
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘောလုံးသမားတစ်ယောက် အနားယူရင် နည်းပြဘဝကို ကူးပြောင်းကြတာများသလို တစ်ချို့လည်း ကစားသမားဘဝမှာ နာမည်ကြီးသမျှ နည်းပြဘဝရောက်မှ သုံးစားမရတော့တာမျိုးတွေရှိပါတယ်။
မော်ရင်ဟိုနဲ့ အာစင်ဝင်းဂါးတို့လို နည်းပြမျိုးတွေကြတော့လည်း ဘောလုံးတောင် ဖြောင့်အောင်မကန်တတ်ဘဲနဲ့ နည်းပြဘဝကြမှ ဂုရုကြီးတွေ ဖြစ်နေတာမျိုးလည်း ရှိပါတယ်။
ဒီလို အခြအနေတွေမှာ တစ်ချိန်က လီဗာပူးအသင်းရဲ့ ဂန္ထဝင်ကစာသမားဖြစ်ခဲ့သလို အင်္ဂလန်အသင်းခေါင်းဆောင်လည်းဖြစ်ခဲပတဲ့ ဂျရတ်ကတော့ သူနဲ့ ခေတ်ပြိုင်ကစားသမားတွေထဲမှာ ဆရာကျတယ်လို့ ပြောနိုင်ပါတယ်။
ယူနိုက်တက်အသင်းရဲ့ Class of 92 က ပေါ်စခိုးလ်နဲ့ ဂယ်ရီနဗီးလ်တို့က နည်းပြလုပ်လိုက်သေးပေမယ့် ဘာမှ မအောင်မြင်ခဲ့ဘဲ အခုအချိန်မှာ ဘေးထိုင်ဘုပြောတွေပဲဖြစ်နေပြီး ဂျရတ်ကတော့ စကော့တလန်ကလပ် ရိန်းဂျားအသင်းကို စံချိန်သစ်တွေနဲ့ ဗိုလ်စွဲအောင် စွမ်းဆောင်ပြသွားနိုင်ခဲ့ပါတယ်။
ပေါ်စခိုးလ်တို့ အုပ်စုလိုပဲ ဂျရတ်နဲ့ လီဗာပူးအသင်းဖော်တွေဖြစ်တဲ့ ပွဲခန့်မှန်းပြောင်းပြန် အိုဝင်နဲ့ ရုပ်သံတင်ဆက်သူအဖြစ် ထိုင်ပွားနေတဲ့ ကာရေ၈ါတို့ထက်လည်း ဂျရတ်ကအများကြီး သာသွားသလို ချဲလ်ဆီးက အထုတ်ခံလိုက်ရတဲ့ အင်္ဂလန်အသင်းဖော် လမ်းပတ်ထက်လည်း အများကြီး လှသွားပါပြီ။
စကော့တလန်မှာ ရိန်းဂျားစ်ဟာ အရင်တုန်းက အမှတ်ပေးချန်ပီယံဆုတွေ ရခဲ့ဖူးပေမယ့် အခု ဂျရတ်ကိုင်တွယ်တော့မှ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်တင်နိုင်ခဲ့ပါတယ်။
မတ်လ ၇ ရက်နေ့ကတည်းက ချန်ပီယံဖြစ်ဖို့ သေချာခဲ့တဲ့ ရိန်းဂျားစ်ဟာ အိမ်ကွင်းမှာကစားခဲ့တဲ့ လိဂ် ၁၉ပွဲစလုံးလည်း အနိုင်ကစားခဲ့ပါတယ်။
ရိန်းဂျားစ်ဟာ ယခုရာသီမှာ အများဆုံးရနိုင်မယ့် ၁၁၄ မှတ်ထဲကနေ ၁၀၂ မှတ်အထိ ရယူနိုင်ခဲ့ပြီး စကော့တလန်အမှတ်ပေးပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း အမှတ် ၁၀၀နဲ့အထက် ရတဲ့ပထမဆုံးကလပ်လည်း ဖြစ်လာပါတယ်။
ကိုဗစ်စည်းမျဉ်းတွေကြောင့် ကွင်းထဲမှာ ပရိသတ်တွေမရှိပေမယ့် ရိန်းဂျားစ်ပရိသတ် ရာပေါင်းများစွာဟာ စနေနေ့ နေ့လယ်ကလည်းက ကွင်းနားမှာ အောင်ပွဲခံဖို့ ရောက်နေခဲ့တာပါ။
ဂျရတ်ဟာ ရိန်းဂျားစ်နည်းပြအဖြစ် တာဝန်ယူတဲ့ တတိယမြောက်ရာသီမှာ နည်းပြဘဝတစ်လျှောက် ပထမဆုံးဆုဖလား ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ရိန်းဂျားစ်ဟာ ဒေဝါလီခံလိုက်ရပြီးနောက် ၂၀၁၂ မှာ ချန်ပီယံရှစ်ပြိုင်ပွဲကနေ ထုတ်ပယ်ခံလိုက်ရပြီး စတုတ္ထတန်းကနေ ပြန်လည်စတင်ခဲ့ရတာပါ။
အဲဒီ့အချိန်တုန်းက အခါးသီးဆုံးမြို့ခံပြိုင်ဘက် ဆဲလ်တစ်က စကော့တလန်အမှတ်ပေးချန်ပီယံဆုကို ၉ရာသီဆက် ရယူခဲ့ပေမယ့် ဒီရာသီမှာတော့ ရိန်းဂျားစ်က ဆဲလ်တစ်ကို ၂၅ မှတ်အထိ ဖြတ်နိုင်ခဲ့ပါတယ်။
ဥရောပထိပ်တန်းလိ၈်တွေမှာ ဒီရာစုနှစ်အတွင်း တစ်ရာသီလုံး ရှုံးပွဲမရှိ ကစားပြီး ချန်ပီယံဆု ၇ယူနိုင်ခဲ့တဲ့ အသင်း ၄သင်းသာရှိသေးပြီး အာဆင်နယ် (၂၀၀၃-၀၄)၊ ဂျူဗင်တပ် (၂၀၁၁-၁၂)၊ ဆဲလ်တစ် (၂၀၁၆-၁၇) နဲ့ ရိန်းဂျား (၂၀၂၀-၂၁) တို့ဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ထိုင္ပြားေနတဲ့ ဂယ္ရီနီးလ္၊ ေပါလ္စခိုး၊ ႐ြိင္ကိန္းတို႔လို ေခတ္ၿပိဳင္ေတြကို အလုပ္နဲ႔ သက္ေသျပလိုက္တဲ့ ဂ်ရတ္
ေဘာလုံးသမားတစ္ေယာက္ အနားယူရင္ နည္းျပဘဝကို ကူးေျပာင္းၾကတာမ်ားသလို တစ္ခ်ိဳ႕လည္း ကစားသမားဘဝမွာ နာမည္ႀကီးသမွ် နည္းျပဘဝေရာက္မွ သုံးစားမရေတာ့တာမ်ိဳးေတြရွိပါတယ္။ ေမာ္ရင္ဟိုနဲ႔ အာစင္ဝင္းဂါးတို႔လို နည္းျပမ်ိဳးေတြၾကေတာ့လည္း ေဘာလုံးေတာင္ ေျဖာင့္ေအာင္မကန္တတ္ဘဲနဲ႔ နည္းျပဘဝၾကမွ ဂု႐ုႀကီးေတြ ျဖစ္ေနတာမ်ိဳးလည္း ရွိပါတယ္။ ဒီလို အျခအေနေတြမွာ တစ္ခ်ိန္က လီဗာပူးအသင္းရဲ႕ ဂႏၴဝင္ကစာသမားျဖစ္ခဲ့သလို အဂၤလန္အသင္းေခါင္းေဆာင္လည္းျဖစ္ခဲပတဲ့ ဂ်ရတ္ကေတာ့ သူနဲ႔ ေခတ္ၿပိဳင္ကစားသမားေတြထဲမွာ ဆရာက်တယ္လို႔ ေျပာႏိုင္ပါတယ္။
ယူႏိုက္တက္အသင္းရဲ႕ Class of 92 က ေပၚစခိုးလ္နဲ႔ ဂယ္ရီနဗီးလ္တို႔က နည္းျပလုပ္လိုက္ေသးေပမယ့္ ဘာမွ မေအာင္ျမင္ခဲ့ဘဲ အခုအခ်ိန္မွာ ေဘးထိုင္ဘုေျပာေတြပဲျဖစ္ေနၿပီး ဂ်ရတ္ကေတာ့ စေကာ့တလန္ကလပ္ ရိန္းဂ်ားအသင္းကို စံခ်ိန္သစ္ေတြနဲ႔ ဗိုလ္စြဲေအာင္ စြမ္းေဆာင္ျပသြားႏိုင္ခဲ့ပါတယ္။
ေပၚစခိုးလ္တို႔ အုပ္စုလိုပဲ ဂ်ရတ္နဲ႔ လီဗာပူးအသင္းေဖာ္ေတြျဖစ္တဲ့ ပြဲခန႔္မွန္းေျပာင္းျပန္ အိုဝင္နဲ႔ ႐ုပ္သံတင္ဆက္သူအျဖစ္ ထိုင္ပြားေနတဲ့ ကာေရ၈ါတို႔ထက္လည္း ဂ်ရတ္ကအမ်ားႀကီး သာသြားသလို ခ်ဲလ္ဆီးက အထုတ္ခံလိုက္ရတဲ့ အဂၤလန္အသင္းေဖာ္ လမ္းပတ္ထက္လည္း အမ်ားႀကီး လွသြားပါၿပီ။
စေကာ့တလန္မွာ ရိန္းဂ်ားစ္ဟာ အရင္တုန္းက အမွတ္ေပးခ်န္ပီယံဆုေတြ ရခဲ့ဖူးေပမယ့္ အခု ဂ်ရတ္ကိုင္တြယ္ေတာ့မွ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ တစ္ရာသီလုံး ရႈံးပြဲမရွိစံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။ မတ္လ ၇ ရက္ေန႔ကတည္းက ခ်န္ပီယံျဖစ္ဖို႔ ေသခ်ာခဲ့တဲ့ ရိန္းဂ်ားစ္ဟာ အိမ္ကြင္းမွာကစားခဲ့တဲ့ လိဂ္ ၁၉ပြဲစလုံးလည္း အႏိုင္ကစားခဲ့ပါတယ္။
ရိန္းဂ်ားစ္ဟာ ယခုရာသီမွာ အမ်ားဆုံးရႏိုင္မယ့္ ၁၁၄ မွတ္ထဲကေန ၁၀၂ မွတ္အထိ ရယူႏိုင္ခဲ့ၿပီး စေကာ့တလန္အမွတ္ေပးၿပိဳင္ပြဲ သမိုင္းတစ္ေလွ်ာက္ တစ္ရာသီအတြင္း အမွတ္ ၁၀၀နဲ႔အထက္ ရတဲ့ပထမဆုံးကလပ္လည္း ျဖစ္လာပါတယ္။ ကိုဗစ္စည္းမ်ဥ္းေတြေၾကာင့္ ကြင္းထဲမွာ ပရိသတ္ေတြမရွိေပမယ့္ ရိန္းဂ်ားစ္ပရိသတ္ ရာေပါင္းမ်ားစြာဟာ စေနေန႔ ေန႔လယ္ကလည္းက ကြင္းနားမွာ ေအာင္ပြဲခံဖို႔ ေရာက္ေနခဲ့တာပါ။ ဂ်ရတ္ဟာ ရိန္းဂ်ားစ္နည္းျပအျဖစ္ တာဝန္ယူတဲ့ တတိယေျမာက္ရာသီမွာ နည္းျပဘဝတစ္ေလွ်ာက္ ပထမဆုံးဆုဖလား ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။
ရိန္းဂ်ားစ္ဟာ ေဒဝါလီခံလိုက္ရၿပီးေနာက္ ၂၀၁၂ မွာ ခ်န္ပီယံရွစ္ၿပိဳင္ပြဲကေန ထုတ္ပယ္ခံလိုက္ရၿပီး စတုတၳတန္းကေန ျပန္လည္စတင္ခဲ့ရတာပါ။ အဲဒီ့အခ်ိန္တုန္းက အခါးသီးဆုံးၿမိဳ႕ခံၿပိဳင္ဘက္ ဆဲလ္တစ္က စေကာ့တလန္အမွတ္ေပးခ်န္ပီယံဆုကို ၉ရာသီဆက္ ရယူခဲ့ေပမယ့္ ဒီရာသီမွာေတာ့ ရိန္းဂ်ားစ္က ဆဲလ္တစ္ကို ၂၅ မွတ္အထိ ျဖတ္ႏိုင္ခဲ့ပါတယ္။ ဥေရာပထိပ္တန္းလိ၈္ေတြမွာ ဒီရာစုႏွစ္အတြင္း တစ္ရာသီလုံး ရႈံးပြဲမရွိ ကစားၿပီး ခ်န္ပီယံဆု ၇ယူႏိုင္ခဲ့တဲ့ အသင္း ၄သင္းသာရွိေသးၿပီး အာဆင္နယ္ (၂၀၀၃-၀၄)၊ ဂ်ဴဗင္တပ္ (၂၀၁၁-၁၂)၊ ဆဲလ္တစ္ (၂၀၁၆-၁၇) နဲ႔ ရိန္းဂ်ား (၂၀၂၀-၂၁) တို႔ျဖစ္ပါတယ္။