ႔အတူ Supporters’ Shield ဆုကို ဆြတ္ခူးႏိုင္ခဲ့တာက ေလာ့စ္အိန္ဂ်ယ္လိစ္အက္ဖ္စီအသင္းပါ။သူတို႔အတြက္ ေနာက္ထပ္ဂုဏ္ယူစရာတစ္ခုကေတာ့ တိုက္စစ္မွဴးကားလို႔စ္ဗီလာကလည္း ၂၀၁၉ ေမဂ်ာလိဂ္ေရႊဖိနပ္ဆုကို ရရွိခဲ့တာပါပဲ။Audi ကခ်ီးျမွင့္တဲ့ဒီဆုကို ကားလို႔စ္ဗီလာဟာ သြင္းဂိုး ၃၄ဂိုးနဲ႔ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။ဒါဟာ မႏွစ္ကေရႊဖိနပ္ဆုရွင္ အတၱလႏာၱယူႏိုက္တက္တိုက္စစ္မွဴးမာတီနက္ဇ္ရဲ႕ ၃၁ဂိုးမွတ္တမ္းကိုေက်ာ္ျဖတ္ၿပီး သြင္းဂိုးစံခ်ိန္သစ္နဲ႔ရယူႏိုင္ခဲ့တာပါ။ဒါ့အျပင္ အာဆင္နယ္နဲ႔ဆိုစီဒက္တိုက္စစ္မွဴးေဟာင္းဟာ ၁၅ဂိုးဖန္တီးေပးႏိုင္ခဲ့ၿပီး ဂိုးပါ၀င္ပတ္သက္မႈ ၄၉ဂိုးနဲ႔ ၂၀၁၅တုန္းက တိုရြန္တိုအက္ဖ္စီတိုက္စစ္မွဴးဆီဘက္စတီယန္ဂ်ီအိုဗင္ကို တင္ထားတဲ့ ၃၈ ဂိုးစံခ်ိန္ကိုခ်ိဳးဖ်က္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။မကၠဆီကိုတိုက္စစ္မွဴးအတြက္ စံခ်ိန္ေတြနဲ႔အတူ ဂုဏ္ယူစရာေကာင္းခဲ့တဲ့ရာသီျဖစ္ခဲ့တာပါ။ဘာေၾကာင့္လဲဆိုေတာ့ အဲဒီစံခ်ိန္ေတြအျပင္ သူဟာ MLS Decision Day လို႔ေခၚတဲ့ ေနာက္ဆံုးပြဲစဥ္မွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့သလို ဥေရာပအေကာင္းဆံုးတိုက္စစ္မွဴးေတြနဲ႔အၿပိဳင္ ဂိုးသြင္းစြမ္းရည္ျပႏိုင္ခဲ့လို႔ပါပဲ။သူ႔ရဲ႕ ၃၄ဂိုးဟာ ဥေရာပေရႊဖိနပ္ဆုရွင္ဘာစီလိုနာတိုက္စစ္မွဴးမက္ဆီ(၃၆ဂိုး)နဲ႔ပီအက္စ္ဂ်ီတိုက္စစ္မွဴးအမ္ဘာပီ(၃၃ဂိုး)တို႔ေနာက္ တတိယေနရာမွာရပ္တည္ႏိုင္ခဲ့တာပါ။တစ္ပြဲပ်မ္းမွ်သြင္းဂိုးနဲ႔ၾကည့္ရင္ေတာ့ ၁.၁၀ဂိုးႏႈန္းသြင္းႏိုင္ခဲ့တဲ့ ကားလို႔စ္ဗီလာဟာ မက္ဆီ(၁.၀၅)ရဲ႕ အထက္မွာရပ္တည္ႏိုင္ခဲ့တာျဖစ္ၿပီး တစ္ပြဲပ်မ္းမွ် ၁.၁၃ဂိုးႏႈန္းသြင္းႏိုင္ခဲ့တဲ့ အမ္ဘာပီနဲ႔အနည္းငယ္သာ ကြာေနတာေတြ႔ရပါတယ္။ဒါေပမဲ့ ဒီပမာဏဟာ ေမဂ်ာလိဂ္သမိုင္းမွာေတာ့ တစ္ရာသီအတြင္း အေကာင္းဆံုးတစ္ပြဲပ်မ္းမွ်သြင္းဂိုးႏႈန္းအျဖစ္ စံခ်ိန္၀င္သြားခဲ့ပါတယ္။ဂလက္စီတိုက္စစ္မွဴးအီဘရာဟီမိုဗစ္ကလည္း တစ္ပြဲပ်မ္းမွ် ၁.၀၃ဂိုးႏႈန္းနဲ႔ တစ္ရာသီအတြင္း ၁.၀ဂိုးႏႈန္းအထက္သြင္းယူႏိုင္တဲ့သူအျဖစ္ ၂၀၁၉ကိုအဆံုးသတ္ႏိုင္ခဲ့ေပမယ့္ ကားလို႔စ္ဗီလာရဲ႕ သြင္းဂိုးႏႈန္းကိုေတာ့ မယွဥ္ႏိုင္ခဲ့ပါဘူး။ဒါ့အျပင္ မကၠဆီကိုၾကယ္ပြင့္ဟာ Audi Goals Progress ပရိုဂရမ္အရ သူ႔ရဲ႕သြင္းဂိုးေတြနဲ႔ LAFC အကယ္ဒမီအတြက္ ရန္ပံုေငြ ေဒၚလာ ၃၄၀၀၀ ရွာေဖြေပးႏိုင္ခဲ့ပါေသးတယ္။