ထုံးစံအတိုင်းလွဲနေပေမယ့် ဂိုးသွင်းကောင်းနေတဲ့ တီမိုဝါနာ

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

ဂျာမနီက အိုက်စလန်ကို ၄-၀ နဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း တိုက်စစ်မှူးတီမိုဝါနာကတော့ သူ့အလုပ်ကိုသူပုံမှန်အတိုင်း အလွဲတွေနဲ့ ရှေ့ဆက်နေဆဲပါ။

ဝါနာဟာ အသင်းအတွက် ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့ပြီး ဂျာမနီအတွက် နောက်ဆုံး ၃ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း မနေ့ညကပွဲမှာ သူ့ရဲ့လွဲချော်မှုတွေကတော့ တော်တော်လေးကို အံ့အားသင့်စရာကောင်းနေခဲ့တာဖြစ်ပါတယ်။

တီမိုဝါနာ ဟာ ဂိုးပေါက်နဲ့ အနီးစပ်ဆုံးမှာရှိတဲ့ အနေအထားကနေ ပိတ်သွင်းခဲ့ရာမှာ ဂိုးဘားပေါ်ထောင်တက်သွားတာလည်းဖြစ်ပါတယ်။

ဒါဟာ တီမိုဝါနာ အတွက်တော့ ကလပ်နဲ့ နိုင်ငံအသင်းအတွက် နောက်ဆုံးလွဲချော်ခဲ့တဲ့ အကြီးမားဆုံးလွဲချော်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။

ထုံးစံအတိုင်း သူ့ရဲ့လွဲချော်မှုတွေဟာ ချက်ချင်းဆိုသလိုပဲ လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့သွားခဲ့ပါတယ်။

ပရိသတ်တွေကြားမှာ ရယ်မောစရာကောင်းတဲ့ ကစားသမားတစ်ဦးအဖြစ် ဝါနာက ရှိနေခဲ့ပြီး မနေ့ကလွဲချော်မှုတွေအတွက် ပရိသတ်တစ်ဦးကတော့ အခုလိုပဲဆိုခဲ့ပါတယ်။

“တီမိုဝါနာတစ်ယောက် ကတော့ ထုံးစံအတိုင်း တီမိုဝါနာဖြစ်နေဆဲပါ” လို့ ရေးသားခဲ့သလို နောက်တစ်ဦးက “ဘဝမှာ အသေချာဆုံးအရာ ၃ ခုရှိတယ်။

သေခြင်းတရားရယ်၊ အခွန်တွေရယ်၊ ဝါနာအဖွင့်ဂိုးလွဲတာရယ်” လို့ ဆိုပါတယ်။

အဲဒီပွဲမှာ ဂနာဘရီ၊ရူဒီဂါ၊ဆာနေးနဲ့ တီမိုဝါနာ တို့က (၁)ဂိုးစီ သွင်းယူခဲ့တာဖြစ်ပါတယ်။

ဝါနာဟာ ချယ်လ်ဆီးမှာ တော့ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေတာဖြစ်ပြီး လူကာကူကို နည်းပြတူချယ်လ်က ဦးစားပေးနေတာဖြစ်ပါတယ်။

ဂျာမနီ အသင်းဟာ နည်းပြသစ် ဟန်ဆီဖလစ် လက်ထက် ကစားခဲ့တဲ့ ခြေစစ်ပွဲ(၃)ပွဲလုံးကို ဂိုးပြတ်အနိုင်ရခဲ့ပြီး ပေးဂိုးမပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ဂျာမနီ အသင်းဟာ အုပ်စု(၆)ပွဲကစားပြီးချိန်မှာ (၅)ပွဲနိုင် (၁)ပွဲရှုံးနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

ဂျာမနီ ရဲ့နောက်မှာ အာမေးနီးယားနဲ့ ရိုမေးနီးယား တို့ရပ်တည်နေတာလည်းဖြစ်ပါတယ်။

တီမိုဝါနာ ကတော့ ဂျာမနီလက်ရွေးစင် အသင်းအတွက် (၄၅)ပွဲပါဝင်ကစားထားပြီး (၁၉)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

zawgyi






